ကလေး-တီးတိန် ပြေးဆွဲတဲ့ Shalom မော်တော်ယာဉ်လိုင်းက ဒီဇင်ဘာလအတွင်း အထူးလျော့ဈေး ကားခ ၅၅၀၀၀ ဖြင့် ပြေးဆွဲပေးနေ
ဒီဇင်ဘာလ ၅ ရက်။ ဒီဇင်ဘာလ ကနေစပြီး ကလေးမြို့ နှင့် တီးတိန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တစ်ခု ဖြစ်တဲ့ Shalom မော်တော်ယာဉ်လိုင်းက ခရစ္စမတ်ကာလ ဖြစ်တဲ့ ဒီဇင်ဘာလ အတွင်း အထူးလျော့ဈေးဖြင့် ကားခ ၁ ဦးကို ကျပ် ၅၅၀၀၀ နဲ့ပြေးဆွဲပေးနေသော်လည်း လကုန်ပါက လက်ရှိဈေးနှုန်း အတိုင်း ပြေးဆွဲ နိုင်ရန် မသေချာကြောင်း ယာဉ်လိုင်း တာဝန် ရှိသူများ ထံမှ သိရှိခဲ့ရ ပါတယ်။ “စစ်ပြေး၊ စစ်ရှောင်တွေများတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလ၊ ခရစ္စမတ် ကာလမှာ ကျွန်ုပ်တို့ ယာဉ်လိုင်းကို အားပေးသူတွေ အပေါ် ကုသိုလ် လုပ်ချင်လို့ အခုလို လုပ်တာပါ။ ခရစ္စမတ်ကာလ…

