ရန်ကုန်မှာပြုလုပ်မယ့် ဂျာမန်ဓာတ်ပုံဆရာ ယန့်ဇ် နှင့် ချင်းလူငယ် ပန်းချီဆရာ ဆလိုင်းနံရံတို့ရဲ့” The Soul of Southern Chin” ပြပွဲ
အောက်တိုဘာလ ၂၉ ရက်။ လာမယ့် နိုဝင်ဘာလ ၁ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန်မြို့လယ်၊ကျောက်တံတားမြို့နယ်က KaLaSa Art Spaceမှာဂျာမန်ဓာတ်ပုံဆရာ ယန့်ဇ် နှင့် ချင်းလူငယ် ပန်းချီဆရာ ဆလိုင်းနံရံတို့ပူးတွဲပြီးဓာတ်ပုံနှင့်ပန်းချီ အတွဲအဆက်ပြပွဲ”The Soul of Southern Chin” ပြပွဲကိုပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။ ပြပွဲနဲ့ပတ်သက်ပြီး ချင်းလူငယ်ပန်းချီဆရာဆလိုင်းနံရံက”ဂျာမန်သံရုံးကဦးစီးကျင်းပပေးတဲ့ ဂျာမန်ဓါတ်ပုံဆရာနဲ့ကျွန်တော်နဲ့ နှစ်ယောက်ပေါင်းပြမယ့် ဓါတ်ပုံ~ပန်းချီ ပြပွဲဖြစ်ပါတယ် မိတ်ဆွေများကြွရောက်ခံစားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ “ လို့သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။ The Soul Of Southern Chin : Vanishing Expression of Identity အမည်ရ အနုပညာပြပွဲဟာ ဂျာမန်ဓာတ်ပုံဆရာ ယန့်ဇ် နှင့် ချင်းအမျိုးသားပန်းချီဆရာ ဆလိုင်းနံရံတို့မှ ပူးတွဲတင်ဆက်ပြသတဲ့ ဓာတ်ပုံနှင့်ပန်းချီ အတွဲအဆက်ပြပွဲတစ်ပွဲဖြစ်ကာ၊ပြပွဲမှာ ပြသမယ့်ပန်းချီကားများနှင့်…

