Headlines

admin

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီကလေကြောင်းကနေ စောင့်ကြည့်တာတွေလုပ်နေလို့ လေကြောင်းနဲ့တိုက်ခိုက်ခံရမှာ ဒေသခံတွေစိုးရိမ်နေကြ

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း ယခင်ဩဂုတ်လကနေ အခုလအတွင်း စစ်ကောင်စီလေယာဉ်တွေဝဲပျံပြီး စောင့်ကြည့်တာမျိုးတွေ လုပ်နေတာကြောင့် လေကြောင်းနဲ့တိုက်ခိုက်ခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက “ ပလက်ဝမြို့အနီးအနားဝန်းကျင်တွေကို စစ်ကောင်စီလေကြောင်း ပျံဝဲတာမျိုးတွေ အရင်လကတည်းက ရှိနေတယ်လို့ သိရတယ် အခုက သူတို့ ( စစ်ကောင်စီ) က လက်လွှတ်ထားရတဲ့ နေရာတွေကို ညသန်းခေါင်ချိန်ကြီးတွေမှာလည်း ဗုံးကြဲတာတွေ အရပ်သားထိခိုက်သေဆုံးတာတွေ များလာသလို ကျွန်တော်တို့ ဒေသဘက်က လူတွေအတွက်လည်း စိုးရိမ်တယ် သူတို့လည်း စိုးရိမ်ကြတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ရက္ခိုင့်တပ်တော် (AA )က ဇန်နဝါရီလ ၁၄ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ပလက်ဝမြို့ကဒေသခံ အများစုဟာ လက်ရှိအချိန်အထိမြို့ကိုပြန်မလာသေးပဲ စစ်ဘေးရှောင်နေကြကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာ ကို စက်တင်ဘာလ…

Read More

တွန်းဇံမြို့မှာတပ်အပြောင်းအလဲလုပ်ဖို့ပြည်သူများကို ဆိုင်ကယ်ကယ်ရီချောဆွဲခြင်းမဟုတ်ဘဲ ရပ်ကွက်အလိုက် အကူအညီ တောင်းခံခြင်း သာဖြစ်ကြောင်းCDF-Tonzang ဆို

တွန်းဇံမြို့ပေါ်မှာ တပ်အပြောင်းအလဲ ပြုလုပ်ရန် အတွက် အိမ်ထောင်စု အလိုက် ဆိုင်ကယ် ကယ်ရီ အလှည့်ကျ ပို့ပေးရန် CDF-Tonzang မှ အတင်းအကျပ် ခေါ်ယူပြီး ဆိုင်ကယ် ကယ်ရီ မပို့ပေးနိုင်တဲ့မိသားစုများ အနေဖြင့် ငွေကျပ်၄ သိန်း ပေးဆောင်ရမည် ဆိုတဲ့သတင်းဟာ ဟုတ်မှန်ခြင်း မရှိဘဲ ရပ်ကွက် အလိုက် အကူအညီ တောင်းခံခြင်းသာ ဖြစ်ကြောင်း CDF-Tonzang စစ်ဦးချုပ် ဦးထန်ဆွင်းမုန် မှ Chin World Media ကို ပြောပါတယ်။ “ဆိုင်ကယ် ကယ်ရီ မပို့ပေးနိုင်တဲ့ မိသားစု ကို ငွေတောင်းတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်ချိန်း လုပ်ဖို့ အတွက် မြို့ပေါ် က ရပ်ကွက်တွေကို ဆိုင်ကယ် လေးစီး စီ စသဖြင့်…

Read More

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက တိုက်နယ် ၂ က ကျေးရွာ ၁ ရွာနဲ့တိုက်နယ် ၄ က ကျေးရွာ ၁ ရွာကို စစ်ကောင်စီတပ်က ဒီကနေ့စက်တင်ဘာလ ၇ ရက်နဲ့မနေ့ စက်တင်ဘာလ ၆ ရက် မနက်အစောပိုင်း ၃ နာရီ ဝန်းကျင် လောက်မှာလေကြောင်းနဲ့ဗုံးများကြဲပြီးတိုက်ခိုက်ခဲ့ကြောင်း လူထိခိုက်မှုရှိမရှိမသိရကြောင်း မင်းတပ်မြို့နယ်သတင်းတွေဖော်ပြနေတဲ့ HKL Mindat ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကို စစ်ကောင်စီက ထောက်ပို့လေယာဉ်ကနေ လေထီးတွေနဲ့ ခဲယမ်းနဲ့ရိက္ခာပစ္စည်းတွေ ချပေးနေတာတွေ အရင်လနဲ့ ယခုလရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လုပ်လာနေပါတယ်။ မင်းတပ်မြို့နယ်မှာ သြဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဒရုန်းတိုက််ခိုက်တာတွေ ဆက််တိုက်လုပ်နေတာကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သြဂုတ်လ…

Read More

ကလေးမြို့မှာ စစ်သားအယောင်ဆောင်ပြီး ဓါးပြတိုက်သူ ၅ ဦး ကိုစစ်ကောင်စီတပ်မှ ဖမ်းဆီး

စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့တောင်ဖီလာ ရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ စစ်ကောင်စီတပ်ယူနီဖောင်းဝတ်ဆင်ထားသူတချို့အပါအဝင်သေနတ်ကိုင်ပြီး ခြိမ်းခြောက်ဓါးပြတိုက်နေသူ လူငယ် ၅ ဦး ကို ကလေးမြို့တွင်း ကင်းတပ်ဖွဲနှင့် ခိုင်ကမ်းရဲစခန်းတို့ ပူးပေါင်းပြီး ဖမ်းဆီး ရမိကြောင်း ကလေးမြို့ဒေသခံတချို့ဆီကသိရှိရပါတယ်။ “သူတို့က နေပြည်တော် ရပ်ကွက် လို့ ဒေသခံတွေ ခေါ်တဲ့ တောင်ဖီလာရပ်ကွက် အတွင်းပိုင်း ဘက်ရှိ နေအိမ် သုံးခုကို သေနတ်တွေနဲ့ ခြိမ်းခြောက် ဓားပြတိုက်တာ။ ရပ်ကွက်တွင်း နေထိုင် တစ်ဦးက ခိုင်ကမ်းရဲစခန်းဘက်ကို ဖုန်းဆက် အကြောင်းကြား လိုက်တယ်။ ခဏချင်းမှာ သူတို့ရော၊ စစ်သားတွေရော ရောက်လာတယ်။ သူတို့‌ေနာက်ကို ဆက်လိုက် ပြီးတော့ ဖမ်းမိသွားတယ်လို့ သိရတယ်” လို့ ကလေးမြို့ ဒေသခံတစ်ဦးက Chin World…

Read More

အိန္ဒိယနိုင်ငံမှာ ထောင်ကျနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးတွေ ကာကွယ်ဆေးထိုးခွင့်မရ

အိန္ဒိယနိုင်ငံမှာ ထောင်ကျနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးမယ့်အရွယ်မှာ ကာကွယ်ဆေးထိုးခွင့်မရကြတာကြောင့် ကူးစက်ရောဂါနဲ့ တခြားပြင်းထန်ရောဂါတွေ အလွယ်တကူခံစားရနိုင်တဲ့ အန္တရယ်ရှိနေတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmar ရဲ့ စက်တင်ဘာလအတွင်းဖော်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်(မဏိပူရ်ထောင်) နဲ့ အာသံပြည်နယ် (အာသံထောင်) မှာဖမ်းဆီးအကျဉ်းချခံရတဲ့ မြန််မာဒုက္ခသည်အရေအတွက်ဟာ ထောင်ထဲမှာ မွေးဖွားခဲ့တဲ့ ကလေးငယ် ၇ ဦး အပါအဝင် အသက် ၁၅ နှစ်အောက် ကလေးက (၂၆)ဦး၊ အသက် ၁၅ နှစ်ကနေ ၂၇ နှစ်အရွယ် က (၆၇) ဦး၊ အသက် ၂၈ ကနေ ၅၀ အရွယ်က (၁၀၉)ဦးနဲ့ ရောဂါခံရှိတဲ့သူအပါအဝင်…

Read More

ကလေးမြို့နယ်မှာ ကာလတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေဖမ်းဆီးရမိ

ကာလတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြားတွေကို စက်တင်ဘာလ ၅ ရက်နေ့ညနေက စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် အိပ်စွတ်ကျေးရွာမှာ ဖမ်းမိတယ်လို့ မှုခင်းသတင်းတွေ ဖော်ပြတဲ့ Fifty Two News ကနေ သိရပါတယ်။ ကလေးမြို့နယ် အိပ်စွတ်ကျေးရွာ၊ ကွက်သစ်ရပ်ကွက် အမှတ် (၁) လမ်းနေ လောမ်ဆန်းဇွာလာ (ခ) လော်မာထံကနေ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ကပ်ခွာအိတ်ငယ် ၅၀ အိတ်၊ စိတ်ကြွရှုးသွပ်ဆေးပြား တစ်သောင်းပြားစီပါ အထုတ်ကြီး ၃ ထုပ် စုစုပေါင်းစိတ်ကြွရှုးသွပ်ဆေးပြား ၃ သောင်း ပြား ဖမ်းဆီးရမိတယ်လို့ ဆိုထားပါတယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ လောမ်ဆန်းဇွာလာ (ခ) လော်မာထံကနေ ဖမ်းဆီးရမိတဲ့ စိတ်ကြွရှုးသွပ်ဆေးပြားတွေဟာ…

Read More

အသက် ၇ နှစ် နဲ့ ၅ နှစ်အရွယ် ချင်းညီအစ်မနှစ်ယောက်သီဆိုတဲ့ ကာဗာသီချင်း Facebook မှာ ကြည့်ရှုသူ ၆ သန်း ကျော်လာ

မလေးရှားနိုင်ငံမှာနေထိုင်တဲ့အသက် ၇ နှစ်အရွယ် ချင်းအမျိုးသမီးလေး Kimnu ဟာ သူမကိုယ်တိုင် Piano တီးခတ်ပြီး ညီမ ဖြစ်သူ ၅ နှစ်အရွယ် It-shwe နဲ့ အတူ ကမ္ဘာကျော်အဆိုတော် Lady Gaga သီဆို ထားတဲ့ Always Remember Us This way သီချင်းကို သူတို့ညီအစ်မ ကာဗာသီဆိုထားတဲ့သီချင်းဟာ Facebook မှာ ၂ ရက် အတွင်း ကြည့်ရှုသူ ၆ သန်း ကျော် လာပြီ ဖြစ်ပါတယ်။ Kimnu ဟာ သူမ ၄ နှစ်အရွယ် ကနေ စပြီး ဘုရားကျောင်း စင်မြင့်ပေါ်တွင် ဓမ္မ သီချင်းများ စတင် သီဆိုခဲ့ပြီး လက်ရှိမှာ‌ေတာ့ စန္ဒရား…

Read More

ကလေးမြို့မှ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် ၁ ဦးအတွက် ကျပ် ၁ သိန်းအထိရှိလာ

ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်း-ဟားခါး အတက် ကားခ ခရီးသည် တစ်ဦး အတွက် ကားခ ကျပ် ၁ သိန်းအထိ ရှိလာကြောင်း ၊ကလေးမြို့မှ တီးတိန်မြို့ အတက်ကားခ ကျပ် ၈ သောင်းရှိလာကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရပါတယ်။ ကားခနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၃ ရက်နေ့ အထိ ကလေး-တီးတိန်-ဖလမ်း-ဟားခါး အကြားပြေးဆွဲနေတဲ့ ယာဉ်လိုင်းများကို မေးမြန်းချက်များ အရ ကလေး-ဟားခါး အတက် ခရီး အတွက် ကျပ် ၁ သိန်း (နောက်ခန်း ထိုင်ခုံများ အတွက် လျော့ဈေး ရှိ) အဆင်း ကျပ် ၈ သောင်း ရှိကြောင်း၊ ကလေး-ဖလမ်း အတက် ခရီး ကျပ် ၁…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma က ချင်းအချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိတိုက်ခိုက်တာတွေနောက်နောင်မဖြစ်ဖို့ပြောကြား

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ချင်း အချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်တာတွေ နောက်နောင်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်လို့ ချင်းလူမျိုးအများစု နေထိုင်တဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma “မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတလေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ်ကို ဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်၊ နောက်နောင် ဒီလိုမဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” လို့ ပြောပါတယ်။ အဆိုပါ အမေရိကန်နိုင်ငံက ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ ချင်းလူထုစည်းလုံးညီညွှတ်ရေး အားကောင်းလာဖို့ လိုအပ်ကြောင်းမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma အဓိကထားပြီး ပြောခဲ့ပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့တွေ အကြားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေတဲ့ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative…

Read More

ကန်ပက်လက်မြို့အဝင်ကစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုရုတ်တရက်တွေ့ပြီး လန့်ပြီးပြန်လှည့်တဲ့သူ ပစ်သတ်ခံရ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မြင်လို့ လန့်ပြီးပြန်လှည့်တဲ့ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦး မနေ့ စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ကန်ပက်လက်မြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပက်လက်မြို့ခံတစ်ဦးက “နယ်ဘက်ကို ပစ္စည်းပို့ /ရောင်းပြီးပြန်လာကြတဲ့ လူနှစ်ယောက်ဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ အပစ်ခံရတာတဲ့ သူတို့နှစ်ယောက်က ယောသားတွေလို့ပြောတယ် လမ်းအခြေအနေ မသိတော့ ဒီတိုင်းမောင်းလာရင်း စစ်တပ််ရဲ့ စစ်ဆေးရေးဂိတ်ကို တိုးမိ၊ မြင်မိတော့ လန့်ပြီး ပြန်လှည့်တော့ စစ်သားတွေကလည်း ပစ်လိုက်တာလို့ ပြောတယ်။အပစ်ခံရတာ မနေ့ညနေ ပိုင်းမှာ ပစ်ခံရတယ် အလောင်းကို ဒီမနက်ပိုင်းမှာ ထုတ်နိုင်ပြီလို့လည်း သိရတယ်” လို့ပြောပါတယ်။ နယ်ဘက်ကနေ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးဟာ ဆိုင်ကယ်တစ်စီးလား နှစ်စီးလားတော့ မပြောကြပေမယ့် ပစ္စည်းပို့တာဖြစ်လို့ ဆိုင်ကယ်နှစ်စီးဖြစ်ဖို့များပြီး တစ်ဦးက ဒဏ်ရာရပြီး…

Read More