ရေနစ်ပျောက်ဆုံးနေတဲ့ စစ်ရှောင်ပလက်ဝခရစ်ယာန်ဓမ္မဆရာရဲ့ ရုပ်အလောင်းပြန်တွေ့ပြီး ဒီကနေ့ သဂြိုလ်မယ်လို့သိရ
နိုဝင်ဘာလ ၂၇ ရက်။ ကုလားတန်မြစ်ထဲမှာ ရေနစ်ပျောက်ဆုံးနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဘောင်းဝီးကျေးရွာနေ မီဇိုရမ်ကို စစ်ရှောင်ဖို့သွားတဲ့ ခရစ်ယာန်ဓမ္မဆရာရဲ့ ရုပ်အလောင်းကို မနေ့နိုဝင်ဘာလ ၂၆ ရက်နေ့ညနေပိုင်းမှာ ကာကီးကျေးရွာအနီးတစ်နေရာမှာ ပြန်တွေ့ပြီဖြစ်ပြီး ဒီကနေ့သဂြိုလ်မယ်လို့ ပလက်ဝဒေသခံတွေဆီက သိရပါတယ်။ ဒေသခံတစ်ဦးက “အလောင်းကိုတော့ ၂ ရက်အကြာမှာ မနေ့ကပြန်တွေ့ပြီလို့သိရတယ် သူရေနစ်ပျောက်ဆုံးခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ပြန်လည်တွေ့ရှိတယ်လို့လည်း သိရတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်ဘောင်းဝီးကျေးရွာနေ ဓမ္မဆရာဦးထွန်းအောင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်ဖို့ သွားစဉ် ကုလားတန်မြစ်ထဲမှာ စက်လှေပေါ်က ပြုတ်ကျတဲ့ သမီးဖြစ်သူကို ကယ်ဆယ်ရင်း ရေနစ်ပြီး သေဆုံးရတာလည်းဖြစ်ပါတယ်။ ပလက်ဝမြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)က ဘောင်းဝီးကျေးရွာဝန်းကျင်မှာ ဖမ်းဆီးမှုတွေ၊ စစ်ဆေးမှုတွေ ခဏခဏလုပ်တာတွေကြောင့် ဘောင်းဝီးရွာက…

