Headlines

admin

ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကြားက ပဋိပက္ခလျှော့ချနိုင်ရေး ChinSoliidarityNow online လူထုလှုပ်ရှားမှု ပြုလုပ်မယ်

ဇူလိုင်လ ၂၆ ရက်။ ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ChinSoliidarityNow online လူထုလှုပ်ရှားမှုကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ည ၇ နာရီ (မြန်မာစံတော်ချိန်) မှာ စတင်ပြီး Chin Civic Movement (CCM) ကနေ ပြုလုပ်မယ်လို့ သိရပါတယ်။ ChinSoliidarityNow online ရည်ရွယ်ချက်က ချင်းတမျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားရန်၊ ချင်းအချင်းချင်းကြား သဘောထား မတူညီမှုတွေ နဲ့ ပဋိပက္ခတွေဖြေရှင်းရာမှာ စစ်ရေးအရ ဖြေရှင်းမှုတွေ ရှောင်ရှားရန် ချင်းလူထုမှ ချင်းတော်လှန်ရေး အင်အားစုတွေကို တိုက်တွန်းခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ Chin Civic Movement (CCM)ဟာ ချင်းအရပ်ဘက်အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်များဖြင့်…

Read More

CNO နဲ့ CNF တို့အကြား မီဇိုရမ်အစိုးရက စေ့စပ်ညှိနှိုင်းပေးနေတယ်လို့ CNF ဆို

ဇူလိုင်လ ၂၅ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ၂ ဖက်တင်းမာမှုတွေဖြစ်ပွါးနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား မီဇိုရမ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးပြီး CNF/CNA အနေနဲ့လည်း သူတို့သဘောထားကို မီဇိုရမ်ပြည်နယ်အစိုးရထံ တင်ပြထားတယ်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “လက်ရှိဖလမ်းမြို့နယ် မှာ ကျနော်တို့ဘက်က တပ်စွဲထားတာ အသေးစိပ်တော့မသိဘူးပေါ့၊ ရှိရင်လည်း ယာယီပဲဖြစ်မှာပါ ။အားလုံးက ပွင့်ပွင့်လင်းလင်းညှိချင်တာပါပဲ ၊ တော်လှန်ရေးကာလမှာ တဖွဲ့နဲ့တဖွဲ့ အငြင်းမပွားဖို့ပဲ လိုချင်တယ် ။ စော ကတည်းက ကျနော်တို့က နဂိုအတိုင်းပဲ နေကြပါလို့ပြောပြီးသားလေ။ မီဇိုရမ်အစိုးရက…

Read More

မလေးရှားရောက် မြန်မာတွေ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကွာလာလမ်ပူမြို့တွင်း မလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ အထူးသတိပေး

ဇူလိုင်လ ၂၄ ရက်။ မလေးရှားနိုင်ငံရောက် မြန်မာတွေအနေနဲ့ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေ ဆန္ဒပြချီတက်တာတွေလုပ်နိုင်တာကြောင့် အထူးသဖြင့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ Merdeka Dataran နေရာတဝိုက် (သို့မဟုတ် ) ကွာလာလမ်ပူမြို့ အတွင်းမလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ Alliance of Chin Refugees (ACR) က ဇူလိုင် ၂၃ ရက်နေ့မှာ သတိပေးချက်ထုတ်ထားပါတယ်။ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေဟာ Sogo , Pasar, Seni , Masjid India နှင့် Kg Baru စတဲ့ နေရာအသီးသီးကနေ Merdeka Dataran…

Read More

မြန်မာစစ်ဘေးရှောင်တွေ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ရင် ဥပဒေအတိုင်း ထောင်ကျခံရမှာဖြစ်ပြီး ထောင်ကလွတ်လာရင်လည်း နေရပ်ပြန်ပို့ခံရမယ်ဆိုတဲ့ စည်းမျဥ်းသစ်အပါအဝင် စည်းမျဉ်းတွေ မီဇိုရမ်ပြည်မှာ ထုတ်ပြန်

ဇူလိုင်လ ၂၄ ရက်။ မြန်မာစစ်ဘေးရှောင်တွေအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ရင် ဥပဒေအတိုင်း ဖမ်းဆီးထောင်ကျခံရပြီး ပြန်လွတ်လာရင်လည်း နေရပ်ကို ပြည်နှင်ဒဏ်ပေးခံရမယ်လို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် ခရိုင် Champhai Sub – Headquarter YMA က ဇူလိုင်လ ၂၃ ရက်နေ့က မြန်မာစစ်ဘေးရှောင်တွေ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေမှာ မြန်မာစစ်ဘေးရှောင်တွေအနေနဲ့ အသင်းတော်တည်ထောင်ခွင့် မရှိတာ၊ လူမျိုးနွယ်စု အခြေခံတဲ့ အသင်းအဖွဲ့ ဖွဲ့စည်းလို့မရတာ၊ မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းသွင်းပြီး မြန်မာမှတ်ပုံတင်ကဒ်ပြားတွေကိုလည်း အပ်နှံရမှာဖြစ်ပြီး ပြောင်းရွှေ့တာတွေလုပ်ရင်လည်း YMA ကတာဝန်ရှိသူတွေထံက ထောက်ခံစာဖြင့်သာ ပြောင်းရွှေ့ဖို့ နှင့် စစ်ရှောင်တွေအနေနဲ့ အစိုးရထံ…

Read More

ကလေးမြို့မှ ချင်းတောင်သို့ ဆန်သယ်ယူခွင့်ကန့်သတ်မှု ၁၁ လ ပြည့်သည် အထိ တရားဝင် ပြန်လည် ခွင့်ပြုခြင်း မရှိသေး

ဇူလိုင်လ ၂၃ ရက်။ ကလေးမြို့အထွက်ရှိ စစ်ကောင်စီ ဂိတ်များမှ ချင်းပြည်နယ်သို့ ဆန် သယ်ယူခွင့်ကန့်သတ်မှု ၁၁ လ ပြည့်ပြီ ဖြစ်သော်လည်း တရားဝင် ပြန်လည် သယ်ဆောင်ခွင့်ပြုတာမျိုး မရှိသေးဘူး လို့ ကလေးမြို့နေ ဆန်အရောင်းအဝယ် ပြုလုပ်သူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ ကလေးမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များ ကနေ စားသောက်ကုန် ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ ကနေ စပြီး ပိတ်ပင် ကန့်သတ် ခဲ့တာ ဖြစ်ပြီး တချို့ ပိတ်ပင်ချက်တွေ ပြန်လည် လျော့ပေါ့ ပေးခဲ့သော်လည်း ဆန် သယ်ဆောင်မှုကို မူ ဆက်လက် ကန့်သတ် ခဲ့တာ…

Read More

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း စစ်မျက်နှာဖွင့်တိုက်ခိုက်မှု ၁ နှစ်ကျော်အတွင်း ၈ ကြိမ်ထက်မနည်းဖြစ်ခဲ့ကြောင်း ISP-Myanmar ထုတ်ပြန်

ဇူလိုင်လ ၂၃ ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ၂၀၂၄ ခုနှစ်ကစလို့ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ဗျူဟာမြောက် အရေးပါတဲ့ နေရာတွေကို အပြန်အလှန် စစ်မျက်နှာဖွင့်တိုက်ခိုက်ကြတဲ့ ပဋိပက္ခဖြစ်စဉ်မျိုး ၁ နှစ်ကျော်အတွင်း ၈ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလေ့လာမှုတွေကို သုတေသနပြုလုပ်နေတဲ့ ISP – Myanmar ရဲ့ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ “အက်ကြောင်းပိုနက်လာသော ချင်းတော်လှန် ရေးတပ်ဖွဲ့များ ” စာတမ်းမှာ ဖော်ပြထားပါတယ်။ ချင်းပြည်တွင် CNF/CNA အပြင် ချင်းလက်နက်ကိုင်တပ် ၂၀ ကျော်ရှိသည်။ ထိုအဖွဲ့များမှာ ၂၀၂၃ ခုနှစ်အထိ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အောက်၌ ပူးပေါင်းခဲ့ကြသည်။ မျိုးနွယ်စု ကွဲပြားမှုနှင့် နိုင်ငံရေးစုဖွဲ့ပုံ…

Read More

CDF – Mara နဲ့ MDF အကြား ဖြစ်တဲ့တိုက်ပွဲတွေမှာ AA မပါကြောင်း၊ AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း MDF ကပြော

ဇူလိုင်လ ၂၃ ရက်။ Chinlan Council အဖွဲ့ဝင် IMC / CDF – Mara တပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင် MTC / Mara Defense Force (MDF) တပ်ဖွဲ့အကြား ဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ အာရက္ခတပ်တော်(AA) မပါဝင်ကြောင်း၊AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း၊ MTC/MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က Chin World Media ကိုပြောပါတယ်။ MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President /…

Read More

ချင်းပြည်နယ်မှ ပညာရေး ဝန်ထမ်း ၂ ထောင်နီးပါး ထပ်မံ ထုတ်ပယ်ခံရကြောင်း CHRO မှ ဖော်ပြ

ဇူလိုင်လ ၂၃ ရက်။ အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်း နှင့် ရုံးများမှ အကြောင်းမဲ့ နှင့် ခွင့်မဲ့ ပျက်ကွက် နေတဲ့ သင်ကြား/စီမံ အရာထမ်း နှင့် အမှုထမ်း ၁၉၃၉ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ နဲ့ အညီ ထုတ်ပယ်လိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ရဲ့ ဇူလိုင်လ ၂၂ ရက် ဖော်ပြချက် အရ သိရှိရပါတယ်။ CHRO မှ ရရှိတဲ့ အချက်အလက်များ အရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရှိ အခြေခံပညာဦးစီးဌာန ၏ အရာထမ်း ၂၅ ဦး နှင့် အမှုထမ်း ၂၇၇၀ ဦးကို…

Read More

ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်ထား

ဇူလိုင်လ ၂၂ ရက်။ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွေ့ခန့်ထားကြောင်း ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ပြောင်းရွေ့ခန့်ထားခြင်း နှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ခန့်ထားခြင်း မြန်မာနိုင်ငံပြန်တမ်း အဖြစ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နိုင်ငံပိုင် သတင်းစာများတွင် ဇူလိုင် ၂၂ ရက်နေ့မှာဖော်ပြထားပါတယ်။ သံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်း ကို ဒုဗိုလ်မှူးကြီး ဇမ်းခန့်ထန် နှင့် ဒေါ် ဟောက်ခန့်ညောင် တို့မှ ၁၉၆၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဦးဟောက်ခန့်ဆုမ်းဟာ နေပြည်တော်ရှိ နိင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံဆိုင်ရာဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အနေဖြစ်လည်းကောင်း၊ ထိုင်းနိင်ငံရှိ မြန်မာနိင်ငံသံရုံးတွင် ညွှန်ကြားရေးမှူး အနေဖြစ် ၂၀၁၇ ထိလည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ…

Read More

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်မယ်

ဇူလိုင်လ ၂၂ ရက်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း(Grade -12)စာမေးပွဲအောင်စာရင်းတွေကို လာမယ့် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၆ နာရီ အချိန်မှာ ထုတ်ပြန်ကြေညာမယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org ကနေလည်း ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်း ၄ နာရီကစလို့ ဝင်ရောက်ကြည့်ရှုနိုင်သလို ဝေးလံဒေသတွေက စာစစ်ဌာနများနဲ့ အင်တာနက်အဆက်အသွယ် ကောင်းမွန်စွာမရရှိတဲ့ စာစစ်ဌာတွေရဲ့ အောင်စာရင်းတွေကို မြန်မာ့အသံရေဒီယိုအစီအစဉ်ကနေလည်း အောင်စာရင်း ထွက်နေ့တွင် ကြေညာပေးမယ်လို့ ဆိုပါတယ်။ အောင်စာရင်းနှင့်ပက်သက်ပြီး မရှင်းလင်းတာတွေရှိရင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၊ ဖုန်းနံပတ် (၀၁ – ၆၅၃၅၀၉…

Read More