Headlines

admin

မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေတဲ့ဖလမ်းမြို့နယ်က စစ်ဘေးရှောင်အများအပြား မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်သို့ဝင်ရောက်ခိုလှုံ

ဇန်န၀ါရီလ ၈ ရက်။ နို၀င်ဘာလ ၉ ရက်ကစပြီး လက်ရှိအချိန်အထိ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေတဲ့ဖလမ်းမြို့နယ်တွင်းက စစ်ဘေးရှောင်အများအပြားဟာ ခရစ်စမတ်ကာလကတည်းကစတင်ပြီး မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်း သို့ ဝင်ရောက်ခိုလှုံလာတယ်လို့ Champhai ခရိုင် အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက The Time of India ကို ဇန်နဝါရီ ၆ ရက်နေ့ကိုပြောကြားပါတယ်။   Champhai ခရိုင် Young Mizo Association နဲ့ Champhai ခရိုင်ဒုက္ခသည်များဆိုင်ရာ ကော်မတီခေါင်းဆောင်ဖြစ်သူ Robert Zoremthluanga က “ မြန်မာစစ်တပ်နဲ့ ချင်းလက်နက်ကိုင်အဖွဲ့များအကြား မြို့သိမ်းတိုက်ပွဲပြင်းထန်စွဖြစ်ပွားနေတဲ့ ဖလမ်းမြို့နယ်အတွင်းကနေ ခရစ်စမတ်ကာလကတည်းကနေ အခုအချိန်ထိ စစ်ဘေးရှောင်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်” လို့ပြောပါတယ်။  အခုအခါ ဖလမ်းမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ဆဲဖြစ်တာကြောင့် Champhai ခရိုင်အတွင်းရှိ…

Read More

စစ်ရေးတင်းမာနေတဲ့ ငဖဲမြို့နယ်ထဲက ပဒါန်းမြို့ဝင်ထွက်ခွင့်တင်းကြပ်လိုက်တာကြောင့်ဒေသခံချင်းလူမျိုးတွေစားနပ်ရိက္ခာသယ်ယူရာမှာအခက်ခဲကြုံနေရ

ဇန်နဝါရီလ ၈ ရက်။ စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်က ပဒါန်းမြို့ဝင်ထွက်ခွင့်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းလောက်ကစလို့ ကန့်သတ်တင်းကြပ်လိုက်တာတွေကြောင့် ငဖဲမြို့နယ်ထဲ ဒေသခံချင်းလူမျိုးတွေ စားနပ်ရိက္ခာ သယ်ယူရာမှာ အခက်ခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ငဖဲမြို့နယ် ကျွဲတလင်းရွာနားမှာ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF ) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပဒါန်းမြို့ထဲဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီဘက်က တင်းကြပ်စွာ ကန့်သတ်လိုက်တာလို့လည်း သိရပါတယ်။ ငဖဲမြို့နယ်ထဲက ဒေသအခေါ် တောင်ပေါ်ဆယ်အုပ်စုလို့ခေါ်တဲ့ ချင်းလူမျိုးဒေသခံတွေ နေထိုင်တဲ့ ကျေးရွာ ၃၀ လောက်က ပဒါန်းမြို့ကို သွားပြီးတော့ ဈေးသွား၊ ဈေးဝယ် လုပ်ကြရတာဖြစ်ပြီး အခုတော့ ပဒါန်းမြို့ဝင်ထွက်သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်တာတွေ…

Read More

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကကျောင်းသား/သူတွေကို လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ပြု

ဇန်နဝါရီလ ၇ ရက်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်တံတားဂိတ်ဖြတ်ကျော်သွားလာခွင့်ကို လူအများကို ကန့်သတ်ပေမယ့် နယ်စပ်မှာ နေထိုင်ပြီးကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့လွတ်လွတ်လပ်လပ်သွားလာခွင့်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းက တာဝန်ရှိသူတွေက ခွင့်ပြုတယ်လို့ ရိဒ်ခေါဒါရ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့က AGS – 1 က Chin World Media ကို ပြောပါတယ်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို မီဇိုရမ်ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကန့်သတ် ပိတ်ပင်မှုတွေလုပ်ခဲ့ပြီး…

Read More

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုပေးဖို့ (ZORO) အဖွဲ့ကတောင်းဆို

ဇန်နဝါရီလ ၇ ရက်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်(FMR-Free Movement Regime) ကို အိန္ဒိယဗဟိုအစိုးရက ပြန်လည်ခွင့်ပြုပေးဖို့ ဇိုး(ချင်း)မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အခြေစိုက် (Zo Reunification Organization – ZORO)အဖွဲ့ က ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ZORO အဖွဲ့က “အိန္ဒိယဗဟိုအစိုးရက လွပ်လပ်စွာသွားလာခွင့် (FMR)ကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ဖို့ ခွင့်ပြုချက်ယူဖို့ လိုအပ်လာတဲ့အပေါ် မိမိတို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်၊ ဌာနေတိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) ကြေညာစာတမ်း အပုဒ် ၃၆ ပုဒ်မ ၁ နဲ့ ၂ မှာဖော်ပြထားတဲ့ မိမိတို့ရဲ့ အခွင့်အရေးရပိုင်ခွင့်တွေ ချိုးဖောက်ခံရတာဖြစ်ပါတယ်၊ ဒါကြောင့် FMR…

Read More

ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါအဖြစ်များနေပြီးကလေးငယ် ၂ ဦးလည်းကာလဝမ်းရောဂါကြောင့် သေဆုံးပြီလို့ သိရ

ဇန်နဝါရီလ ၆ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစပိုင်းကစလို့ ဒေသခံပြည်သူတွေကြားထဲ ကာလဝမ်းရောဂါက ကပ်ရောဂါလို အဖြစ်များနေပြီး ကာလဝမ်းရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ၁ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးရပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ရာသီကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကပ်ရောဂါလိုဖြစ်နေကြတယ် သေတာက ပလက်ဝမြို့နယ် အထက်ပိုင်း ဒိုးချောင်းဝကျေးရွာက အသက် ၁ နှစ်ဝန်းကျင် ၂ ယောက်သေပြီ ကျန်တဲ့ရွာတွေမှာလည်း ဖြစ်နေကြတယ် ဆက်သွယ်ရေးအခက်ခဲကြောင့် သေဆုံးမှုအခြေအနေ မသိရသေးတာ ဒီကာလဝမ်းရောဂါက ခုခံအားနည်းတဲ့ ၅ နှစ်အောက်ကလေးနဲ့ အသက် ၆၀ ကျော်တွေမှာ အဖြစ်များနေတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA…

Read More

ဂျပန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူတစ်ဦး ယာဉ်မတော်တဆမှု ကြောင့်သေဆုံး

ဇန်နဝါရီလ ၆ ရက်။ ဇန်နဝါရီလ ၅ ရက်နေ့ ဂျပန်စံတော်ချိန်မနက် ၁၂: ၉ (သန်းခေါင်) နာရီမှာ ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိတဲ့ Asia Pacific University မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) ဒုတိယနှစ် တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူ Lia Dim Sian Muang Thaw ဟာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတယ် လို့ ဂျပန်နိုင်ငံရောက် ချင်း အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။ “သူမက ဈေးဝယ်ဖို့ ဆိုင်ကယ် သွားနေတဲ့ အချိန် ကားက အနောက် ကနေ တိုက်သွားတာ လို့ ကနဦး…

Read More

တီးတိန်မြို့မှာ ကျောက်ခဲပစ်ပေါက်ရာမှ မြေမြုပ်မိုင်းကို ထိမိကာ ပေါက်ကွဲပြီး ကလေး ၃ ယောက် ဒဏ်ရာ ရရှိ

ဇန်နဝါရီလ ၅ ရက်။ ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ တီးတိန်မြို့၊ မြို့မရပ်ကွက်မှာပုတ်တင်ညို လိုက်ဖမ်းတဲ့ အသက် ၁၂ နှစ်အရွယ် ေယာကျာ်းကလေး ၃ ယောက် ဟာ ကျောက်ခဲပစ်ပေါက်ရင်း မြေမြုပ်မိုင်း ထိမိကာ ပေါက်ကွဲမှု ဖြစ်ပွားပြီး (အသက်အန္တရာယ် မစိုးရိမ်ရ) ဒဏ်ရာများအသီးသီး ရရှိတာကြောင့် တီးတိန်မြို့ ပြည်သူ့ ဆေးရုံကိုပို့ဆောင်ပြီးကုသပေးနေရတယ် လို့ တီးတိန်ဒေသခံ များထံမှ သိရှိရပါတယ်။ “တီးတိန်မြို့၊ မြို့မ ရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးရုံး အဆောက်အဦးသစ် နဲ့ ဆောက်လုပ်ရေး ရုံးကြား ကမ်းဟောက်လမ်းမ အပေါ်ဘက်က ချုံပုတ် နည်းနည်း ထူတဲ့ နေရာ လို့ သိရတယ်။ ထောပတ် ပင်ပေါ်မှာ…

Read More

ဖလမ်းမြို့နယ် ခွန်းလုံရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခဲ့လို့ စစ်သုံ့ပန်း ရဲ ၈ ဦးသေဆုံး၊ CNO/CNDF ဘက်က ၁ ဦးကျဆုံး

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ဖလမ်းမြို့နယ် Khuanglung Khua (ခွန်းလုံကျေးရွာ)ကို ဒလန်သတင်းပေးကြောင့် စစ်ကောင်စီက ယမန်နေ့ ဇန်နဝါရီလ ၄ ရက်ညမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ဖလမ်းမြို့တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ရဲတပ်ဖွဲ့ဝင် ၈ ဦးနဲ့ CNO/CNDF ဘက်က ၁ ဦး သေဆုံး/ကျဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ဖလမ်းမြို့ အနောက်မြေက်ခြမ်းမှာ ရှိတဲ့ ခွန်းလုံကျေးရွာကို ဇန်နဝါရီလ ၄ ရက်နေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလို စစ်သုံ့ပန်းထားတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတာဟာ သတင်းပေးဒလန်ကြောင့်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။…

Read More

ပဒါန်း-ငဖဲလမ်း တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရ၊အမ်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို CDF-Asho ဖမ်းဆီးရမိ

ဇန်နဝါရီလ ၅ ရက်။ ဇန်နဝါရီ ၃ ရက်နေ့က မကွေးတိုင်း၊ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ပါတဲ့စစ်ကား ၂ စီးကို ပဒါန်း-ငဖဲလမ်းမှာ CDF-Asho က မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF-Asho )က ဒီကနေ့ ဇန်နဝါရီလ ၅ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်(နပခ) ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို ငဖဲမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီးမှာလက်နက်ခဲယမ်းနဲ့အတူ CDF – Asho တပ်ဖွဲ့ကဖမ်းဆီးရမိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF-Asho တပ်ဖွဲ့ဟာ…

Read More

ကလေးမြို့အကျဉ်းထောင်ကနေ စုစုပေါင်း ၂၃ ဦးလွှတ်ပေးတဲ့အထဲ နိုင်ကျဉ်း ၅ ဦးပါဝင်တယ်လို့ သိရ

ဇန်နဝါရီလ ၄ ရက်။ ဒီကနေ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ/သား ၅ ဦး အပါအဝင် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၂၃ ဦးလွတ်မြောက်လာကြောင်းကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ ဒီကနေ့လွတ်ငြိမ်းထဲမှာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၄ ယောက် စုစုပေါင်း ၂၃ ဦးလွတ်တယ်၊ ၅၀၅ – က နဲ့ လွတ်တာက အမျိုးသမီး ၁ ဦး အမျိုးသား ၄ ဦး စုစုပေါင်း ၅ ယောက်လွတ်ပါတယ်” လို့ပြောပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၅၀၅) နဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံတဝန်းက အကျဉ်းသူ၊ အကျဉ်းသား ၆၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း…

Read More