ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့ရင် ချက်ခြင်းပြန်လည် ရုတ်သိမ်းဖို့ CDF – Kanpetlet အသိပေးထုတ်ပြန်
ဇူလိုင်လ ၁၉ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရှိခဲ့ရင် ချက်ခြင်းပြန်လည်ရုတ်သိမ်းပေးဖို့ ကန်ပက်လက်မြို့ကိုထိန်းချုပ်ထားတဲ့ Chin Defense Force – Kanpetlet ( CDF – Kanpetlet) က ဒီကနေ့ဇူလိုင်လိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလိုအပ်ချက်အရ တာဝန်ဖြင့် လှုပ်ရှားသွားလာတဲ့ CDF – Kanpetlet တပ်ဖွဲ့ဝင်တွေကို CDF – Daai ထိန်းချုပ် နယ်မြေအတွင်းကျူးကျော် စစ်ကြောင်းထိုးနေတယ်လို့ Daai Reginal CounciL (DRC) အမည်နဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်တာဟာ မဟုတ်မမှန် ထုတ်ပြန်တာဖြစ်ပြီး CDF – Kanpetlet အနေနဲ့ ကန်ပက်လက်မြို့နယ်အတွင်း လှုပ်ရှားသွားလာနေခြင်းဖြစ်ပြီး…

