ချင်းပြည်နယ်မှာ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့
နို၀င်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ လ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းအရေး သုတေသန လုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ( ICA ) ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်အတွင်း ဗုံးအလုံးရေ ၂၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ (၁၀)…

