CNA,HPO/CDF – Hualngoramနဲ့ CNO/CNDF တို့အကြား စစ်ရေးပဋိပက္ခတွေ ရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖို့ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ သဘောထားထုတ်ပြန်
ဇူလိုင်လ ၁၁ ရက်။ လက်တလောဖြစ်ပွားနေတဲ့ ချင်းအမျိုးသားတပ်ဦး CNA , HPO/CDF – Hualngoram နဲ့ CNO / CNDF အကြား စစ်ရေးပဋိပက္ခတွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြဖို့ တော်လှန်ရေးမှာပါဝင်တဲ့ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက ထုတ်ပြန်တဲ့ကြောင်း ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ Chinland Parliament က ဖော်ပြထားပါတယ်။ ချင်းတစ်မျိုးသားလုံး စုစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ ( CNC) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ ကာလဖြစ်သည်နဲ့အညီ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် ချင်းပြည်တစ်ရပ်လုံး ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းကြောင်း Chinland Parliament ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် စစ်အာဏာရှင်အပြီးတိုင်ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေး အင်အားစုတွေ အသက်သွေးချွေးပေးဆပ်လျက် တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေတဲ့…

