
ကလေးမြို့မှ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် ၁ ဦးအတွက် ကျပ် ၁ သိန်းအထိရှိလာ
ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် တစ်ဦး အတွက် ကားခ ကျပ် ၁ သိန်းအထိ ရှိလာကြောင်း ၊ကလေးမြို့မှ တီးတိန်မြို့ အတက်ကားခ ကျပ် ၈ သောင်းရှိလာကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရပါတယ်။ ကားခနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၃ ရက်နေ့ အထိ ကလေး-တီးတိန်-ဖလမ်း-ဟားခါး အကြားပြေးဆွဲနေတဲ့ ယာဉ်လိုင်းများကို မေးမြန်းချက်များ အရ ကလေး-ဟားခါး အတက် ခရီး အတွက် ကျပ် ၁ သိန်း (နောက်ခန်း ထိုင်ခုံများ အတွက် လျော့ဈေး ရှိ) အဆင်း ကျပ် ၈ သောင်း ရှိကြောင်း၊ ကလေး-ဖလမ်း အတက် ခရီး ကျပ် ၁…