


မှတ်တမ်းစုဆောင်းသူ – Lindy Meipaw Khithie
ဦးမန်တလင်းသည် “နိုင်ငံရေးကို ကျွန်တော် သင်ယူခဲ့သည်မဟုတ်၊ မွေးရာပါဖြစ်သည်”ဟု ပြောကြားခဲ့သူမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာလူမျိုးနွယ်စုများထဲမှ ပထမဦးဆုံးသော ပါလီ မန်အမတ်နှင့် ပါလီမန်အတွင်း ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ဦးမန်တလင်းသည် ၁၉၃၀ ခုနှစ်၊ ဇွန်လ ၁ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခိလှို (ဆဘောင်းပီ၏ မူလမူရင်းရွာနာမည်သည် ခိလှိုဖြစ်သည်။) ကျေးရွာ၌ အဘဦးတယ်မား၊ အမိဒေါ် လိုင်တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း(၈) ယောက်အနက် ခြောက်ဦးမှာ ကွယ်လွန်သွားကြပြီး၊ သူ့အစ်မ တစ်ဦးနှင့် ဦး မန်တလင်းတို့ နှစ်ဦးသာအသက်ရှင် ကျန်ရစ်ခဲ့ကြသည်။ သူသည် သေလွန်ပြီး သောသူ၏ အစ်ကို အစ်မများကဲ့သို့မသေပဲ အသက်ရှင်စေချင်၍ သူအားနတ်ဆိုးများက ရွံ့ရှာဖယ်ခွာပြီးမထိ ခိုက် စေရန် မွေးမွေးချင်းသူ့ကို ကြက်လှောင် ခြင်းတွင် သိပ်ထားခဲ့ကြသည်။
ငယ်စဉ်ဘဝနှင့် ပညာသင်ယူခြင်း:။
သူသည် ၁၉၃၆-ခုနှစ်မှစ၍ ဆဘောင်းပီရွာ အစိုးရ မူလတန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ဒုတိယတန်းတွင် ပညာသင်ယူနေစဉ် သူ၏ဖခင် ကွယ်လွန် သွားသည်။ သူ၏ဖခင် ကွယ်လွန်ပြီးနောက် ဒါရ်လင်းရွာမှ ဝမ်းကွဲအစ်ကို ဦးမောင် ချုပ်က သူတို့နှင့်အတူနေထိုင်ရန် ဒါရ်လင်းရွာသို့ ခေါ်သွားခဲ့ပါသည်။ ၁၉၄၀-ခုနှစ်တွင် မူလတန်းပညာကို အောင်မြင်ခဲ့သည်။
၁၉၄၀-ခုနှစ်တွင် မူလတန်းပညာကို ငယ်ငယ်ရွယ်ရွယ်ဖြင့် အောင်မြင်သည်။ အသက် အရွယ်ငယ်သေး၍ ပညာဆက်လက် မသင်ယူနိုင်သည့်ကြားတွင် ဒုတိယကမ္ဘာစစ်မီးကြီးက တောက် လောင်ခဲ့ပြန်သဖြင့် ဂျပန်တိုက် လေယာဉ်များကို နေ့နေ့ညညမော့ကြည့်ရင်း အချိန်မှာ (၅)နှစ်ခန့် ကုန်လွန်သွား ခဲ့လေသည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးဆုံး၍ ၁၉၄၆-ခုနှစ်ကျမှသာ ဟားခါးမြို့ရှိ ကိုယ်ထူ ကိုယ်ထ အလယ်တန်းကျောင်းတွင် ပညာဆက်လက် သင်ယူခွင့်ရရှိခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ဖလမ်းမြို့ရှိ အစိုးရအထက်တန်းကျောင်းသို့ပြောင်း ရွှေကာ သတ္တမတန်းကို သင်ယူအောင်မြင်ခဲ့ ပါသည်။
အလယ်တန်းပြဆရာဖြစ်လာခြင်း။
၁၉၅၀-ခုနှစ်တွင် အဌမတန်းသင်ယူရန် ဟားခါးမြို့သို့ ပြန်ပြောင်း ခဲ့သည်။ ထိုနှစ်တွင် ဖာရ်ရောန်ရွာမှ ဦးဟရန်နောလ်လည်း အဌမတန်းတွင် အ တူတကွ ပညာသင်ယူခဲ့ကြသည်။ ဦးဟရန်နောလ်သည် ဟားခါး မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွှေးချယ်ခံခဲ့သူဖြစ်သည်။ ၁၉၅၀ ခုနှစ်၊ ဇူလိုင် လကုန်တွင် လစ်လပ်နေသော အလယ်တန်းပြဆရာနေရာတွင် လျှောက်ထား ကြရာ ဦးမန်တလင်းက ၎င်းရာထူးကိုရရှိသွားသည်။ ထိုစဉ်က အလယ်တန်း ကျောင်း၊ ကျောင်း အုပ်ဆရာကြီးမှာ ဦးအိုင်ရာဖြစ်ပြီး၊ ဦးမန်တလင်းသည် အဌမ တန်းပညာကို နှစ်လတာသင်ယူခဲ့သည်။ ဦးမန်တလင်းသည် အလယ်တန်းပြ ဆရာဖြစ်လာသောအခါ ဆဌမတန်း၊ အတန်းပိုင်ဆရာအဖြစ် တာဝန်ယူသင် ကြားခဲ့သည်။ ဦးမန်တလင်း သင်ကြားပေးခဲ့သော ကျောင်းသားများထဲတွင် ဇိုခွာရွာမှ သိက္ခာတော်ရဆရာကြီး ဒေါက်တာစတီ ဗင်ဟရဲကီးယိုး (Rev.Dr. Stephen Hre Kio)နှင့် ခွာဘုံရွာမှ သိက္ခာတော်ရ ဆရာဦးခွာထောင်း (Rev. Khua Thawng)တို့လည်း ပါဝင်ကြသည်။
နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခြင်း။
၁၉၅၁-ခုနှစ်၊ မတ်လမှစ၍ အလယ်တန်းပြ ဆရာရာထူးမှ နှုတ်ထွက်ပြီး ၁၉၅၂ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါလီမန်အမတ်အဖြစ်ဝင် ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး တရားဟောကြားလေသည်။ ဦးမန် တလင်းအား ဟားခါးမြို့၊ အလယ်တန်းကျောင်းမှ အင်္ဂလိပ်စာပြ ဆရာဟု လူသိများခဲ့သည်။ ဤကဲ့သို့ နိုင်ငံရေး တရားဟောပြီး ၁၉၅၂-ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲကို စောင့်ဆိုင်းနေကြ လေတော့သည်။
အစိုးရဝန်ထမ်းဖြစ်လာခြင်း။
ဦးမန်တလင်းသည် ၁၉၅၂-ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါလီမန်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စောင့်ဆိုင်းနေချိန်၌ မတူပီမြို့နယ် နယ်ပိုင်ဝန်ထောက် ဦးလားမားထံမှတဆင့် ချင်းရေးရာဝန်ကြီး ဦးဝမ္မသူး မောင်ကပို့ပေးသည့် ကြေးနန်းစာဖြစ်သည်။ ထိုကြေးနန်းစာထဲတွင် ဦးမန်တလင်းက သဘောတူလက်ခံလျှင် မတူပီမြို့တွင် လက်ထောက်လူထု ပညာပေး အရာရှိအဖြစ် ခန့်ထားပေးမည်ဖြစ်ကြောင်း၊ မတူပီမြို့တွင် ရုံးစိုက်မည်ဖြစ် ကြောင်းဖော်ပြပါရှိပါသည်။ ဝန်ထောက် မင်း ဦးလားမား၊ မတူပီမြို့ နယ်မှ ပါလီမန်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးဆန်နင်းနှင့် ဦးမန် တလင်း၏ ကိုယ်စားလှယ်များက ၎င်းရာထူးကိုလက်ခံရန် အကြံပေးလာကြ သည်။ အသက်၂၂-နှစ်သာရှိသေးသဖြင့် အတွေ့အကြုံပို၍ ရရှိလာစေရန် ထိုရာထူးကို လက်ခံစေချင် ကြသည်။ ရာထူးကို ချက်ချင်းလက်မခံသေးပဲ၊ နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ညှိနှိုင်းပြီး မှ လက်ခံလိုက် တော့သည်။
၁၉၅၂-ခုနှစ်၊ ဇန္နဝါရီလမှစ၍ လက်ထောက်ပြည်သူ့ဆက်ဆံရေး အရာ ရှိအဖြစ်တာဝန်ကို ထမ်းဆောင်ပြီး မတူပီမြို့တွင် ရုံးဖွင့်ခဲ့သည်။ လူထုပညာ ပေးတာဝန်မှာ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသော စီမံကိန်းများ၊ လုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်သူလူထုအား အသိပေးသည့် တာဝန်ဖြစ်သည်။
၁၉၅၂ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့တွင် နှစ်လခန့်သင်တန်း တက်ကြသည်။ ဤသို့ သင်တန်းတက်ရန် သွားသည့်အချိန်သည် တီးတိန်မြို့တွင် ချင်းအမျိုးသားနေ့ကျင်းပသည့် အချိန်နှင့် တိုက်ဆိုင်နေပြီး ရန်ကုန်မြို့မှ ဝန်ကြီးချုပ်ဦးနုနှင့်အဖွဲ့လည်း ချင်းအမျိုးသားနေ့သို့ တက်ရောက်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။ ဤခရီးစဉ်သည် ဦးမန်တလင်းအတွက် ပထမဦးဆုံး လေယာဉ်ပျံစီး ခွင့်ရရှိခြင်းနှင့် ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ရှိခြင်းလည်းဖြစ်သည်။ ပထမဆုံး လေယာဉ်ပျံစီးခြင်းဖြစ်၍ ငယ်စဉ်က ဂျပန်စစ်တိုက်လေယာဉ်များ မော့ကြည့် နေခဲ့သည်ကို ပြန်တွေးရင်း ကျေနပ်အားရနေခဲ့သည်။
ဦးမန်တလင်းသည် လက်ထောက်ပြည်သူ့ဆက်ဆံရေးအရာရှိ တာဝန် ကို ၁၉၅၂-ခုနှစ်၊ ဇန္နဝါရီလမှ ၁၉၅၅-ခုနှစ်၊ စက်တင်ဘာလအထိ ထမ်းဆောင် ခဲ့ပါသည်။ မတူပီမြို့၊ ကန်ပက်လက် မြို့နှင့် ဖလမ်းမြို့တို့တွင် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။
ပါလီမန်အမတ်ဖြစ်လာခြင်း။
၁၉၅၆-ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လို၍ ၁၉၅၅-ခုနှစ် စက်တင် ဘာလတွင် မိမိရာထူးတာဝန်မှ ပြန်လည်နုတ်ထွက်ခဲ့သည်။ အောက်တိုဘာလမှာ မတူပီမြို့သို့ ပြန်သွာပြီး နိုင်ငံရေးတရား ပြန်ဟော ခဲ့လေသည်။ ဦးဆန်နိန်း၊ ဦးခွာမိန်းနှင့် ဦးမန်တလင်းတို့သည် သန့်ရှင်းဖဆပလ ပါတီဝင်များဖြစ်ကြပြီး၊ ဦးဆန်နိန်းနှင့် ဦးခွာမင်တို့သည် ပါလီမန်အမတ် တာဝန် ထမ်းဆောင် နေကြသူများဖြစ်သည်။ ဦးမန်တလင်းသည်လည်း မြို့နယ် ဖဆပလပါတီ အတွင်းရေးမှူး အဖြစ်ပူးတွဲ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ပါလီမန်အမတ်လောင်း နှစ်ဦး ရွေးချယ်ရန်ခက်နေသဖြင့် ရန်ကုန်မြို့ရှိ ဖဆပလရုံးချုပ်မှ ရွေးချယ် ပေးရန် တင်ပြလိုက်သည်။ ဖဆပလရုံးချုပ်မှ လူမျိုးစုလွှတ်တော်အတွက် ဦးဆန်နိန်းနှင့် ပြည်သူ့ လွှတ်တော်အတွက် ဦးမန် တလင်းက ဝင်ရောက်ယှဉ်ပြိုင်ကြ ရန်ညွှန်ကြားလာသည်။ ဦးခွာမိန်းသည် ဦးမန်တလင်း တင်သွင်းမည့် ပြည်သူ့ လွှတ်တော်အမတ်လောင်း စာရင်းတွင် တင်သွင်းခဲ့ပါသည်။ ဘယ်သူအနိုင်ရ မည်ဆိုသည့် ကောလဟာလ သတင်းသည် လူအများ စိတ်ဝင်စားလျက်ရှိကြရာ မကြာခင်မှာ ဦးမန်တလင်းက အနိုင်ရလိမ့်မည်ဟု လူအများက ထင်ကြေးပေးကြသည်။ ပါလီမန် အမတ် လောင်းတစ်ဦးပြီးတစ်ဦး ၎င်းတို့၏ လျှောက်လွှာများကို ပြန်လည်ရုပ်သိမ်းသဖြင့် ဦးမန် တလင်းသည် ပြိုင်ဘက် မရှိဖြင့် ပါလီမန်အမတ် ဖြစ်လာသည်။
ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံပြီးနောက် ချင်းဘုံစကား တစ်ရပ်ပေါ်ပေါက်ရေးသည် အရေးကြီး ကြောင်းသိရှိလာသည်။ သို့ဖြစ်၍ ချင်း ပါလီမန်အမတ်များ စုစည်းသည့် ချင်းရေးရာ ကောင်စီတွင် ချင်းဘုံစကား ထားရှိရေးအဆိုကို တင်သွင်းခဲ့ပါသည်။ ချင်းရေးရာဝန်ကြီး ဦးဇာဟရဲ လျန်မှ ဤကိစ္စသည် အကောင်အထည်ဖော်ရန် အခက်အခဲရှိကြောင်း တင်ပြလာ၍ အဆိုကိုဆိုင်း ငံ့လိုက်လေသည်။ ဖလမ်းမြို့၌ ကျင်းပသည့် ပြည်တော်သာ ညီလာ ခံတွင် ချင်းဘုံစကားထားရှိ နိုင်ရေး အဆိုကိုထပ်မံ၍ တင်သွင်းပြန်ရာ ထောက်ခံ သူမရှိပေ။ ချင်းဘုံစကားထားရှိနိုင် ရေးသည် အင်မတန် အရေးကြီးသည့်ကိစ္စ တစ်ရပ်ဖြစ်ကြောင်းသိရှိသဖြင့် ရန်ကုန် တက္ကသိုလ် ချင်းကျောင်းသားများ သမဂ္ဂမှ ၁၉၅၆-၅၇ခုနှစ် ထုတ်ဝေသည့် ချင်းမဂ္ဂဇင်းတွင် ဆောင်းပါးဖြင့် ရေးသားခဲ့ပါသည်။ ဦးမန်တလင်းက ချင်းလူမျိုးများ တိုးတက်ရေးအတွက် ချင်းဘုံဘာသာစကားထားရှိရေးသည် မရှိမဖြစ်လိုအပ်သည်ဟု ခံယူထားပါ သည်။
၁၉၅၈-ခုနှစ်၊ ဇူလိုင်လတွင် ဖဆပလပါတီသည် ဦးဘဆွေနှင့်ဦးကျော် ငြိမ်းဦးဆောင်သော တည်မြဲဖဆပလနှင့် ဦးနူနှင့်သခင်တင်တို့ ဦးဆောင်သော သန့်ရှင်ဖဆပလဟူ၍ နှစ်ခြမ်းကွဲသွားသည်။ ပါလီမန်တွင် မဲခွဲဆုံးဖြတ်သည့် နေ့တွင် ပါလီမန်အဆောက်အဦကို စစ်တပ်လုံခြုံရေး တင်းကြပ် စွာထားရှိပြီး စစ်တပ်က ပါလီမန်အမတ်များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြစ်တင်ကြပြီ အမျိုးမျိူး စွပ်စွဲကြ လေသည်။ ဦးမန်တလင်းကလည်း ဦးကျော်ငြိမ်းပြောကြားသည့်အချက်ကို လက်မခံသဖြင့် နှစ်ကြိမ် ထ၍ဆွေးနွေးခဲ့သည်။
ထိုကဲ့သို့ ပါလီမန်၌အကြိတ်အနယ် ဆွေးနွေးငြင်းခုံကြပြီးနောက် မဲခွဲကြရာ ဦးနုနှင့် သခင်တင်ဦးဆောင်သော သန့်ရှင်းဖဆပလမှ အနိုင်ရရှိသွား သည်။ ဦးနုနှင့်သခင်တင် ဦးဆောင်သော သန့်ရှင်းဖဆပလမှ အစိုးရသစ်ကို ဖွဲ့စည်းကာ ဦးမန်တလင်းသည် ဝန်ကြီးချုပ်ရုံး ပါလီမန်အတွင်းဝန် အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရလေသည်။ အစိုးရ သက်တမ်းသုံးလခွဲရှိစဉ် ဦးနုမှ ဗိုလ်ချုပ်ကြီး နေဝင်းအား ဖိတ်ခေါ်၍တိုင်းပြည်ကို ခေတ္တထိန်းသိမ်းရန်နှင့် ၆-လအတွင်း လွတ်လပ်၍တရား မျှတသော ရွေးကောက်ပွဲကျင်းပပေးရန် တာဝန် လွှဲအပ်လိုက်လေသည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ပြီးနောက် ၆-လအတွင်း ရွေးကောက်ပွဲကျင်းပရန်ဆိုသည့် ဂတိကိုဖျက် ကာ တိုင်းပြည်ကို ၂-နှစ်အုပ်ချုပ်ခဲ့လေသည်။
ဒုတိယအကြိမ် ပါလီမန်အမတ်အရွေးခံခြင်း။
၁၉၆၀-ခုနှစ်၊ ဖေဖော်ဝါရီလ ရက်တွင် ပါလီမန်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ မတူပီမဲဆန္ဒနယ်မှ ဝါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်း၄-ဦးရှိ သည်။ ချင်းအမျိုး သားအဖွဲ့ပါတီမှ ဦးဗေချုပ်၊ တစ်သီးပုဂ္ဂလအဖြစ် ဦးဗာဆာ၊ တည်မြဲဖဆပလမှ ဦးမန်လျန်း၊ သန့်ရှင်းဖဆပလမှ ဦးမန်းတလင်းတို့ ဖြစ်ကြ ပါသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အမတ်လောင်းများ အားလုံး ဟားခါးမြို့နယ်၊ နှာရိန်ကျေးရွာ၌ စုံလင်စွာ ရောက်ရှိ ကြ သည်။ ထိုစဉ်က မတူပီမြို့နယ်၌ ပါလီမန်အမတ်ရွေးရန် လူဦးရေမပြည့်သဖြင့် ဟားခါးမြို့နယ်ရှိ နှာရိန်ကျေးရွာနှင့် ဖန်ထင်းကျေးရွာကို မတူပီမဲဆန္ဒနယ်တွင် ထည့်သွင်းခဲ့ပါသည်။ နှာရိန်ကျေးရွာတွင် ဦးမန်တလင်းက အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အကြောင်းမှာ နှာရိန်ရွာသား ဦးထိယိုလိန်းသည် သန့်ရှင်း ဖဆပလပါတီဝင်ဖြစ်ပြီး ၎င်း၏ ဦးဆောင်မှုဖြင့် တစ်ရွာလုံး သန့်ရှင်းဖဆပလကို မဲပေးခဲ့ခြင်း ဖြစ်ပါသည်။
ချင်းဝိသေသ တိုင်းမှ ပါလီမန်အမတ် (၁၄)ဦးတို့သည် ရန်ကုန်မြို့သို့ ရောက်ရှိကြပါသည်။ သန့်ရှင်းဖဆပလမှ (၅)ဦး၊ တည်မြဲဖဆပလမှ ၅-ဦး၊ ချင်း အမျိုးသားအဖွဲ့မှ ၃-ဦး၊ တစ်သီးပုဂ္ဂလ(၁)ဦး ဖြစ်ကြသည်။ ချင်းရေးရာ ဝန်ကြီး ရွေးချယ်ရန်အလို့ဌာ သန့်ရှင်းဖဆပလက ချင်းအမျိုးသားအဖွဲ့ကို ဖိတ်ခေါ် သော်လည်း ချင်းအမျိုး သားအဖွဲ့မှ(၃)ဦးစလုံးက ချင်းရေးရာကောင်စီ၌ ရာထူး ပေးမှသာ ပူးပေါင်းနိုင်မည်၊ ရာထူးမပေးပါက တည်မြဲဖဆပလနှင့် ပူးပေါင်း မည်ဟု အဆိုပြုခဲ့လေသည်။ သို့ဖြစ်၍ သန့်ရှင်းဖဆပလမှ ဦးဇာဟရဲလျန်အား ချင်းရေးရာဝန်ကြီးအဖြစ်ရွေးချယ်ကာ ချင်းအမျိုးသားအဖွဲ့မှ ပါလီမန်အမတ် (၃)ဦးအား ချင်းရေးရာ ကောင်စီတွင် အတွင်းရေးမှူး၊ ဥက္ကဌနှင့် ဒုတိယဥက္ကဌ ရာထူးအသီးသီးကို ပေးအပ်ခဲ့ကြသည်။ တီးတိန်မဲဆန္ဒနယ်မှ အရွေးခံသည့် အမတ်(၃)ဦးစလုံးရာ ထူးရရှိသွားကြသဖြင့် ဦးမန်တလင်းသည် ၎င်းမျှော်မှန်း ထားသော ချင်းရေးရာ ကောင်စီအတွင်းရေးမှူးရာထူးကို လက်လွှတ်လိုက်ရ လေသည်။ သို့သော် နိုင်ငံတော်ဝန်ကြီးချုပ်က ဦးမန်တလင်းအား နိုင်ငံခြား ရေးရာ ပါလီမန်အတွင်းဝန်(ယခုဒုတိယနိုင်ငံခြားရေးဝန်ကြီး)အဖြစ် ခန့်အပ် လိုက်သည်။
ပြည်ပခရီးစဉ်များ။
ဂျပန်နိုင်ငံ ၁၉၆၀-ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ၊ တိုဂျိုမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာပါလီမန်ညီလာခံသို့ ဦးမန်တလင်းသည် တက်ရောက်ခဲ့သည်။ ဤညီလာခံအကြောင်းကို ဦးမန်တလင်းက အောက်ပါ အတိုင်းပြောဆိုခဲ့သည် “ထိုညီလာခံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ့ကိုယ် စားလှယ်များ တက်ရောက်ကြသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်(၇) ဦးတက်ရောက်ကာ ၁၅-ရက်ကြာ ကျင်းပခဲ့သည်။ မြန်မာ နိုင်ငံကိုယ်စား လှယ်တစ်ဦး မိန့်ခွန်းမြွက်ကြားရန်ဖြစ်၍ တက်ရောက်သည့် မြန်မာကိုယ်စား လှယ်အားလုံး မိန့်ခွန်းပြောချင်ကြသည်။ ကိုယ်စားလှယ်များထဲမှ အသက်အကြီး ဆုံးဖြစ်သူ ဦးသိန်းမောင်“ငါပြောမည်”ဟုဆိုကာ ဗမာစကားဖြင့် မိန့်ခွန့်မြွက် ကြားပြီး ညီလာခံကိုယ်စားလှယ်များသည် ဘာသာပြန်နားကြပ်ဖြင့် နားထောင်ကြ သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ။
၁၉၆၁-ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်ကျောက်တိုင် စိုက်ထူရေးသဘောတူ စာချုပ်ချုပ်ဆိုရန် အတွက် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပီကင်းမြို့တော်သို့ လိုက်ပါခဲ့သည်။ စာချုပ်ကိစ္စ ဆွေးနွေးရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုနှင့်ဇနီး(အင်္ဂလိပ်လူမျိုး)၊ ပါလီမန်အတွင်းဝန် ဦးမန်တလင်းပါဝင်ပြီး ဗိုလ် ချုပ်ကြီးနေဝင်းအပါအဝင် တပ်မတော်သား ၁၀၀ လည်း တက်ရောက်ခဲ့သည်။
စာချုပ်ကို နှစ်ရက်ကြာချုပ်ဆိုပြီး၊ စာချုပ်ချုပ်ဆိုပြီးနောက် တရုတ် နိုင်ငံခြား ရေးဝန်ကြီး မာရှယ်ချင်ရီက မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့်ဇနီး၊ ဦးမန်တလင်းတို့အား တရုတ်နိုင်ငံရှိလှပသော မြို့ ကြီးများသို့ အလည်အပတ် သွားရန်ဖိတ်သည်။ ပီကင်းမြို့မှ မထွက်ခွါမီ တရုတ် သမ္မတ မော်စီတုန်း အားသွားရောက် ဂရဝပြုနှုတ်ဆက်ခဲ့သည်။ လေယာဉ် အသေးစားဖြင့် ဝူဟန်၊ ဟန်ချို၊ နန်ကင်း၊ ရှန်ဟိုင်း၊ ကူမင်းစသည့်မြို့များသို့ သွားရောက်လည်ပတ်ခဲ့ ကြသည်။ ရောက်ရှိသည့်မြို့တိုင်းတွင် ကျောင်းသား ကျောင်းသူများက အတီးအမှုတ်အကများဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုကြပါသည်။ ရှန်ဟိုင်းမြို့တွင် တစ်ညတာရပ်နားကာ ပျော်ပွဲရွင်ပွဲ၊ ယဉ်ကျေးမှုအကများ ဖြင့် ခမ်းနားထယ်ဝါစွာ ဆင်ယင်ကျင်းပပေးသည်။ ကူမင်းမြို့မှ ရန်ကုန်သို့ပြန်လာသည်။
ချင်းတောင်သို့ နယ်လှည့်ခရီးထွက်ခြင်းနှင့် တာဝန်မှရပ်စဲခံရခြင်း။
ပါလီမန်အမတ်အဖြစ် ရွေးချယ်ခြင်းခံရပြီးနောက် ချင်းတောင်သို့ မ ရောက်ဖြစ်ခဲ့ပါ။ သို့ဖြစ်၍ ၁၉၆၂-နှစ်ဆန်းပိုင်းတွင် မင်းတပ်၊ မတူပီနှင့် ဟားခါး မြို့များသို့ နယ်လှည့်ခရီးထွက်ခဲ့သည်။ ခရီးစဉ်၌ အရေးပိုင်မင်းကြီးများ၊ နယ် ပိုင်ဝန်ထောက်များ၊ ဌာနဆိုင်ရာအရာရှိများက လိုက်ပါခဲ့ကြသည်။ ခရီးစဉ်အ ပြီးတွင် ရန်ကုန်သို့ ပြန်လာကာ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်သဖြင့် နှုတ်ဖြင့်မမြွက်မဆိုနိုင်သော ဝမ်းနည်းခြင်းများစွာဖြင့် ချင်းတောင်သို့ ပြန်လာခဲ့သည်။
လိုင်လင်းပီရွာတွင်နေထိုင်ခြင်း။
ဗိုလ်ချုပ်ကြီးနေဝင်းမှ ၂-၃-၁၉၆၂ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် ချင်းတောင်သို့ ပြန်လာကာ လိုင်လင်းပီရွာ၌ အခြေချနေထိုင်သည်။ ဦးမန်တ လင်းသည် ရွေ့ပြောင်းတောင်ယာစနစ်ထက် ဥယာဉ်ခြံမြေလုပ်ကိုင်ခြင်းကိုအ လေးပေးသူဖြစ်သည့်အတိုင်း လိုင်လင်းပီရွာတွင် ဥယာဉ်မြေကွက် နှစ်ခုကိုရွေး ချယ်ကာ ဥယာဉ်ခြံမြေ လုပ်ကိုင်ရန် စီစဉ်သည်။ ခြံတစ်ကွက်သည် ရွာနှင့်အ လှမ်းဝေးသည့်နေရာ၌ဖြစ်ပြီး ကျန်တစ်ကွက်မှာရွာနှင့် ကပ်ရပ်တွင်ရှိသည်။ ရွာ နှင့် ကပ်ရပ်တွင်ရှိသောခြံ၌ လှေကထစ်လုပ်ကာရွာနှင့် ဝေးသည့်ခြံတွင်နှစ်ရှည် ပင်များ စိုက်ရန်လျာထားခဲ့သည်။ လှေကထစ်နေရာတွင် သူ၏အမွေ ဆက်ခံ မည့်သူ ဦးခိုကိုအားနေခိုင်းပြီး နောက်ပိုင်းတွင် ခရစ်ယာန်အသင်းတော်မှ အမှုတော်ဆောင်များနေထိုင်ရန် ပေးလျှူ လိုက်လေသည်။
ကျမ်းစာသင်ယူခြင်း။
၂၇-၁-၁၉၆၃ နေ့တွင် မာလာရွာ၌ကျင်းပသော ခရစ်ယာန်အစည်း အဝေးတွင် ကျမ်းစာကျောင်းတက်နိုင် ရေးအတွက် လျှောက်ထားခဲ့ရာ အဆို အပါ လျှောက်ထားချက်ကို မတ်လတွင် ကျင်းပသော အမိုဘိုရွာ၊ လက်ရှိ အိန္ဒိယနိုင်ငံ၊ မရာကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၌ ဓမ္မညီ လာခံမှ အတည်ပြု သည်။ ၁၉၆၃ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ ကျမ်းစာကျောင်း (ယခုမြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်၊ အင်းစိန်)၌ ဓမ္မ ဝိဇ္ဇာပညာကို စတင်သင်ယူကာ ၁၉၆၇-ခုနှစ်တွင် ပြီးမြောက်သည်။ ကျမ်းစာ ကျောင်းတက်စဉ် ၁၉၆၅-ခုနှစ်တွင် ကျမ်းစာကျောင်းသားများအသင်း ဥက္ကဌ တာဝန်ကို လည်းကောင်း၊ ၁၉၆၆-ခုနှစ်တွင် ချင်းနှစ်ခြင်းခရစ်ယာန် အသင်းတော်၊ လမ်းမတော်၊ ဥက္ကဌတာဝန်ကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ကျမ်းစာကို လေးနှစ်တာသင်ယူသည့် ကာလအတွင်း အလွန်ထူးချွန်လှသဖြင့် ဓမ္မဝိဇ္ဇာ ဘွဲ့ချီးမြှင့်ရန် ထိုက်တန်ခဲ့ သော်လည်း အထက်တန်းပြီး မြောက် အောင်မြင်သူ မဟုတ်သဖြင့် ဒီပလိုမာ တောင်မရရှိဘဲ အောင်လက် မှတ်သာရရှိခဲ့သည်။ ငါးနှစ်အတွင်း အထက်တန်း စာမေးပွဲအောက်မြင်ပါက အောင်လက် မှတ်လာ ရောက် တင်ပြပြီးချက်ချင်း ဓမ္မဝိဇ္ဇာဘွဲ့ချီးမြှင့်ပါမည်ဟု ကျောင်းအုပ် ကြီးက ဂတိပေးခဲ့သည်။ ဦးမန်းတလင်း ပြောဆိုချက်အရ အထက် တန်း စာမေးပွဲကို ဖြေဆိုရန်ဆန္ဒပြင်းပြခဲ့ သော်လည်း မြန်မာစာ ဘာသာရပ်၌ အလွန်ညံ့ဖျင်း လှသည်ဖြစ်၍ အောင်မြင်နိုင် ရန်ခက်ခဲသဖြင့် မဖြေဆိုဖြစ်ခဲ့ဟု ဆို သည်။ ကျမ်းစာကျောင်းပြီးမြောက် အောင်မြင်ပြီး နောက် ၁၉၆၈ ခုနှစ်တွင် မတူ နယ်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင် ခဲ့သည်။
ပြည်ပသို့ထွက်ခွာခြင်း။ မတူနယ်နှစ်ခြင်းခရစ်ယာန် အသင်းတော်၌ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေစဉ် ၁၉၆၉-ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ -ရက်နေ့တွင် မောင်တလိုင်ဗေ(တိုနီ လျန်ထန်း)၊ ပါမိုင်ရွာသားနှင့် မောင်ပေါလု (ပေါကျိုင်း(ခ) ရဲအောင်)၊ လှုံမန်းရွာသားတို့ နှစ်ဦးအား ခေါ်ဆောင်ကာ ထိုင်း နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ထိုင်းနိုင်ငံတွင် ၂၃ နှစ်တာ နေထိုင်ခဲ့ပြီးနောက် ၁၉၉၃-ခုနှစ် ဇွန်လလူလ၊ ၆ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာခဲ့ပါသည်။ ၂၀၀၁ ခုနှစ် အောက် တိုဘာလ၊ ၃ရက်နေ့တွင် အမေရိ ကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၌ ခမည်းတော်ထံ ဘုန်းတော်ဝင်စား သည်။
******************
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းသတ်မှတ်ခြင်း
(ဖွဲ့စည်းအုပ်ချုပ်ပုံအခြံဥပဒေ တတိယအကြိမ်းပြင်ဆင်ချက်)
နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၁ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (တတိယ ပြင်ဆင်ချက်) အက်ဥပဒေကြမ်း(ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော် ဘာသာသာသနာအဖြစ် ပြဌာန်းသတ်မှတ်ရေး)အဆိုကို သြဂုတ်လ ၁၇ ရက် ကြာသပတေးနေ့တွင် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။
ဝန်ကြီးချုပ်ဦးနုက နိုင်ငံတော်ဘာသာ ဥပဒေကြမ်းများကို လွှတ်တော် တွင် တင်သွင်းပြီးနောက် အတိုက်အခံ ခေါင်းဆောင်သခင်သာခင်(မိုးကုတ်) အမတ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပ ဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ သခင်သာခင်သည် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်သဖြင့် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာပြဌာန်းရေးကို မလုပ်သင့်ကြောင်း လွှတ်တော်တွင် အကျယ်တဝင့် ဆွေးနွေးတင်ပြ သွားသည်။ ပြည်သူ့လွှတ်တော်တွင်လည်းကောင်း၊ လူမျိုးစု လွှတ်တော်တွင် လည်းကောင်း၊ အခြေခံ ဥပဒေ (တတိယ ပြင်ဆင်ချက်)ကို ထောက်ခံဆွေးနွေးကြသည့် အမတ်များကမူ ဗုဒ္ဓဘာသာဝင် များ၏ လှိုက်လှဲသော ဆန္ဒအရ နိုင်ငံတော်ဘာသာပြုလုပ်ရေးကို ထောက်ခံရခြင်းဖြစ်ကြောင်း၊ နိုင်တော် ဘာသာပြုလုပ်ခြင်းဖြင့် အခြားဘာသာဝင်တို့၏ အခွင့်အရေးများကို ထိခိုက်စေမည် မဟုတ်ကြောင်းပြော ကြားကြသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေကို ပြည် ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦဖြစ်သူ ဦးရာရှစ်(ရန်ကုန်−အလယ်ပိုင်း) အ မတ်က”နိုင်ငံတော်ဘာသာ ပြဌာန်းခြင်းအားဖြင့် ဖြစ်ပေါ်လာမည့် ဘေးအန္တ ရာယ်တွေဟာ ကြီးမားလှပါတယ်။ သည်လို ပြဌာန်းခြင်းအားဖြင့် လက်တွေ့ရရှိမည့် အကျိုးကျေးဇူးကတော့ နည်းပါတယ်၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာ သာပြဌာန်းခြင်းမပြုဘဲနှင့် ဗုဒ္ဓဘာသာ သာသနာတော်အတွက် သင့်တော်တဲ့ ဆောင်ရွက်ချက်များကို ပြုလုပ်နိုင်ပါတယ်။ နိုင်ငံတော်ဘာသာ သတ်မှတ်ခြင်း အားဖြင့် ဘာသာရေးပေါ်မှာ မူတည်ပြီး တောင်းဆိုချက်တွေ တစ်ဆင့်ပြီးတစ် ဆင့် တိုးတက်တောင်းဆိုလာမှာနှင့် မလိုလားအပ်တဲ့ အငြင်းပွား မှုများဖြစ်ပေါ် လာပြီး တိုင်းပြည်ရဲ့တိုးတက်ဖွံ့ဖြိုးမှု ဆုတ်ယုတ်သွားစေမှာကို ကျွန်တော် စိုး ရိမ်မိပါ တယ်။ တာကြောင့်သည် ဥပဒေကြမ်းကို ကျွန်တော်ကန့်ကွက်ပါတယ်” ဟူ၍ပြောကြားခဲ့ သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦဖြစ်သူ ဦးဇာရဲလျန်(ဖလမ်း) အမတ်က “ကျွန်တော် ဟာ ခရစ်ယာန်ဘာသာဝင် တယောက်ဖြစ်ပါတယ်၊ ဗုဒ္ဓ ဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဘို့ မထောက်ခံကြောင်းပြောသွား ပါပြီ။ သို့သော်လည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်းမည်ဆိုလျှင်၊ သွေးချောင်းစီးမည်၊ ဘာဖြစ်မည်၊ ညာဖြစ်မည်ဆိုပြီးပြောဆိုမည်ဆိုလျှင် သည် လူဟာ ဘယ်နည်းနှင့်မျှ ခရစ်ယာန်အစစ်အမှန်မဖြစ်နိုင်ပါဘူး။ သည်လိုဟော ပြောချက် စိတ်ကူး ပြုခြင်းတွေဟာဖြင့် ခရစ်ယာန်ဘာသာတရားနှင့် လုံးဝ ဆန့်ကျင်တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ တာကိုမဆိုထားနှင့် ဆန္ဒပြလှည့် လည်ကြွေးကြော်တာတောင် ခရစ်ယာန်ဘာသာ ခေါင်းဆောင် များက မလို လားအပ်တဲ့၊ မပြုလုပ်ထိုက်တဲ့ အပြုအမူဖြစ်တယ်လို့ အတိအလင်းကြေညာ ခဲ့ပြီးဖြစ်ပါတယ်”ဟု ကန့်ကွက်ဆွေးနွေးခဲ့သည်။
ဒူဝါဇော်လွန်း (ဗန်းမော်−အရှေ့ပိုင်း) အမတ်ကလည်း”သည် ဥပဒေ ကြမ်းကို လူနည်းစု တိုင်းရင်းသားပေါင်းစုံနှင့် ကျေကျေလည်လည် ထပ်ကာတ လဲလဲ ထပ်မံစဉ်းစားဘို့လိုလိမ့်မည်လို့ ထင်ပါတယ်။ ယခုလို လောလောဆယ် တင်သွင်းခြင်းဟာ ကျွန်တော်တို့ လူနည်းစုတို့ကို ဂရုမစိုက်တဲ့ သဘောကို သက် ဝင်သလိုလို ဖြစ်သွားတဲ့အတွက်များစွာ ဝမ်းနည်းမိပါတယ်။ တာကြောင့် ဗုဒ္ဓ ဘာသာကို နိုင်ငံတော် ဘာသာ သာသနာပြဌာန်းဘို့ ပြင်ဆင်ချက်အဆိုကို နိုင်ငံ တော်ဝန်ကြီးချုပ် တင်သွင်းတဲ့ ကိစ္စဟာဖြင့် ကျွန်တော်တို့အနေနှင့် ယခုအချိန် အခါမှာဖြင့်လုပ်ဘို့လည်း မလိုသေးဘူး၊ လုပ်ရန်လည်းမသင့်ဘူး လုပ်လိုက်လို့ရှိ လျှင်လည်း တိုင်းပြည်မှာ ကြိမ်မီးအုံးပြီး ဘေးအန္တရာယ်အမျိုးမျိုး၊ တယောက်နှင့် တယောက် အထင်အမြင်အမျိုးမျိုး၊ တယောက်နှင့်တယောက် ပဋိပက္ခအမျိုးမျိုး ဖြစ်ပေါ်စေနိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် သည်ဥပဒေကို ကျွန်တော်လေးလေး နက်နက် ကန့်ကွက်ခြင်းဖြစ်ပါတယ်” ဟူ၍ပြောကြားသည်။
ပါလီမန်အတွင်းဝန် ဦးမန်တလင်း(မတူပီ) အမတ်က”ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြင့် ယခုပြဌာန်းဘို့သည် ပြင်ဆင်နေပါပြီ၊ ဗုဒ္ဓဘာသာဝင် လူများစုအနေနှင့် အခြားဘာသာဝင် လူနည်းစုအပေါ်မှာ မဲနှင့်အနိုင်ယူခြင်း အားဖြင့် ဒီလိုကိစ္စမျိုးမှာ တရားတယ်၊ ဒီမိုကရေစီဝါဒနှင့် ကိုက်ညီတယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး၊ လူနည်းစု အပေါ်မှာ လူများစုက အနိုင်ကျင့်တယ် လို့ဘဲ ကျွန်တော်တို့ကတော့ ဝမ်းနည်းစွာ ယူဆပါတယ်။
လူများတိုင်းသာ သည်လို အနိုင်ယူစတမ်းဆိုလျှင် ကမ္ဘာမှာ ခရစ်ယာန်ဘာ သာဝင်နှင့် မူဆလင်ဘာသာဝင်တွေဟာ၊ ဗုဒ္ဓဘာသာဝင်ထက်များတာဘဲ၊ သည်လို များတဲ့အတွက် ကမ္ဘာ့ ကုလသဂ္ဂကနေပြီး ခရစ်ာယန်ဘာသာ၊ သို့မဟုတ် မူဆလင် ဘာသာကို ကမ္ဘာ့ဘာသာအဖြစ်နှင့် အသိအမှတ်ပြုရမှာလား၊ ကျွန်တော်တို့ ချင်းဝိ သေသတိုင်းမှာ ခရစ်ယာန်ဘာသာဝင်တွေဟာ လူဦးရေ ၉၀ ရာခိုင်နှုန်းရှိတယ် ဆိုပါတော့ သည်လိုရှိရုံနှင့် လူများရုံနှင့် ခရစ်ယာန်ဘာသာကို ချင်းဝိသေသ တိုင်းရဲ့ ဘာသာလို့ ပြဌာန်းမည်ဆိုလျှင် သည်လွှတ်တော်ကြီးက ထောက်ခံပါ မည်လား။
သည်အထက်ပါ ကျွန်တော် အစီရင်ခံခဲ့တဲ့အချက်တွေကို ထောက်ထား ပြီး၊ လူနည်းစုများဖြစ်တဲ့ ကျွန်တော်တို့ ခရစ်ယာန်ဘာသာဝင်တွေဟာ ဗိုလ် ချုပ်အောင်ဆန်းရဲ့ကတိနှင့် ဒီမိုကရေစီဝါဒကို တိုင်တည်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရန်တင်သွင်းတဲ့ ဥပဒေကြမ်းကို ကျွန်တော် ပြင်ပြင်းထန်ထန် လေးလေးနက်နက် ကန့်ကွက်ရင်း နိဂုံးချုပ်ပါတယ်”ဟူ၍ တင်ပြသွားသည်။ (၁၉၅၈−၁၉၆၂၊ အတွဲ ၃၊ စာ ၁၃၁−၁၄၃)။
ဦးရိုထန်း (ဟားခါး) အမတ်ကလည်း “ကျွန်တော်တို့ လူနည်းစုများအ ဘို့၊ ပင်လုံပြည်ထောင်စု အမျိုးသားတို့၏ ညီလံခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ခေါင်းဆောင်ကြီးတို့က ကတိပြုခဲ့သော အချက်အလက်တို့မှာ ယခု တိုင် အကောင်အထည်မပေါ်ဘဲ ရှိနေသေးရာတွင်၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာပြုလုပ်လိုက်ပါက အကြောင်းကြောင်းတို့ကြောင့် ထိုကတိပြုချက်တို့ မှာရေပေါ်တွင် အရုပ်ရေးသလိုဖြစ်၍သွားမည်ကို အထူးသဖြင့် စိုးရိမ်မိပါ သောကြောင့် နိုင်ငံတော် ဘာသာအဖြစ်မည်သည့် ဘာသာကိုမျှ ပြဌာန်းခြင်း ကို လူနည်းစုတို့၏ အလိုဆန္ဒအရ ကျွန်တော် လေးလေးနက်နက် ကန့်ကွက် ပါရစေ”ဟူ၍ ဆွေးနွေးခဲ့သည်။
နိုင်ငံတော်ဘာသာ ဥပဒေကြမ်းကို ကန့်ကွက်သူများတွင် ဒူဝါလဝမ်လီ (မြစ်ကြီးနားမြောက်ပိုင်း) အမတ်လည်းပါဝင်သည်။ ဒူဝါလဝမ်လီက “ဤဥပ ဒေပြင်ဆင်ချက် ပြဌာန်းရေး ပြုလုပ်ရာမှာလည်း ဒီမိုကရေစီနည်းအတိုင်းမ ဟုတ်ဘူးလို့ ထင်ပါတယ်။ အဘယ်ကြောင့် ဆိုသော် −
(၁) စုံစမ်းရေးကော်မရှင်တွင် ကိုယ်နိုင်ရာအလိုကျ လူများကိုသာထည့်ခြင်း၊
(၂) ဘာသာရေး စုံစမ်းရေးကော်မရှင်သည် များသောနေရာအရပ်ရပ်မှာ တကယ့် ဘာသာရေး ဂိုဏ်းဝင်လူကြီးများကို မစစ်ဆေးဘဲ၊ အချို့ဘာသာတု၊ ဘာသာ ယောင်များကိုသာလိုက်လံ စုံစမ်းကြောင်းတွေ့ရပါတယ်။
(၃) အနေနှင့်သည်လောက် တိုင်းပြည်မှာ အရေးကြီးသောကိစ္စမှာ အစီရင်ခံစာ ကို တိုင်းပြည်သို့ ကြိုတင်မတင်ပြခြင်း၊ မနေ့ကဘဲသည် အစီရင်ခံစာကိုရပါ တယ်၊
(၄) ပြင်ဆင်ချက် ဥပဒေကြမ်းကို တိုင်းပြည်သို့ ထုတ်ပြန်ပြီးဝေဖန်ခွင့် အချိန်လုံ လောက်စွာပေးခြင်းများမလုပ်ဘဲ ယခုလိုလက်တလုံးကြားလှည့်ပြီး ပါလီမန်မှာ အလျင်စလိုတင်တယ်၊ ပြီးတော့ ၎င်းကိုအတည်ပြုနိုင်အောင် နည်းအမျိုးမျိုး ဖြင့် ခြိမ်းခြောက်ပြီး အတည်ပြုစေကြောင်း ထင်ရှားနေပါတယ်။
ဥပမာ (၁) ဝန်ကြီးချုပ်က မွန်၊ ရခိုင်များကို နိုင်ငံတော်ဘာသာ မထောက်ခံလျှင် မွန်၊ ရခိုင်ပြည်နယ်ပေးရန်ကတိကို ဖျက်သိမ်းလိမ့်မည်ဆိုခြင်း၊
(၂) ပ−ထ−စ အမတ်များကို နိုင်ငံတော်ဘာသာ ကန့်ကွက်လျှင် ပါတီမှ ထုတ် ပစ်မည်ပြောခြင်း၊ ယနေ့ပင်ကြည့်ပါ၊ လွှတ်တော်ပတ်ပတ်လည်မှာ လက်နက် ကိုင်ရဲတွေ အထပ်ထပ်နှင့် တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ဝိုင်းထားပြီးမှ သာ အတည်ပြုယူရတယ်ဆိုတာ ဒီမိုကရေစီကျပါသလားလို့ ကျွန်တော်မေးလို ပါတယ်။
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အချင်းချင်းယုံကြည် ပူးပေါင်းထားတဲ့ ပြည်ထောင်စုကြီး၏ စိတ်ဓာတ်ကို ယခုလိုတင်သွင်းတဲ့ ဗုဒ္ဓဘာသာကို နိုင်ငံ တော် ဘာသာအဖြစ် ပြဌာန်းလိုက်တဲ့ ပြင်ဆင်ချက် ဥပဒေကြောင့် အချင်းချင်း ယုံကြည်မှုပျက်ပြားစေပြီး စိတ်ဝမ်းကွဲစေရန်အကြောင်းရင်း တရပ်ဖြစ်နေ တယ်လို့ထင်မြင်ပါတယ်။ ဤကဲ့သို့ ပြည်ထောင်စု စိတ်ဓာတ်ပျက်ပြားပြီး အချင်း ချင်းစိတ်ဝမ်းကွဲသွားလျှင် နှစ်ပေါင်းများစွာကုမရတဲ့ ကင်ဆာရောဂါကြီးဖြစ်သွားမှာ စိုးရိမ်ရပါတယ်”ဟူ၍ ဆွေးနွေးဝေဖန်သွားသည်။
အခြေခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေကြမ်းကို လွှတ် တော်အမတ်များ အချေအတင်ဆွေနွေးကြပြီးနောက် လွှတ်တော်နှစ်ရပ်စလုံး ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ကြသည်။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသောလွှတ်တော်နှစ်ရပ်၏ တွဲဘက် ညီလာခံအစည်းအဝေးမှ အခြေခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေကြမ်းကို ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် အတည်ပြုသည်။ ထိုသို့အတည်ပြုပြီးလျှင်ပြီးချင်း ထိုနေ့မွန်း လွဲ ၁ နာရီအချိန်၌ နိုင်ငံတော်သမ္မတကြီးက ထိုလွှတ်တော်နှစ်ရပ်မှ အတည်ပြုပြီး ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေကို သမ္မတ အိမ်တော်၌ အခမ်းအနားနှင့် လက်မှတ်ရေးထိုးသည်။
******************
ချင်းအမျိုးသားများအတွက် အရေးပါဆုံးဘုံစကား
အယ်(လ်) မန်တလင်း၊ လွှတ်တော်အမတ်
ရန်ကုန်မြို့၌ ပညာဆည်းပူးလျက်ရှိသော ချင်းတက္ကသိုလ်ကျောင်း သားများမှ ဦးစီးထုတ်ဝေသော နှစ်လည်မဂ္ဂဇင်းသည် ယခုပဉ္စမအကြိမ် မြောက်ရှိပါပြီ။ ထုတ်ဝေပြီးသော မဂ္ဂဇင်းများကို လေ့လာရာတွင် ချင်းအမျိုး သားအားလုံးအတွက် အကျိုးရှိမည့် ဘုံစကားထားရှိနိုင်ရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြကြသည်ကို သတိထားမိသည်။ ဘုံစကားထားရှိ နိုင်ရေးလို လားသူများက အဆိုပါဆောင်းပါများ ဖတ်ရှုသည့်အခါ ဝမ်းသာကြည်နူးခဲ့ကြ သည်။ ကြည်နူးကြသည်ဆိုရာတွင် စိတ်ကူးယာဉ်မျှသာဖြစ်ပြီး တကယ့်လက် တွေ့အကောင်အထည်ဖော်ခြင်းကို မျက်မြင်မရှိသေးပါ။ ချင်းအမျိုးသားဘုံ စကားကိုဈေးထဲမှာ ဝယ်၍ရလျှင် လူတစ်ချို့သည် ပိုင်ဆံမရှိလျင်တောင်မှ သူများထံချေးဌားပြီး ဝယ်ရလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်မိပါသည်။ ထိုကဲ့သို့ ခိုင်ခိုင်မာမာ ယုံကြည်မိပါသည်။
ဘုံစကားထားရှိနိုင်ရေးအတွက် တစ်ချို့က အခက်အခဲများကို စိတ် ဓါတ်ကျဆင်းစရာ သို့မဟုတ် အကျိုးအမြတ်မရှိကြောင်း ပြောဆိုကြသည်ကို သတိထားမိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်တော့ မိတ်ဆွေများနှင့် အောက်ဖော်ပြပါအတိုင်း ငြင်းခုံကြလေသည်။ ကျွန်ုပ်မိတ်ဆွေက ဆိုးကျိုးနှင့် အခက်အခဲကို အောက်ပါအတိုင်းပြောဆို၏။ ၎င်းတို့မှာ-
(က) “ဘုံစကားသတ်မှတ်ရန်အတွက် လိုင်ဇို၊ ဟားခါး၊ တီးတိန်ဘာသာ စကားများအနက် တစ်ရပ်ရပ်ကို ရွေးချယ်ကြမည်ဆိုပါစို့၊ အဆိုပါရွေးချယ် ထားသော ဘာသာစကားကို ယခုလက်ရှိ ကျောင်းဆရာများက တတ်ကျွမ်း မည်မဟုတ်သောကြောင့် ရှေးဦးစွာသင်ကြားရန် လိုအပ်လိမ့်မည်။ ထိုကဲ့သို့ သင်ကြားရန် သင်တန်းတက်ရောက်သည့် ကာလအတွင်း ၎င်းတို့ကိုယ်စား ကျောင်းသားများအား စာသင်ပေးမည့် ကျောင်းဆရာအသစ် တစ်ယောက်စီ ခန့်အပ်ရန် လိုအပ်လိမ့်မည်။ သို့ဖြစ်၍အစိုးရ ဘဏ္ဌာငွေကုန်ကျသည့်အပြင် ကျောင်းဆရာသစ်ခန့်ရန်ရှာ၍ရနိုင်မည်မဟုတ်ပေ။
(ခ) ချင်းဘုံစကားထားရှိသည့်အတွက် မည်သည့်အကျိုးအမြတ်မှ မည်မည်ရရရှိ မည်မဟုတ်ပါ။ ဖတ်စရာစာအုပ်နှင့်ပတ်သက်၍ ကျွန်တော်တို့ ညီအစ်ကိုများဖြစ် ကြသော တီးတိန်ဘာသာစကားဖြင့် ထုတ်ဝေသော စာအုပ်ပင် မရှိသလောက်ဖြစ် သည်။
(ဂ) ယခုကျွန်တော်တို့ချင်းတောင်တွင် ကျောင်းသားများက ဘာသာစကား သုံးရပ်ဖြင့် ပညာသင်ယူကြသည်။ ဥပမာအားဖြင့် ဟားခါးမြို့နယ်တွင် အင်္ဂ လိပ်၊ ဗမာနှင့်ဟားခါး ချင်းဘာသာတို့ကို အသုံးပြု၍သင်ကြားကြသည်။ နောက်ထပ် ဘုံဘာသာတစ်ရပ်ဖြင့် ချဲ့၍သင်ကြးပါက ကျောင်းသားတစ် ယောက်က ဘာသာအမျိုးမျိုးသင်ယူရန်လိုအပ်လာလိမ့်မည်။ အသက်၅/၆ နှစ် အရွယ်ကလေးများက မည်ကဲ့သို့ဘာသာ အမျိုးမျိုးဖြင့်စာကို လိုက်နိုင်မည် နည်း။ ယခုသူငယ်တန်း၊ ပထမတန်းအရွယ် ကျောင်းသားများသည် အလွန် ငယ်ရွယ်သေးသူများဖြစ်ကြသည်။ ထို့ပြင်ဥပမာအားဖြင့် ဘုံစကားသည် လိုင်ဇို စကားဖြစ်သည်ဆိုပါစို့၊ ပလက်ဝသားအတွက် လိုင်ဇိုစကားသည် ဗမာနှင့်အင်္ဂ လိပ်ထက်ပင်ပို၍ ခက်ခဲပေလိမ့်မည်။ သာသာစကားလေးမျိုး သင်ယူရန် ဦး နှောက်က လက်ခံနိုင်မည် မဟုတ်ပေ။
(ဃ) ဘုံစကားကို ယခုအချိန်မှစ၍ သတ်မှတ်ပါက နောင်လာမည့်နှစ် ငါး ဆယ်ကြာမှ လူငယ်များက အသုံးပြုနိုင်လိမ့်မည်ဖြစ်၍ တော်တော့ကို အချိန် ယူရလိမ့်မည်။ သို့ဖြစ်ရာ ယခုလက်ရှိ အသုံးပြုလျက်ရှိသော ဗမာစာကို သင်ယူ လျှင်ပို၍ အဆင်ပြေလိမ့်မည်။ လူငယ်လူရွယ်များအား ဗမာစကားကောင်း ကောင်းတတ်ကျွမ်းအောင်မြေတောင်မြှောက်ပေးရမည်။ ဗမာစာဖြင့်ထုတ်ဝေ သော စာအုပ်မြောက်များစွာရှိ၍ ပညာစုံလင်ရရှိကြမည်။ ဘုံဘာသာ စကား ထားရှိခြင်းဖြင့် ချင်းလူမျိုးများအတွက် အကျိုးအမြတ် တစ်စုံတစ်ရာရှိမည်ဟု မယုံမိပါ”ဟုဆို၏။
ကျွန်တော်သည် ဘုံစကားထားရှိနိုင်ရေးအတွက် စိတ်ထဲ၌ ကျိတ်မှိတ် ကာ ကြိုးစားလာသူ၊ ရည်ရွယ်ချက်ကြီးမားသူ ဖြစ်သည်နှင့်အညီ ထိုကဲ့သို့သော အခက်အခဲရှုဒေါင့်ဘက်မှ အမြင်ရှိသူများ၏ ပြောဆိုချက်ကိုကြားသိသည့်အခါ စိတ်မကောင်းဖြစ်မိသည်။ သို့သော် သူပြောဆိုချက်များတွင် မှန်ကန်သည့် အချက်များလည်းရှိပါသည်။ မည်ကဲ့သို့ ပကတိအခြေအနေအရ အမှန်ကိုပြော ဆိုစေကာမူ အဆုံးသတ်တွင် ချင်းဘုံစကားထားရှိရန် အကျိုးမရှိကြောင်း၊ အား မပေးကြောင်း ပြောဆိုသဖြင့် ကျွန်တော်သည် မခံမရပ်နိုင်ဘဲ သူနှင့်ငြင်းခုံ လျက်ရှိသည်။
အဘယ်ကြောင့်ဆိုသော် –
(၁) ဘုံစကားသတ်မှတ်နိုင်ရေးအတွက် လွယ်ကူသောဘာသာစကား သို့မ ဟုတ် အများကကြိုက်နှစ်သက်သော ဘာသာစကားတစ်ရပ်ကို ရွေးချယ်ရပါ လိမ့်မည်။ ယခုကျောင်းဆရာ ထမ်းဆောင်နေသူများက ဘုံစကားကိုတစ်နှစ်၊ နှစ်နှစ်လောက် သင်ယူရန်လိုအပ်သည်။ သူတို့အစား ယာယီဆရာ ဌားရမ်းရန် လိုအပ်သည်။ အစိုးရ ဘဏ္ဌာငွေပို၍ ကုန်ကျမည်။ သို့သော် အစိုးရဘဏ္ဌာငွေပို ၍ကုန်မှာကို စဉ်းစားရန်မလို။ အရေးပါသောအရာကို တောင်းဆိုရပေမည်။ ဘုံဘာသာစကား ထားရှိနိုင်ရေးအတွက်ရန်ပုံ ငွေတောင်းခံသဖြင့် ကားလမ်း၊ ဝန်ထမ်းရိပ်သာ၊ ကျေးလက်ဒေသရှိ ပြည်တော်သာ စီမံကိန်းများအတွက်ချ ပေးသော ရန်ပုံငွေကို လျော့ချလိမ့်မည်ဟု ကျွန်ုပ်မယုံပါ။ အဘယ်ကြောင့်ဆို သော်ကျောင်းများ ဆောက်လုပ်ရန်အတွက် ပညာရေးအသုံးစရိတ်ကို သုံးစွဲမှာဖြစ် ပြီး လမ်းဖောက်လုပ်ရန်အတွက် ပြည်သူ့လုပ်ငန်းရန်ပုံငွေကို သုံးစွဲမည်ဖြစ်သည်။ သင်တန်းတက်ရောက်မည့် ဆရာများအစား ယာယီခန့်ထားနိုင်ရန်မှာ အင်မတန် လွယ်ကူသော ကိစ္စဖြစ်သည်။
(၂) ဘုံစကားထားရှိခြင်းဖြင့် ချင်းလူမျိုးများအတွက် အကျိုးများစွာရှိမည်။ ယခုချင်းတောင် အခြေအနေကိုလေ့လာသော် ဘာသာစကား ကွဲပြားလွန်းလှ သဖြင့် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံသည့်အခါ စကားပြောဆို၍မရပါ။ ယာဉ်ကျေး မှု၊ စားဝတ်နေရေးစသည်များကိုတစ်မျိုးနှင့်တစ်မျိုးနားမလည်၊ မသိရှိနိုင်ကြ ပါ။ လူမျိုးခြားများရှေ့တွင် ချင်းလူမျိုးဟုပြောဆိုကြသော်လည်း တစ်ဦးနှင့် တစ်ဦး ဘာသာစကား နားမလည်ကြပေ။ အကျိုးကိုမဖော်ပြမီ လူမျိုးခြားများ ရှေ့တွင် ချင်းလူမျိုးတစ်ဦးနှင့် တစ်ဦးတွေ့ဆုံစကားပြောဆိုသည့်အခါ မပီက လာပီကလာ အင်္ဂလိပ်စကား၊ ဗမာစကားတို့ဖြင့် ပြောဆိုနေခြင်းသည် ရှက် စရာဖြစ်ကြောင်း နားလည်သင့်ပေသည်။ ချင်းဘုံဘာသာ တစ်ရပ်ရပ်ဖြင့် လူ မျိုးခြားများ၏ရှေ့တွက် ပြောဆိုဆက်ဆံလျှင်မူမည်မျှ မျက်နှာသာပိုရမလဲ? မတူသားနှင့် တီးတိန်သားတို့ကို ချင်းဘုံစကားဖြင့် မပီတပီပြောဆိုဆင်ဆံလျှင် ၎င်းတို့ အသံမပီကြောင်း လူမျိုးခြားများက ရိပ်မိသိရှိနိုင်မည်မဟုတ်ပေ။
ထို့ပြင်ကမ္ဘာလူသားအားလုံး အမြတ်နိုးဆုံးသောအရာမှာ စည်းလုံးညီ ညွတ်ရေးနှင့် ချစ်ကြည်ရေးဖြစ်သည်။ စည်းလုံးညီညွတ်ရေးနှင့် ချစ်ကြည်ရေး ရရှိရန်အလို့ဌာ ဘယ်အရာသည် အရေးကြီးဆုံးလဲ? တစ်ဦးနှင့် တစ်ဦးနားလည် မှုရရှိရန်လိုအပ်သည်။ ထို့နောက် ပေါင်းသင်းဆက်ဆံရေး လိုက်လာသည်။ ထို့နောက် ခင်မင်မှုလိုက်လာသည်။ ခင်မင်မှုမှတဆင့် ယုံကြည်မှုလိုက်လာပြီး ထိုနောက် ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေးသည် အလိုလိုပေါ်လာ တော့သည်။ သို့ဖြစ်၍ ချင်းလူမျိုးများဘုံစကားမရှိမချင်း ချစ်ကြည်ရေး၊ စည်း ရုံးရေးစသည်တို့် ရှိသင့်သလောက်ရရှိနိုင်မည် မဟုတ်ပါဟု ရဲဝံ့စွာပြောရဲ ပါသည်။ ယုံလဲယုံကြည်သည်။ သို့ဖြစ်ပေရာ ဘုံစကားထားရှိရေးသည် အလို အပ်ဆုံးအရာဖြစ်သည်ဟု ဆိုချင်ပါသည်။ ထိုကဲ့သို့ ဘုံစကားပေါ်ပေါက် လာသောအခါ ချင်းဘာသာဖြင့် ဖတ်ချင်စရာစာအုပ် အမျိုးမျိုးထွက်ပေါ်လာ လိမ့်မည်။ ယခုအချိန်တွင် နယ်ပိုင်ဝန်ထောက်က စီရင်အုပ်ချုပ်သော မြို့နယ် တိုင်း ဘာသာစကားတစ်မျိုးစီရှိကြသည်။ မြို့နယ်တစ်ခုစီမှ ပညာသင်ယူသူ နည်းပါးသေးသည်။ ဤကဲ့သို့သော အခြေအနေ၌ပင် တီးတိန်၊ ဖလမ်းစသည့် မြို့များတွင် ချင်းဘာသာဖြင့် ထုတ်ဝေသော သတင်းစာများရှိနေပြီ မဟုတ် လော။ ယခုအချိန်တွင် စာအုပ်ထုတ်ဝေချင်သူရှိပါက ထုတ်ဝေ၍ရသည့် အခြေ အနေရှိသည်။ ဖတ်ရူသူနှင့်ဝယ်မည့်သူသာ နည်းပါးလိမ့်မည်။ ယခုအချိန်တွင် ချင်းဘာသာဖြင့်ထုတ်ဝေနေသော မဂ္ဂဇင်းနှင့် သတင်းစာများသည် အကျိုးမရှိ ဟု ဆိုနိုင်မည်လော။ ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားများ ထုတ်ဝေသော မဂ္ဂဇင်းက ချင်းအမျိုးသားများအတွက် မည်မျှပညာပေးသည်၊ ဆင်ခြင်တုံ တရားများမျှဝေသည်ကို စဉ်းစားသင့်ပေ၏။ တန်ဖိုးဖြတ်၍မရပေ။
(၃) ယနေ့သူငယ်တန်း၊ ပထမတန်း၌ ပညာသင်ဆည်းပူးလျက်ရှိသော ကလေးများသည် အသက်ငယ်ရွယ်ကြသည်မှာ မှန်ကန်ပါသည်။ သို့ရာတွင် ဘုံ စကားဖော်ထုတ်ပြီးပါက အဆိုပါကလေးများသည် ဘာသာစကားလေးမျိုးဖြင့် သင်ကြားလိမ့်မည်မဟုတ်ပါ။ သုံးမျိုးဖြင့်သာသင်ကြားရပါလိမ့်မည်။ ဥပမာ အားဖြင့် တီးတိန်မြို့နယ်တွင် တီးတိန်ဘာသာစကား သင်ယူမည့်အချိန်တွင် ဘုံဘာသာကိုသင်ရမည်။ အခြားသော ဖလမ်း၊ ဟားခါး၊ မတူပီ၊ ပလက်ဝနှင့် ကန်ပလက်တို့ကလည်း ထိုနည်းတူ သင်ကြားရပါမည်။ မိမိဒေန္တရဘာသာ စကားကိုကျောင်း၌ မသင်ဘဲတတ်ကျွမ်းနိုင်ပါသည်။ ချင်းဘုံဘာသာ စကားသည် ပလက်ဝနယ်သားများအတွက် ဗမာစာနှင့် အင်္ဂလိပ်စာထက် ပိုခက်ခဲလိမ့်မည်ဟူ သည့် အယူအဆကို ကျွန်တော်လက်သင့်မခံနိုင်ပါ။ ကျွန်တော်သည် မရာလူမျိုး နွယ်စုဖြစ်၏။ ဟားခါးစကားနှင့် မရာစကားတို့တွင် အသံထွက်၊ စာလုံးပေါင်းမတူ သည့် အရာများစွာရှိသည်။ ဥပမာ- မရာစကားတွင် n, ng, ir, awm, uai တို့ဖြင့် အဆုံး မသတ်ပါ။ သို့သော် မရာလူမျိုးများအတွက် ဟားခါးစကားသည် ဗမာ စကားနှင့် အင်္ဂလိပ်စကားတို့ထက် နားလည်ရန်ပိုလွယ်သည်။
(၄)ယခုအချိန်မှစ၍ ချင်းဘုံဘာသာစကားကိုစတင် အကောင်အထည် ဖော်ခဲ့လျှင် နှစ်ငါးဆယ်မပြောနှင့်၊ လာမည့်ဆယ့်ငါးနှစ် သို့မဟုတ်နှစ် နှစ်ဆယ် အတွင်း အောင်မြင်လိမ့်မည်။ ဟားခါးနယ်နှင့် မတူပီနယ် နေထိုင်သူအများစု က ဟားခါးစကားကို နားလည်ကြသည်။ ဟားခါးဘာသာ စာသင်ကျောင်း တည်ထောင်သည်မှာ နှစ်ငါးဆယ်မပြည့်သေးပေ။ ကျွန်တော်တို့ နယ်ဘက်မှာ ဆယ်နှစ်သာသာပင်ရှိသေးသည်။ ထိုကဲ့သို့ တိုတောင်းသောကာလအတွင်း ဟားခါးစကားကို နားလည်တတ်ကျွမ်းကြသည်ဖြစ်ပေရာ ထိုနည်းတူဘုံ ဘာသာစကားသည်လည်း ဆယ်နှစ်အတောအတွင်း အားလုံးတတ်ကျွမ်းရန် အလားအလာများစွာရှိသည်။ ဘုံဘာသာစကား ပေါ်ပေါက်လာသဖြင့် ဗမာ စကားနှင့် အင်္ဂလိပ်စကားတွင် ညံ့ဖျင်းကုန်လိမ့်မည်ဟု စိုးရိမ်စရာမလိုပါ။ ဗမာ စကားသည် မြန်မာနိုင်ငံ၏ ရုံးသုံးစာဖြစ်၍ အင်္ဂလိပ်စကားသည်လည်း ပြည် ထောင်အချင်းချင်း ဆက်ဆံရာတွင် သုံးသည့်စကားဖြစ်ကာ မသင်မနေရ ဘာသာရပ်များဖြစ်သဖြင့်သင်ယူရမည်။ ဘုံဘာသာစကားကြောင့် လူငယ် လူရွယ်များ ဗမာစာနှင့် အင်္ဂလိပ်စာတို့တွင် အားနည်းလာမည်ဟု ဆိုခြင်းသည် အဓိပ္ပါယ်မရှိပေ။
အရာတစ်ခုကို အကောင်အထည်ဖော်မည်ဆိုလျှင် ရင်ဆိုင်ရမည့်ပြ ဿနာ၊ အခက်အခဲသည် ရှိစမြဲဖြစ်သည်။ စာသင်ရာ၌လည်း ဆင်းရဲပင်ပန်း ခြင်းများစွာကြားမှ ရင်ဆိုင်ဖြတ်သန်းပြီး သင်ကြားရခြင်းဖြစ်ပေသည်။ ပြီး မြောက်အောင် သင်ယူပြီးနောက် အကျိုးရရှိ၏။ သို့ဖြစ်ရာ ဘုံစကားထားရှိ သတ်မှတ်နိုင်ရန်အတွက်အခက်အခဲများစွာရင်ဆိုင်ရမည်မှာ သေချာသည်။ သို့ နှင့်တိုင် ထိုအခက်အခဲကို အရှုံးမပေးဘဲ ရင်ဆိုင်ကျော်လွှား အနိုင်ယူရန်လို အပ်သည်။ ကြုံတွေ့ရသည့် အခက်အခဲများကို ရှောင်ရှားမနေဘဲ ဖြည်းဖြည်း နှင့် ရင်ဆိုင်ကြပါစို့။ ကျွန်တော်တို့ ချင်းတောင်၊ ချင်းလူမျိုးများအတွက် အရေး ကြီးဆုံး ဘုံဘာသာစကား ပေါ်ပေါက်လာရေးအတွက် စိတ်အားထက်သန်စွာ ဖြင့် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြပါစို့။
စာကြွင်း-ချင်းဘုံစကားထားရှိနိုင်ရေးနှင့် ပတ်သက်၍ ချင်းပါလီမန် မတ် များ အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။ အားလုံးသဘောတူသည်။ သို့ဖြစ် ၍ သက်ဆိုင်ရာအစိုးရလူကြီးများထံ အကြံအဉာဏ်များတောင်းခံနေပါသည်။ တောင်ခံသည့်အကြံအဉာဏ်များမှာ (က) ချင်းဘုံစကား သတ်မှတ်ရန်ဖြစ်နိုင် ချေရှိ၊ မရှိ၊ (ခ)အကျိုးရှိ၊ မရှိ၊ ယနေ့အထိ ပြန်ကြားချက်မရရှိသေးပါ။ လူကြီးများ၏ ပြန်ကြားချက်ကို မျှော်လင့်ချက်များစွာဖြင့် စောင့်နေကြတုန်း ပင်။
*****************
ချင်းဒီမိုကရေစီပါတီ (Chin Democracy Party) ဖွဲ့စည်းခြင်း
ဦးမန်တလင်း၊ ဝီလီယံဆာလျန်ဇမ်းနှင့် မိုက်ကယ်မန်ခမ်းတို့ သုံးဦး သည် ဘန်ကောက် မြို့ရှိ ဆူခုမ်ဗစ်လမ်းတွင် ဇူလိုင်လ ၂ ရက်နေ့ ၁၉၇၀ ခုနှစ်၌ ချင်း ဒီမိုကရေစီပါတီ (Chin Democracy Party) ကိုဖွဲ့စည်းကြပြီးဥက္ကဌ အဖြစ် ဦးမန်တလင်း (Pu Mang Tling)၊ ဒု- ဥက္ကဌအဖြစ် ဦးမန်ခမ်း (Pu Mang Kham) နှင့် အတွင်းရေးမှူးအဖြစ် ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)၊ တွဲဖက်အတွင်းအရေးမှူးအဖြစ် လျန်ထန်း (Pu Lian Thang) နှင့် ဘဏ္ဍရေးမှူး အဖြစ် ပေါလ်ရဲအောင် (Pu Paul Ye Aung)တို့မှ တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြ သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ ၁၉၇၁ တွင် CDP အားပြန်လည် ဖွဲ့စည်းခဲ့ကြ သည်။ အသစ်ပြန်လည် ဖွဲ့စည်းသည့် CDP တွင် ထိပ်ပိုင်းတာဝန် ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဥက္ကဌ ဦးမန်တလင်း (Pu Mang Tling)
- ဒု- ဥက္ကဌ ဝီလီယံဆာလျန်ဇမ်း (Pu William Sa Lian Zam)
- အတွင်းရေးမှူး ပေါလ်ကျာထော (Pu Paul Ca Thaw)
- ဘဏ္ဍရေးမှူး ဦးဒေးဗစ်ထန် (Pu David Thang)တို့ဖြစ်ကြသည်။
- အတွင်းရေးမှူး Pu Paul Ca Thaw တာဝန်မှ နှုတ်ထွက်ပြီးနောက် CDP အား မတ်လ ၂၅ ရက်နေ့ ၁၉၇၁ တွင် ပြန်လည် ဖွဲ့စည်းကြသည်။
- ဥက္ကဌ ဦးမန်တလင်း
- ဒု- ဥက္ကဌ ဝီလီယံဆာလျန်ဇမ်း
- အတွင်းရေးမှူး ဒေနီယဲလ် ထန်လျန်း [Pu Daniel Thang Lian (ဝါ) Pu Thang Za Pau]
- လက်ထောက်အတွင်းရေးမှူး လျန်ထန်း (Pu Lian Thang)
- ဘဏ္ဍရေးမှူး ထန်းလှယ်မန်း [Pu Thang Hlei Mang (ဝါ) Pu Michael Mang Kham]
- လက်ထောက် ဘဏ္ဍရေးမှူး ဦးဒေးဗစ်ထန် (Pu David Thang) တို့ဖြစ် ကြသည်။
ချင်းလွတ်မြောက်ရေးတပ်မတော် (Chin Liberation Army) ဖွဲ့စည်းခြင်း
ပါလီမာန်ဒီမိုကရေစီအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ချင်း တော်လှန် ရေးသမားများသည် ချင်းနာမည်ပါသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် ဆန္ဒရှိခဲ့ကြသည်။ ပြည်ချစ်လွတ်မြောက် ရေးတပ်မတော် ခေါင်း ဆောင်များမှလည်း ချင်းတပ်ဖွဲ့စည်းရန် အားပေးခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ထိုင်း၊ မြန်မာနယ်စပ် တော်လှန်ရေးနယ်မြေရောက် ချင်းတော်လှန်ရေး သမားများ သည် ၁၉၇၂ နှစ်လယ်ပိုင်းမှသာ ချင်းတော်လှန် ရေးတပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြ သည်။
မျိုးချစ်စခန်း (Phundawt Camp)
ချင်းလွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းပြီး သြဂုတ်လ ၂၅ ရက်နေ့ ၁၉၇၂ တွင် ချင်းတော်လှန်ရေးသမားများသည် ဗိုလ်မှူးဝီလီယံ ဆာလျန်ဇမ်း ခေါ်လာသည့် တပ်သား ၁၅၀ တို့နှင့်အတူ ကရင်နီလက်နက် ကိုင်နယ်မြေ အတွင်းရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party (KNPP) ဌာနချုပ် အနီးတွင် ပြောင်းရွှေခဲ့ကြ သည်။ ထိုနေရာတွင် ၁၅ ရက်ကြာ စခန်းအတွက် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြပြီး ထိုစခန်းအား ဥက္ကဌ ဦးမန်တလင်းမှ Phundawt Camp (မျိုးချစ်စခန်း) ဟုအမည်ပေးခဲ့သည်။
ချင်းလွတ်မြောက်ရေးတပ်မတော်တွင် ထိပ်ပိုင်းတာဝန်ရှိသူများမှာ အောက်ပါ အတိုင်းဖြစ်သည်။
- ဦးမန်တလင်း – စစ်ဦးစီးချုပ် (Chief of Staff)
- ဗိုလ်မှူး ဝီလီယံ ဆာလျန်ဇမ်း – (Battalion Commander)
- ဗိုလ်ကြီး ဘမြင့် (Lam Kang) – Medical Officer & Army Trainer (ဆေးမှူး နှင့် သင်တန်းမှူး)
- ဗိုလ်ကြီး လျန်ထန်း – ကြေးနန်းမှူး (Morse Code) နှင့် H.Q Coy Command (ဌာနချုပ်တပ်ခွဲမှူး)
- ဗိုလ်ကြီး ထန်းလှယ်မန်း – Quarter Master (စစ်ထောက်ချုပ်)
- ဗိုလ်ကြီး ဒေနီယဲလ်ထန်လျန်း – တပ်ဖွဲ့သတင်းပြန်ကြားရေးနှင့် မဟာမိတ်ဆက်သွယ်ရေးတာဝန်ခံ
- ဗိုလ်ကြီး ပေါလ်ရဲအောင် – Company Commander (တပ်ခွဲမှူး)
- အရာခံဗိုလ် ဝင်းမြင့်ဆန်း – Adjutant (စစ်ရေးချုပ်)
- အရာခံဗိုလ် ဇော်ဝင်း
- တပ်ကြပ်ကြီး ရာလ်သုမ် (Sergant Ral Tum)
တို့ဖြစ်ကြသည်။ ဗိုလ်ကြီးဘမြင့်သည်လည်း ဗမာ့တပ်မတော်မှ တော်လှန် ရေးနယ်မြေသို့ ထွက်ခွာ ခဲ့သူဖြစ်ပြီး ဗမာ့တပ်မတော်တွင် တာဝန်ထမ်း ဆောင်စဉ်ကာလတွင်လည်း ဆေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ် သည်။ ချင်းဒီမိုကရေစီပါတီဝင် Pu Paul Ca Thaw, Pu David Thang နှင့် Pu Alfred Sailo တို့သည် ချင်းလွတ်မြောက်ရေးတပ်သို့ ဝင်ရောက်ခြင်းမရှိဘဲ ပါတီတာဝန်ကိုသာ ထမ်းဆောင် ခဲ့ကြသည်။ ဗိုလ်မှူး ဝီလီယံဆာလျန်ဇမ်း သည် စစ်ဦးစီးချုပ် ဦးမန်တလင်းထံသို့ သူသာလျင် စစ်ဦး စီးချုပ်ဖြစ်သင့် ကြောင်း၊ စစ်ဦးစီးချုပ်ရာထူးအား သူ့ထံသို့လွှဲပေးရန် တောင်းဆို ခဲ့သည်။ ဦးမန် တလင်းမှလည်း သဘောတူခဲ့ပြီး စစ်ဦးစီးချုပ် ရာထူးကို ဗိုလ်မှူး ဝီလီယံ ဆာလျန်ဇမ်း ထံသို့ လိုလိုလားလားလွှဲပြောင်းပေးခဲ့သည်။
ကိုးကားစာအုပ်။
“မန်တလင်းခြေရာ” ၂၀၂၃ခုနှစ်။
ထုတ်ဝေသူ မရာစာပေနှင့် ယဉ်ကျေးမှုအသင်း။

