စစ်ကောင်စီကဖွဲ့စည်းတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကို ကန့်ကွက်ရှုတ်ချတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)ထုတ်ပြန်
နို၀င်ဘာလ ၂၂ ရက်။ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာသမားတွေကို ကိုယ်စားမပြုဘဲ စစ်ကောင်စီသက်ဆိုးရှည်ရေး ဝါဒဖြန့်ချီရေးယန္တရား ပိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကိုသတင်းမှားဖြန့်ချိရေး လုပ်ဆောင်ရန်သာဖြစ်တယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က သုံးသပ်ပြီး ကန့်ကွက်ရှုတ်ချတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် နေ့စွဲနဲ့ စစ်ကောင်စီက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှာ ဥက္ကဌအနေနဲ့ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ ဦးတင်ထွန်းဦးကို ခန့်ပြီး အတွင်းရေးမှူးကို ရေတပ်စစ်ဦးစီးချုပ်ဟောင်းရဲ့ သားဖြစ်သူ ဦးအေးချမ်းဖြစ်တာတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ သူ့အကျိုးစီးပွားကို ကာကွယ်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ လုံခြုံရေးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ မယုံကြည်တဲ့ကြောင်းကိုလည်း IPCM…

