ကလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ဖမ်းဆီးတာ အရင်ကထက် ပိုဆိုးရွားလာတယ်လို့ ဒေသခံတွေပြော
ဇန်န၀ါရီလ ၁၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ရပ်ရွာလုံခြုံရေးအပြာဝတ်တွေ ပျူစောထီးတွေ၊ရဲတွေက အင်အားအများအပြားနဲ့ အရွယ်ရောက်ပြီးလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် တွေ့ရင်တွေ့တဲ့နေရာ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “အခုနောက်ပိုင်း စစ်မှုထမ်းဆွဲတာက အရင်ထက် ပိုဆိုးရွားလာတယ် အရင်က ရဲကား Brobox အဖြူနဲ့ ရဲလေး၊ ငါးယောက်နဲ့ ဆွဲတယ် ဆွဲပြီးရင် ဆိုင်ကယ်ပါရင် ဆိုင်ကယ်ကို ရဲတွေက စီးသွားတယ် စစ်မှုထမ်းပါတဲ့သူကိုတော့ သူတို့ကားထဲခေါ်သွားတယ် အခုကြတော့ အဲလိုမဟုတ်တော့ဘူး ပိုဆိုးလာတယ် ရပ်ရွာလုံခြုံရေးဆိုတဲ့ အပြာဝတ်တွေပါတယ် စစ်သားတွေတော့ လုံးဝမပါတော့ဘူး ရဲတွေပါတယ် ပျူစောထီးတွေပါတယ် ကား ၃၊ ၄ စီး အင်အားအများကြီးနဲ့ပေါ့ သူတို့ကဆွဲရင် ဆိုင်ကယ်တွေ ဖုန်းတွေ မစစ်ဘူး လူကိုဘဲ အဓိကဖမ်းတယ် မော်တော်ပီကေတွေ…

