ကျီခါးမြို့နဲ့ ပတ်ဝန်းကျင်ကို Chinland Council ပူးပေါင်းတပ်မှ ထိန်းချုပ်ထားခြင်းမရှိကြောင်းသိရ
နိုဝင်ဘာလ ၁၈ ရက်။ လက်ရှိမှာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ကျီခါးမြို့နှင့် ပတ်ဝန်းကျင်ဒေသတွေကို အပါအဝင် CNF/A ဦး ဆောင်ပြီး CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်မှ ထိန်းချုပ်ထားခြင်း မရှိဘူးလို့ ကျီခါးမြို့ခံ တစ်ဦးထံမှ သိရှိရပါတယ်။ “CNF နှင့် သူ့ရဲ့ မဟာမိတ် တပ်ဖွဲ့တွေက မေလ ၁၉ ရက်နေ့မှာ ကျီခါးမြို့ကို ရောက်လာကြတယ်။ ရဲစခန်းကို မီးရှို့လိုက်တယ်။ ဘာထိတွေ့ တိုက်ပွဲ မှ မရှိပါဘူး။ အပြန်အလှန် ပစ်ခတ်တာလဲ မရှိပါဘူး။ သူတို့ အလံ ထောင်ပြီး ပြန်လှည့်သွားကြတယ်။ သူတို့ ခဏ ရောက်လာတာက လွဲရင် ဘာမှ ထိန်းချုပ်တာ၊ အုပ်ချုပ်တာမျိုး မရှိပါဘူး” လို့ ကျီခါးမြို့ခံတစ်ဦးက…

