
လက်နက်ငယ်ကျည် ပေါက်ကွဲမှုကြောင့် ကလေးမြို့မှာ စစ်ရှောင် ချင်းကလေးငယ် ညီအစ်ကို ၂ ဦး သေဆုံး
ဧပြီလ ၁၆ ရက်။ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ကလေးမြို့ တောင်ဖီလာ ရပ်ကွက် (အရပ်ခေါ် နေပြည်တော်)မှာ နေထိုင်သူ ၅ အရွယ် နှင့် ၂ နှစ်ခွဲ အရွယ် ညီအစ်ကို နှစ်ဦး ခြံထဲမှာ ဆော့ကစားစဉ် လက်နက်ငယ်ကျည်ပေါက်ကွဲမှု ဖြစ်ပွားပြီး နှစ်ယောက်စလုံး ပွဲချင်းသေဆုံး သွားခဲ့တယ် လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။ “ရပ်ကွက်ကတော့ မပေါက်ကွဲသေးတဲ့ ဒရုန်း drop bomb ဖြစ်နိုင်တယ် လို့ ထင်ကြေး ပေးထားပါတယ်။ ပေါက်ကွဲ မှု ဖြစ်ဖြစ်ချင်း စစ်သားတွေ ရောက်လာတယ်။ ကလေး နှစ်ယောက် ရဲ့ အလောင်း…