Headlines

admin

မတူပီမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လိုတဲ့ NGO/INGO နဲ့ အခြားဘယ်အဖွဲ့မဆို CDF – Matupi (တပ်မဟာ – ၂)ဆီ ခွင့်ပြုချက်ယူရမယ်လို့ အသိပေး

မတ်လ ၂၀ ရက်။ မတူပီမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လိုတဲ့ NGO/INGO နဲ့ အခြားမည်သည့် အဖွဲ့အစည်းကမဆို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၂) တပ်မဟာရုံးမှာ ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရယူပြီးမှသာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမယ်လို့ ဒီကနေ့မတ်လ ၂၀ ရက်နေ့မှာ CDF – Matupi (တပ်မဟာ – ၁) ကထုတ်ပြန်ပါတယ်။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၂) နယ်မြေအတွင်း ပြည်သူ့ဝန်ဆောင်မှုပေးရာမှာလည်း CC/CB ဟူ၍ပြောဆိုခြင်း၊ မိမိဆန္ဒမပါဘဲ CC/CBကို အတင်းအဓ္ဓမ ထောက်ခံစေခြင်း၊ အခွင့်အရေးနှင့်ပြည်သူကို စည်းရုံး၊ စည်းဝေးခြင်း၊ စည်းလုံးနှင့်ပြီးတဲ့ ကျေးရွာတွေ အဖွဲ့ကွဲစေခြင်းတွေကို တွေ့ရှိပါက မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို…

Read More

ကလေး-ရန်ကုန်-မန္တလေး လေယာဉ်စီးခတွေ ဈေးထပ်တက်လာတယ်လို့ သိရ

မတ်လ ၂၀ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ကလေး-ရန်ကုန်-မန္တလေး ဘက်ကို ပြေးဆွဲနေတဲ့ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ အရင်ကထက် ဈေးထပ်တက်လာတယ်လို့ လေယာဉ်လက်မှတ်ရောင်းသူတွေဆီကနေ သိရပါတယ်။ လက်ရှိ ကလေး – ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းက ၅သိန်းတစ်သောင်း အထိရှိနေပြီး ရန်ကုန် ကနေ ကလေးအပြန် လေယာဉ်လက်မှတ်က ၄သိန်းငါးသောင်းအထိ ရှိနေတယ်လို့သိရပြီး ကလေး – မန္တလေးကို ၃ သိန်းသုံးသောင်းသုံးထောင်ရှိပြီး ကလေး – မုံရွာကို ၂ သိန်းခုနှစ်သောင်းငါးထောင် ဈေးရှိတယ်လို့ သိရပါတယ်။ ကလေးမြို့က လေယာဉ်လက်မှတ်ရောင်းသူတစ်ဦးက “ကလေး – ရန်ကုန် လက်မှတ်ခက အခုလက်ရှိ ၅၁၀၀၀၀ လောက်ဖြစ်သွားတာပေါ့ အရင်က ၅ သိန်းဝန်းကျင်ကနေ အရင်ကထက် ၁ သောင်းလောက်ပြန်တက်သွားတာပေါ့ တခြားခရီးစဉ်ဈေးနှုန်းတွေလည်း…

Read More

မီဇိုရမ်ပြည်မှာကျောင်းတက်နေတဲ့ ကလေးမြို့နယ်က အသက် ၁၅ နှစ်အရွယ် ချင်းလူငယ် ၁ ဦး အိန္ဒိယ – မြန်မာ နယ်စပ် တီအိုချောင်းမှာ ရေနစ်သေဆုံးခဲ့တယ်လို့ သိရ

မတ်လ ၂၀ ရက်။ မီဇိုရမ်ပြည်မှာ ကျောင်းတက်ရင်း နွေရာသီကျောင်းပိတ်ရက် နေရပ်ခဏပြန်လာတဲ့ စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာနေ Lalnunhliama အမည်ရှိ အသက် ၁၅ နှစ်အရွယ်ချင်းလူငယ်ဟာ အိန္ဒိယ – မြန်မာ နယ်စပ် တီအိုချောင်း(Tio)မှာ မနေ့က မတ်လ ၁၉ ရက်နေ့မှာ ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Lalnunhliama ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ ကျောင်းတက်နေသူဖြစ်ပြီး နွေရာသီကျောင်းပိတ်ရက် နေရပ်ပြန်လာစဉ် တီအိုချောင်းမှာ ရေဆင်းချိုးရင်း မတော်တဆ ရေနစ်သေဆုံးခဲ့ရတာဖြစ်ပြီး သူ့ရုပ်အလောင်းကို ကလေးမြို့ တာဟန်းမှာ သဂြိုလ်ဖို့ သယ်သွားကြပြီလို့လည်း သိရပါတယ်။ သေဆုံးသူက အိုင်ဇော်ကနေ ပြန်လာပြီး ဇိုခေါဒါရ်တည်းခိုခန်းမှာတည်းစဉ် ညနေ ၂ နာရီဝန်းကျင်လောက်မှာ သူ့သူငယ်ချင်းတွေနဲ့ တီအိုချောင်းမှာ ရေဆင်းချိုးကြရင်း စက်ကြီး…

Read More

ရောဂါဖြစ်နေတဲ့ နွားနောက်တွေအတွက် ကာကွယ်ဆေးအခမဲ့ပေးမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေး

မတ်လ ၁၉ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်ပွားနေတဲ့ နွားနောက်တွေအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေး အခမဲ့ထောက်ပံ့ပေးမှာဖြစ်တာကြောင့် ကျွဲ၊နွား၊နွားနောက် အကောင်ရေစာရင်းတွေပြုစုပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနကို ချိတ်ဆက်ပြီး သွားရောက်ထုတ်ယူကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လက်ရှိမြို့နယ်အတွင်း ဒေါင့်သန်းရောဂါဖြစ်နေတဲ့ နွားနောက်တွေရဲ့ ပိုင်ရှင်တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေါင့်သန်းရောဂါကာကွယ်ဆေး (Anthrax Vaccine) အခမဲ့ထောက်ပံ့မှာဖြစ်တာကြောင့် မိမိတို့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်မှုနယ်မြေအတွင်းက ကျွဲ၊နွား၊နွားနောက် အကောင်ရေစာရင်း တွေပြုစုပြီး မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဌာနကို ချိတ်ဆက် ထုတ်ယူဖို့ အသိပေးထားပါတယ်။ ဒါ့အပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မိမိတို့မွေးမြူထားတဲ့ နွားနောက်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ကြက် တွေဖြင့် လှုုတန်းပါဝင်ကြတဲ့ မွေးမြူရေးတောင်သူတွေကိုလည်း…

Read More

ငဖဲမြို့နယ်က တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီး

မတ်လ ၁၉ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် ပဒါန်း – မင်းဘူး ကားလမ်းဟောင်းက တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အရှိုချင်းအမျိုးသား ၆ ဦးကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အခြေအနေသိရှိသူတစ်ဦးပြောတာက “တရုတ်ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသား ၆ ယောက်ကို ၁၅ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ သိရတယ် အခုထိတော့ မလွတ်သေးဘူး။ CDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာလို့ပြောတယ်။ ACDF နဲ့ CDF အရှိုတွေက သူတို့ကို ဖမ်းတာတောင်မသိဘူး” လို့ပြောပါတယ်။ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ရဲ့ တပ်မ…

Read More

အိန္ဒိယ – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်တွေ တင်းကြပ်လွန်းတဲ့အတွက် မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်မှုများလာ

မတ်လ ၁၈ ရက်။ အခု ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစပြီးအိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်တွေကို အရမ်းတင်းကြပ်လာတဲ့အပေါ် အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်ခိုလှုံခွင့်မပေးတော့မှာတွေအတွက်ပါ စိုးရိမ်ပူပန်နေရကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေတဲ့သူတွေဆီကနေ သိရပါတယ်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) တံတားကနေ စီးပွားရေးသမားတချို့က မှောင်ခိုလုပ်ငန်းတွေ အကြီးအကျယ် လုပ်တာကြောင့် လွတ်လပ်စွာဖြတ်သန်းခွင့်ကို အိန္ဒိယဘက်က ပိုတင်းကြပ်လိုက်တာဖြစ်ပြီး ဒုက္ခတကယ်ရောက်ပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် များစွာ အခက်ခဲကြုံရတယ်လို့လည်း ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက “မြန်မာပြည်မှာနေဖို့ အဆင်မပြေတော့လို့ ကိုယ့်အသက်ရှင်ဖို့အတွက်ကို လာပြီးနေတဲ့သူတွေအတွက်တော့…

Read More

၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀ ခန့်ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ CNF ထုတ်ပြန်

မတ်လ ၁၈ ရက်။ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၂၀၂၅ ခုနှစ်၊ ၂ လတာအတွင်း စစ်ကောင်စီတပ်စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့သလို ရန်သူ့အင်အား (၃၀) ခန့်ကိုလည်း ရှင်းလင်းနိုင်တဲ့အပြင် စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မတ်လ (၂၀) ရက်​နေ့တွင်ကျ​ရောက်မည့် (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား (၇၂) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။ မတ်လ (၂၀) ရက်နေ့ဟာ…

Read More

ချင်းပြည်နယ်မှာ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စာရင်းပေးသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ၄၀၈ ဦး ရှိပြီးတက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူအနည်းဆုံးနှစ် ဖြစ်လာ

မတ်လ ၁၈ ရက်။ မတ်လ ၁၇ ရက်နေ့ကနေ စတင်ဖြေဆိုခဲ့တဲ့၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ချင်းပြည်နယ်မှာ ဖြေဆိုရန်စာရင်းပေးသွင်းသူ ၅၅၆ ဦးအနက် ဖြေဆိုသူ ကျောင်းသားကျောင်းသူ ၄၀၈ ဦး ရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြေဆိုသူ ဒုတိယ အနည်းဆုံး ပြည်နယ်ဖြစ်နေကြောင်း၊ယခုနှစ်ဟာ ချင်းပြည်နယ်ရဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအနည်းဆုံးနှစ်ဖြစ်ကြောင်း၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့နေ့စဉ်စာမေးပွဲ ဖြေဆိုမှု အခြေပြ ဇယား အရ သိရှိရပါတယ်။ ဖြေဆိုရန် စာရင်းပေးသွင်းခွင့်ကို မတ်လ ၁၆ ရက်နေ့ အထိ ပေးထားခဲ့တာကြောင့် ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာရင်း ပေးသွင်းသူ ၅၅၆ ဦးထိ ရှိခဲ့သော်လည်း ၁၄၈ ဦး (၂၆.၆၂%) ပျက်ကွက်ခဲ့ပြီး ၄၀၈ ဦးသာ ဖြစ်ဆိုခဲ့ကြောင်း ယင်း အခြေပြ…

Read More

မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်များအတွက် အကူအညီပေးဖို့အိန္ဒိယနိုင်ငံဗဟိုအစိုးရကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတောင်းဆို

မတ်လ ၁၇ ရက်။ မီဇိုရမ်ပြည်နယ်ဟာ လက်ရှိမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရတို့မှ ရွှေ့ပြောင်းဒုက္ခသည်ပေါင်း ၄၁,၀၀၀ ခန့်အတွက် ခိုလှုံရာနေရာများ ပေးနေရကာ ကြီးထွားလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီနိုင်ရေး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ကြီးချုပ် Pu Lalduhoma က အိန္ဒိယနိုင်ငံဗဟိုအစိုးရကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၇၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများကြောင့် မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခဲ့ကြပါတယ်။ ခိုလှုံသူမြန်မာဒုက္ခသည် ၃၃,၇၀၀ ကျော်ထဲမှာအမျိုးသား ၁၀,၁၁၉ ဦး၊ အမျိုးသမီး ၁၀,၇၈၂ ဦးနှင့် ကလေး ၁၂,၈၁၁ ဦးတို့ ပါဝင်ပါတယ်။ ထို့အပြင်၊ မဏိပူရပြည်နယ်မှ လူပေါင်း ၁၂၀၀၀ ခန့်ဟာ ၂၀၂၃ ခုနှစ် မေလမှာ အကြမ်းဖက်မှုများ…

Read More

နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကျင်းပတော့မယ့် ၂၀၂၅ ရွေးကောက်ပွဲ

မိုင်မိုင်(ဇလပ်မြေ) နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီကကြိုးပမ်းအားထုတ်နေတဲ့၂၀၂၅ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကိုအနည်းနဲ့အများတော့အကျိုးသက်ရောက်မှုရှိလာတော့မှာပါ။ “အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစိုးရနှင့်ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သည်ကို ပြောကြားလိုတယ်” လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ် ၁၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲကို အခုနှစ် ၂၀၂၅ ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ…

Read More