Headlines

admin

CDF-Tonzang က ဆက်လက်ချိတ်ပိတ်ထားတဲ့နေအိမ်တွေဟာ တွန်းဇံမြို့လုံခြုံရေး လိုအပ်ချက် ကြောင့် ဖြစ်တယ်လို့ဆို

CDF-Tonzang အနေဖြင့် ZRA-EC မှ တွန်းဇံမြို့ကို ပြန်လည်း ဝင်ရောက် တိုက်ခိုက်မည်ဟု မပြတ်ပြောဆို ရေးသားမှုတွေ တွေ့နေရတဲ့အတွက် မြို့လုံခြုံရေး နှင့်အုပ်ချုပ်ရေး ကောင်းမွန်စွာ ဖော်ဆောင်နိုင်ရေး အတွက် တွန်းဇံမြို့ရှိ ZRA-EC တပ်ဖွဲ့ဝင်များ နှင့် ထောက်ပံ့သူများ၏ နေအိမ်များကို ဆက်လက် ချိတ်ပိတ် ထိန်းသိမ်းခဲ့ရ ခြင်း ဖြစ်တယ်လို့ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် မှ Chin World Media သို့ပြောပါတယ်။ “ကျွန်တော်တို့ CDF-Tonzang က စစ်ကောင်စီတွေကို တိုက်ဖို့ ဖွဲ့စည်းထားတာပါ။ ZRA ကို ဝင်တိုက်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကျွန်ုပ်တို့ စခန်းတွေ ဖြစ်တဲ့ Lunghu စခန်း၊ Zopinak စခန်းတွေကို လာတိုက်သွားတယ်။…

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ကြဖို့ နဲ့ ပုန်းခိုစရာတွေ သေချာတူးဖို့ သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ပေးကြရန်နဲ့ ပုန်းခိုစရာ နေရာများသေချာတူးဖို့ တို့ကို ချင်းကာကွယ်ရေး – မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် မင်းတပ်မြို့နယ်အတွင်းက မိဘပြည်သူတွေအနေနဲ့ လူစုလူဝေးရှောင်ပေးကြရန်၊မိမိနေအိမ်များ အနီး၊အိမ််အောက် မဟုတ်တဲ့ နေရာမှာ ပုန်းခိုစရာ နေရာတွေ သေချာတူးပေးကြရန် ၊ မိမိအန္တရယ်ကင်းဖို့ သတင်းများကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူများကိုသာ မေးမြန်းကြပါရန်နှင့်ပြည်သူတွေ စိတ်သောက ရောက်စေမယ့် သတင်းမှားဖြန့်ဝေခြင်းတွေ မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေး – မင်းတပ်က အသိပေးထုတ်ပြန်ထားပါတယ်။ မပ်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ခပ်စိပ်စိပ်လုပ်နေသလို သြဂုတ်လ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက…

Read More

ဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ CDF – Hakha သတိပေးထုတ်ပြန်

ချင်းပြည်နယ်၊ဟားခါးမြို့နားကဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို မနက်ဖြန် သြဂုတ်လ ၂၀ ရက်နေ့ကစလို့ နောက်ထပ်ကြေညာချက်မထုတ်မပြန်မခြင်း ဖြတ်သန်းသွားလာ ခြင်းမလုပ်ဖို့ Chinland Defense Force – Hakha ကဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အခုကာလမှာ ထန်တလန်ဖက်သွားတဲ့လမ်းပေါ်မှာရှိတဲ့ ဟားခါးတက္ကသိုလ်အကြား ဖြတ်သန်းသွားလာတဲ့ မည်သူကိုမဆို စစ်ကောင်စီလူလို့ သတ်မှတ်ခံရလိိမ့်မယ်လို့လည်း Chinland Defense Force – Hakha က သတိပေးထုတ်ပြန်ထားပါတယ်။ CNF/A ဦးဆောင်ပြီး CDF – Hakha ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်ကနေ ဒီကနေ့အချိန်အထိ ဟားခါးနဲ့ ထန်တလန်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်တာတွေရှိခဲ့သလို လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေသေးတယ်လို့လည်း သိရပါတယ်။

Read More

ချင်းပြည်ကောင်စီဝန်ကြီးချုပ်နဲ့အဖွဲ့ ထန်တလန်မြို့စစ်မြေပြင်က Chinland Council ပူးပေါင်းတပ်ဖွဲ့ကို သွားရောက်အားပေးကြောင်းသတင်းထုတ်ပြန်

ချင်းပြည်ကောင်စီ(Chinland Council) ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ထန်တလန်မြို့ စစ်မြေပြင်ကိုသွားရောက်ပြီး Chinland Council ပူးပေါင်းတပ်ဖွဲ့ကို လိုအပ်ချက်များကိုပံ့ပိုးပေး၊အားပေးခဲ့တယ်လို့Government Of Chinland Council က ဒီကနေ့ဩဂုတ်လ ၁၇ ရက်နေ့ မှာသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ထန်တလန်မြို့ခရီးစဉ်မှာ ချင်းပြည်ကောင်စီ အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ လိုက်ပါခဲ့တယ်လို့ Government Of Chinland Council က ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ဟာဇူလိုင်လ ၂၂ ရက်ကနေစပြီး ဒီနေ့အချိန်အထိ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ထန်တလန်မြို့ပေါ်ရှိ ခလရ ၂၆၉ စခန်းကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၈ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့သိရပါတယ်။…

Read More

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား တွေ့ဆုံညှိနှိုင်းမယ်

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား လက်ရှိဖြစ်နေတဲ့ စစ်ရေးပဠိပက္ခတွေ ပြေလည်နိုင်ဖို့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ လာမည့် သြဂုတ်လ တတိယအပတ်ထဲ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းမယ်လို့ ဩဂုတ်လ ၁၅ ရက်ကပြုလုပ်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး ကိုရောဘတ်က ပြောပါတယ်။ ချင်းညီနောင်အတွင်းရေးမှုုး ကိုရောဘတ်က “တွေ့ဆုံညှိနှိုင်းမှုအခြေအနေက ပထမအခေါက်ကို အွန်လိုင်းပလက်ဖောင်းကနေ တချို့စကားပြောတာရှိပါတယ်။လာမယ့်အပတ် ဒေလီမှာ Crisis Management Initiative (CMI) က ကမကထဦးဆောင်ပြီးတော့ Third Party အနေနဲ့ တွေ့ဆုံညှိနှိုင်းဖို့တွက် တွေ့ဆုံဖို့လည်းရှိတယ်။ နိုင်ငံရေးအရ အချင်းချင်းကြားတွေ့ဆုံဖို့ ကျတော််တို့အဲဒီအတွက်လည်း ပြင်ဆင်တယ်ပေါ့လေ။ နှစ်ဖက်ပြေလည်ချင်တယ် အချင်းချင်းလက်နက်ကိုင်စွဲပြီးတော့ ဖြေရှင်းတာမျိုး မလုပ်ဘဲနဲ့ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ အချင်းချင်းအဖြေရှာတဲ့ မူဝါဒမျိုးရှိသလိုကျတော်တို့ကြိုးစားနေတယ်။ အဲဒီတွက်လည်း…

Read More

𝐓.𝐓.𝐅. 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐕𝐨𝐥.𝟏𝟎 ပြိုင်ပွဲမှာ ချင်းဖိုက်တာ Tial Thang အနိုင်ရရှိ

ဒီကနေ့ဩဂုတ်လ ၁၆ ရက် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ 𝐓.𝐓.𝐅. 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐕𝐨𝐥.𝟏𝟎 ပြိုင်ပွဲ ချင်းဖိုက်တာ Tial Thang နဲ့ ဂျပန်ဖိုက်တာနဲ့ယှဉ်ပြိုင်ထိုးသတ်ပွဲမှာ ချင်းဖိုက်တာ Tial Thang က အနိုင်ရရှိပါတယ်။ ချင်းဖိုက်တာ Tial Thang နဲ့ ဂျပန်ဖိုက်တာ 𝐍𝐚𝐨𝐤𝐢 𝐔𝐞𝐝𝐚 တို့ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲကို ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ ထိုးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ Tial Thang ဟာနောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲ(၅)ပွဲမှာ (၃)ပွဲသာအနိုင်ရရှိထားပြီး နောက်ဆုံး(၂)ပွဲဆက်ရှုံးနိမ့်ထားပါတယ်။ဂျပန်ဖိုက်တာ 𝐍𝐚𝐨𝐤𝐢 𝐔𝐞𝐝𝐚 ဟာလည်းနောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲ(၅)ပွဲမှာ (၃)ပွဲအနိုင်ရရှိထားပါတယ်။

Read More

ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ကြရန် အသိပေးကြေညာ

ပြည်ပနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ရည်ရွယ်ထားရင် အလုပ်အကိုင်အတွက်ထုတ်ပေးသည့် PJ passport အမျိုးအစားကို လျှောက်ထားပြီး အလုပ်သမားဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြည်ပအလုပ်အကိုင်အလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာသွားရောက်လုပ်ကိုင်ကြဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။ ပြည်ပနိုင်ငံတွေကို အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖို့ ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစား(PV)ကို ကိုင်ဆောင်ပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တာတွေရှိပြီး ပြည်ပမှာအခက်ခဲ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ရင် ကူညီဖြေရှင်းပေးဖို့ အခက်ခဲများစွာကြုံရတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ဆိုထားပါတယ်။ ပြည်ပကို အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနမှာ အလုပ်သမားမှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပကို သွား​ရောက်လုပ်ကိုင်ကြဖို့ အလုပ်သမား ဝန်ကြီးဌာက ကြေညာပါတယ်။ OWIC ကဒ်မရှိဘဲ ပြည်ပမထွက်ခွာခင် တွေ့ရှိရင် ပြည်ပထွက်ခွာခွင့် ပိတ်ပင်နိုင်ကြောင်း ဥပဒေကို ပြဌာန်းထားကြောင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Read More

တွန်းဇံမြို့ပေါ်က CDM ဝန်ထမ်းတွေရဲ့နေအိမ်များကို CDF-Tonzang ချိတ်ပိတ်မှု အပေါ် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ လက်မခံနိုင်ကြောင်း ထုတ်ပြန်

CDF-Tonzang တပ်ရင်း (၁) မှ တွန်းဇံမြို့ပေါ်ရှိ နေအိမ် တချို့ ချိတ်ပိတ်ရာတွင် တော်လှန်ရေးတွင် ခိုင်ခိုင်မာမာ ရပ်တည်သော ဌာနဆိုင်ရာ CDM ဝန်ထမ်း ၅ ဦးရဲ့နေအိမ်များကို ချိတ်ပိတ်မှု ပြုလုပ်ခဲ့ခြင်းကို လက်မခံကြောင်း နှင့် အမြန်ဆုံး ရပ်တန့်စေလိုကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊တွန်းဇံမြို့နယ် CDM ကော်မတီမှ ဒီနေ့ဩဂုတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယင်း ထုတ်ပြန်ချက်ထဲမှာ CDF-Tonzang မှ ချိတ်ပိတ်ထားသည့်အိမ်များတွင် မိသားစု ဝင် တစ်ဦးဦးမှ CDF-Tonzang မဟုတ်သော အခြား အဖွဲ့အစည်း အားပေးထောက်ပံ့သည်ဟူသော စွပ်စွဲချက် နှင့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ချိတ်ပိတ်ထားခြင်း ကြောင်း၊ ယင်းကဲ့သို့ အာဏာရှင်စရိုက် နဲ့ မထူးမခြားမင်းမဲ့စရိုက် ပြုမူဆောင်ရွက်ချက်သည် ဒီမိုကရေစီ…

Read More

AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်အတွင်းကို ရခိုင်ပြည်ဘက်က ဒေသခံအများအပြား ဝင်ရောက်အခြေချလာတယ်လို့ သိရ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဘက်က ဒေသခံ အများအပြား ဝင်ရောက်အခြေချ နေထိုင်မှုများလာတယ်လို့ ပလက်ဝဒေသခံတွေဆီကသိရပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်က ဒေသခံချင်းလူမျိုးအများစုဟာ နယ်နမိတ်ဆက်စပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာပြည်မဖက်ကို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ပလက်ဝခရိုင် ဆမီးမြို့ဒေသခံ တစ်ဦးပြောတာက “ ကျနော်တို့က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာတာ ဆိုတော့ အဲဒီဘက်က အခြေအနေတော့ အတိအကျမပြောနိုင်ဘူး။ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး ဒီလောက် ရှားပါးတာ စတာတွေကြောင့် ဒေသခံတော်တော်များများက ထွက်ပြေးတိမ်းရှောင်ကြတယ် အခုထိလည်း ထွက်လာကြတုန်းပါဘဲ”လို့ Chin World Media ကိုပြောပါတယ်။ ပလက်ဝနယ်မှာ ဆန်ကလွဲရင် တခြားစားကုန်နဲ့ ဆေးဝါး ၊လူသုံးကုန်တော်တော်များများကို မကွေးတိုင်းဘက်ကနေ ဆိုင်ကယ်တွေနဲ့…

Read More

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)နဲ့ NUG/FSCC အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရ

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အစည်းအဝေးတက်ရောက်သူဆီက သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) တို့ မနေ့ သြဂုတ်လ (၁၃) ရက်နေ့ မှာ အွန်လိုင်းကနေ တဆင့် တွေ့ဆုံအစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာပါဝင်တဲ့ CDF – မတူပီ တပ်မဟာ (၁) က ပြောရေးဆိုခွင့်ရှိသူ Ko Boi UK က “ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာပါဘဲ ကျန်တာတော့ ထုတ်ပြန်ဖို့ မရှိဘူး” လို့ပြောပါတယ်။ အစည်းအဝေးကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထောင်စု…

Read More