
တီးတိန်မြို့မှာ ရေ ပေးဝေသူ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတဖက်ပြတ်၊ ပြည်သူ့ဆေးရုံတွင် ကုသနေ
ဩဂုတ်၂၃ ရက်နေ့မနက် ၇ နာရီခန့် တွင် ရေဖွင့်ရန် တီးတိန်မြို့ပြည်သူ့ဆေးရုံဘေး တောင်ကုန်းထက်သို့ သွားစဉ် တီးတိန်မြို့ က ရေ ပေးဝေသူ အသက် ၄၅ နှစ်ခန့် အရွယ် ရှိ ဦးကမ်ခေါထွန်း (Kam Khua Thawn) ဟာ ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာ မိုင်းနင်းမိပြီး ယာဘက် ခြေထောက် ဒူး အောက်နား ကနေ ပြတ်သွား ကြောင်း တီးတိန်မြို့နေ ပြည်သူတွေဆီကသိရပါတယ်။ “သူ့ကို ပြည်သူ့ဆေးရုံ မှာ ကုနေပါတယ်။ ခွဲခန်းထဲ ဝင်နေတုန်းပါ။ အသက်အန္တရာယ် တော့ မရှိဘူး လို့ သိရတယ်။ သူ နေတိုင်း သွားလာနေတဲ့ နေရာမှာပဲ ဖြစ်သွားတာပါ” လို့ တီးတိန်မြို့ခံ ၁…