မကွေးတိုင်း၊ငဖဲမြို့နယ်က ချင်းရွာတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး၊ဌက်ဖျားရောဂါကြောင့် ဒေသခံချင်းလူငယ်၂ ဦးသေဆုံး
နိုဝင်ဘာလ ၅ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်က အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ချင်းရွာတွေမှာ ဒီနှစ် ဖေဖော်ဝါရီလောက်ကစလို့ ယခုအချိန်အထိ ငှက်ဖျားရောဂါ အဖြစ်များနေပြီး ရိက္ခာနဲ့ဆေးဝါးတွေသယ်ယူခွင့်ကိုစစ်ကောင်စီက ရံဖန်ရံခါ ပိတ်ဆို့တာတွေကြောင့် ဒေသခံတွေ ငှက်ဖျားရောဂါကူးစက်မှုဒဏ်အလူးလဲခံစားနေရပြီး ငှက်ဖျားရောဂါနဲ့လည်း ဒေသခံ ချင်းလူငယ်အမျိုးသား ၂ ဦး သေဆုံးပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ဒေသခံတွေက ဆေးဝါးတွေကို ပဒါန်းမြို့မှာအရင်နှစ်တွေ တုန်းကဝယ်လို့ရတယ်။ ဒီနှစ်မှာ ပဒါန်းမြို့ပေါ်မှာလည်း ဆေးဝါးတွေ တော်တော်ပြတ်လပ်တယ်။ အထူးသဖြင့်အခုလို ငှက်ဖျားနဲ့ပက်သက်ပြီး တော်တော်လေးကိုမရှိဘူး။ အရင်တုန်းက ပဒါန်းမြို့က ကြိုက်တဲ့ဆိုင်မှာ ဝယ်ယူလို့ရတယ် ဒီနှစ်မှာ ဝယ်ယူလို့မရဘူး။ ပြီးရင် စစ်ကောင်စီက ဖေဖော်ဝါရီလ၊ မတ်လ၊ တွေတုန်းကစပြီးရိက္ခာနဲ့ပက်သက်ပြီး ရံဖန်ရံခါစစ်ဆေးတယ်။ ရိက္ခာတွေ၊ ဆေးဝါးတွေသယ်ယူခွင့်မပေးဘူး အဲလိုမျိုး ရံဖန်ရံခါ စစ်ဆေးတယ်။ သယ်ယူခွင့်မပေးတာမျိုးပေါ့။…

