Headlines

admin

ဟားခါး-ထန်တလန်အကြားကစခန်းတွေနဲ့ထန်တလန်မြို့ကစခန်းတွေပြန်ရဖို့အတွက် စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ

  CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့မကြာသေးမီရက်ပိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားကစခန်းတွေနဲ့ထန်တလန်မြို့ကစခန်းတွေပြန်ရဖို့အတွက် ဩဂုတ်လ ၆ ရက်ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A )ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကChin World Media ကိုပြောပါတယ်။ “ထန်တလန်မြို့ထဲ စစ်ရေး ပြင်းထန်ဆဲပါ၊ ဖိုက်တာလည်းဆက်တိုက်လာနေတယ်၊ထန်တလန်က တိုက်တာ အဆောက်အဦးတွေများတော့ စကစ အတွက် ပုန်းခိုမည့်နေရာတွေ များတယ်၊ကျနော်တို့ရပြီးသားနေရာတွေကို ဗုံးကြဲနေတယ်”လို့ ဆလိုင်းထက်နီကပြောပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီးဩဂုတ်လ ပထမအပတ်အတွင်း ဟားခါး-ထန်တလန်အကြားက စစ်ကောင်စီတပ်စခန်းတွေနဲ့ထန်တလန်မြို့ထဲက စစ်ကောင်စီတပ်ရဲ့ အဓိကစခန်းဖြစ်တဲ့ ခလရ (၂၆၉) တပ်ကုန်းအပါအ၀င် ဟားခါး-ထန်တလန်းကြား စစ်ကောင်စီစခန်း ၇ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်သားတစ်ဦးလည်း လက်နက်အပြည့်အစုံဖြင့် ဩဂုတ်လ…

Read More

မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ် ကာလအတွင်း(၂၀၂၂၊ဇူလိုင်လမှ ၂၀၂၄ ၊ဇူလိုင်လ)စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊စာသင်ကျောင်း၊ ဆေးရုံနှင့် ဝတ်ပြုရာနေရာများအပါအဝင် အဆောက်အဦ ၁၃၇ လုံး ပျက်စီးခဲ့ ေကြာင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်က မင်းတပ် – မတူပီလမ်းမကြီး မိုင်တိုင်အမှတ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီ လေတပ်က အသွားအပြန်နှစ်ကြိမ်ထက်မနည်း ဗုံးကျဲ တို၊က်ခိုက်ခဲ့လို့ လူ၁ ေယာက် မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ေန အိမ် ၂ လုံးထိခိုက်ခဲ့ ေကြာင်းသိရပါတယ်။ဇူလိုင် ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နဲ့ ၅…

Read More

ဖမ်းထားတဲ့ ယာဉ်မောင်း ၁၃ ဦးကို သြဂုတ်လ ၂၃ ရက်နေ့ကျရင်ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးမယ်လို့ သိရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုက်ပွဲကာလ မြေပြင်ကန့်သတ်တားမြစ်ချက်တွေကို ချိုးဖောက်မှု၊ ပြည်သူလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်တဲ့ ရဲဘော်တွေကို ရိုက်နှက်ဆဲဆို အကြမ်းဖက်တာတွေကြောင့် ဇူလိုင်လ ၈ ရက်ကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကုန်တင်ယာဉ်မောင်း ၁၃ ဦးကို ပြစ်ဒဏ် ၄၅ ရက်ပြည့်မယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးမှာဖြစ်ကြောင်း ဒေသခံတချို့ဆီက သိရပါတယ်။ ကလေးခရိုင်၊ကလေးဝမြို့နယ် မဟာမြိုင်လမ်းပေါ်က အောင်ချမ်းသာ စစ်ကောင်စီစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဇွန်လဆန်းကစလို့ ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့စဉ် ယင်းလမ်းပေါ်မှာ စစ်ရေးအခြေအနေအရ ဖြတ်သန်းခွင့် ၁ လ အကြာ ပိတ်ခဲ့ရာတိုက်ပွဲနဲ့ သုံးမိုင်အကွာမှာ ကုန်တင်ယာဉ်အစီး ၃၀၀ နီးပါး ပိတ်မိခဲ့တယ်လို့လည်း သိရပါတယ်။ ဇူလိုင်လ ၈ ရက်က တားမြစ်ဧရိယာကို ကုန်ကားတွေ မောင်းနှင်လာလို့ တားဆီးတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို…

Read More

မြန််မာဘက်ကို တားမြစ်ကုန်တွေနဲ့ မူးယစ်ဆေးဝါးသယ်ယူတာတွေကို အရေးယူမယ်လို့ (CYLA) ထုတ်ပြန်

မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်းသယ်ယူတင်သွင်းရာမှာ တားမြစ်ကုန်တွေနဲ့မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို အရေးယူသွားမယ်လို့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က ဗဟိုလိုင် လူငယ်အဖွဲ့အစည်း(CYLA) က ဒီကနေ့ သြဂုတ်လ ( ၇) ရက်နေ့မှာ ထုတ်ပြန်တယ်လို့ သိရပါတယ်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲကနေ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာတွေကို မြန်မာဘက်ကို ရောင်းချတာတွေ မလုပ်ဖို့ ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) ကပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကစတင်လို့ ပိတ်ပင်ထားတာလည်း ဖြစ်ပြီး အဲဒီတားမြစ်ချက်ကို မလိုက်နာဘဲ သယ်ဆောင်လာသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမူလည်း တိုးလာတာတွေကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီးမိပါက တရားဥပဒေနဲ့ အညီအရေးယူနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေထံ အပ်နှံသွားမယ်လို့လည်း သိရပါတယ်။ သြဂုတ်လ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Mampui အရပ်မှာ Mampui…

Read More

ယူကေအစိုးရမှ ချီးမြှင့်သော Chevening ပညာသင်ဆုများ လျှောက်ထားနိုင်

ယူကေ(UK)နိုင်ငံတွင် ပညာလေ့လာရန် Chevening ပညာသင်ဆုလျှောက်လွှာများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ မြန်မာစံတော်ချိန်  ညနေ ၅ နာရီခွဲ၌ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများသည် မိမိတို့၏ လျှောက်လွှာများကို chevening.org/apply မှတစ်ဆင့် တင်သွင်းနိုင်ပါသည်။ Chevening ပညာသင်ဆုများကို မတူညီကွဲပြားသော နောက်ခံအခြေအနေအသီးသီးမှ အနာဂတ် ခေါင်းဆောင်များဖြစ်လာရန်အတွက် သံန္နိဋ္ဌာန်နှင့် အရည်အချင်းပြည့်ဝသူများအား ချီးမြှင့်ခြင်း ဖြစ်ပါသည်။ လျှောက်ထားသူများသည် မိမိတို့၏ နိုင်ငံအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများကို ဖန်တီးရန် လက်တွေ့ကျကျ အောင်မြင်နိုင်သည့် စိတ်ကူးစိတ်သန်းများရှိရမည်ဖြစ်သည်။ ထို့ပြင် မိမိတို့ ရွေးချယ်ထားသည့် ယူကေမဟာဘွဲ့သည် ၎င်းစိတ်ကူးများကို လက်တွေ့ဖန်တီးနိုင်အောင် မည်သို့ အထောက်အကူပြုမည်ကို ဖော်ပြနိုင်ရပါမည်။ Chevening ပညာသင်ဆုသည် ယူကေတက္ကသိုလ်ပေါင်း ၁၅၀ ကျော်တွင် အကျုံးဝင်သည့် မည်သည့်မဟာဘွဲ့ကိုမဆို တက်ရောက်လေ့လာရန်…

Read More

အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရပ်တန့်ဖို့ India For Myanmar တောင်းဆို

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး မြန်မာပြည်သူတွေအပေါ် တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar က အိန္ဒိယအစိုးရကို သြဂုတ်လ ၅ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာတွေ အပါအဝင် စစ်ကောင်စီကို ပံ့ပိုးကူညီပေးနေတာတွေ ရပ်တန့်ပေးဖို့ အပြင် လူသားချင်းစာနာမှုဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မြန်မာဒုက္ခည်တွေဟာ ၎င်းတို့ကို စစ်ကောင်စီလက်ထဲ မလွှဲအပ်ဖို့ အိန္ဒိယအစိုးရကို ယခင်ကတည်းက အစာငတ်ခံ ဆန္ဒပြခဲ့ပြီး အိန္ဒိယအစိုးရက အင်ဖာထောင်တာဝန်ရှိသူတွေနဲ့ ပြန်ညှိနှိုင်းစဉ် အစာငတ်ခံ ဆန္ဒပြတာ…

Read More

ချင်းပြည်ကျန်းမာရေးဝန်ထမ်းအဖြစ် ထမ်းဆောင်နိုင်ဖို့ သူနာပြုနှင့်ဝမ်းဆွဲအတတ်ပညာဒီပလိုမာတန်းဖွင့်လှစ်ရန်ပြင်ဆင်

Chinland Council မှဖွဲ့စည်းရွေးကောက် ထားတဲ့ ချင်းပြည်အစိုးရရဲ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာသူနာပြုနှင့်ဝမ်းဆွဲအတတ်ပညာသင်တန်းကျောင်းကောင်စီတို့ ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်း လိုအပ်တဲ့နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံခြင်း ကောင်းမွန်စေရေးအတွက် ချင်းပြည်ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက်သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစတင်ကာ ၃ နှစ်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါတယ်။   ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ဖြေရှင်းနိုင်ရေးနှင့် ချင်းပြည်၏ ပိုမိုလိုအပ်သော နေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေးအတွက် ၃ နှစ်တာ ကျန်းမာရေးဝန်ထမ်း ဒီပလိုမာတန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ချင်းပြည်အစိုးရ၊ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။ သူနာပြုနှင့် ဝမ်းဆွဲအတတ်ပညာ ဒီပလိုမာတန်းလျှောက်လွှာတွေကို သက်ဆိုင်ရာ ဒေသန္တာရအုပ်ချုပ်ရေးနှင့် ကျန်းမာရေး ကိုယ်စားလှယ်ထံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅…

Read More

ZCD ပါတီ၏ ပါတီ ဆက်လက်တည် ထောင်မှတ်ပုံတင် ပေးရန် လျှောက်ထား ချက် ရွေးကောက်ပွဲကော်မရှင် ငြင်းပယ် 

 ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (Zomi Congress for Democracy Party) ပါတီ ရဲ့ပါတီ ဆက်လက်တည်ထောင် မှတ်ပုံတင် ပေးပါရန် လျှောက်ထားချက်ကို စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ငြင်းပယ်လိုက်ကြောင်း ဩဂုတ်လ ၅ ရက်က MRTV/MWD သတင်းဌာနများမှာ သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်မှာ ZCD ပါတီ နှင့် အတူ လူ့ဘောင်သစ်ပါတီ (NSP) ကိုလည်း ငြင်းပယ်ကြောင်း ပါရှိကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စိစစ် ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒမ ၆ ပါ ပြဠာန်းချက်များ နဲ့ ညီညွတ်ခြင်း မရှိခြင်းကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ခြင်း…

Read More

အိန္ဒိယ – မြန်မာ နယ်စပ်တစ်လျှောက်မှာမကြာခဏ မြေမြုပ်မိုင်းပေါက်ကွဲနေလို့အိန္ဒိယအစိုးရဘက်က စုံစမ်းစစ်ဆေးမယ်

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မကြာခဏ မြေမြုပ်မိုင်းပေါက်ကွဲတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆေး က သြဂုတ်လ ၃ ရက်နေ့မှာ ပြောခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ် မိုင်တိုင် အမှတ် ၉၁ နဲ့ ၉၄ ကြားမှာ မြေမြုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ပွားနေတယ်လို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြခဲ့တယ်လို့လည်းသိရပါတယ်။ စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို အစီရင်ခံစာပေးပို့သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ဆိုထားပါတယ်။ စစ်ကိုင်းတိုင်း တမူးမြို့နယ်က ဒေသခံတစ်ဦးဟာလည်း နေအိမ်ကို ခဏပြန်လာစဉ် အိန္ဒိယ – မြန်မာ နယ်စပ် မိုင်တိုင် အမှတ် ၉၁ နဲ့…

Read More

ထန်တလန်မြို့က စစ်ကောင်စီတပ်ရဲ့ ၂၆၉ တပ်ကုန်း ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီလို့ သိရ

ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့  ၂၆၉ တပ်ကုန်း စခန်းကို ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF/A)    ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီလို့ သိရပါတယ်။ (CNF/A)ပြောခွင့်ရ ဆလိုင်းထက်နီက “ ၂၆၉ အထိုင်တပ်ကုန်းတော့ ရပြီ မြို့ထဲ စခန်းငယ်တချို့ကျန်သေးတယ် ရှင်းလင်းရေး ဆက်လက်လုပ်နေတယ်” လို့ Chin World Media ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဟားခါးမြို့ နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်မ ၇၇ လက်အောက်ခံ တပ်ရင်းအထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံ စခန်း အော်တိုတောင် စခန်း ၃ ခုကို  Chinland Council…

Read More