Headlines

Interview With ICA

ချင်းရေးရာအဖွဲ့ချုပ် (ICA) ဟာ ချင်းဒုက္ခသည်များအား လူသားချင်းစာနာမှုကူညီရေး၊ ပညာရေးနဲ့ သုတေသနလုပ်ငန်းများကို ပြုလုပ်နေတဲ့ အဖွဲ့ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့ပါတယ်။ချင်းရေးရာအဖွဲ့ချုပ် (ICA) က တကျော့ပြန် စစ်အာဏာသိမ်းပြီးနောက် လေးနှစ်အတွင်းမှာ ချင်းပြည်သူတွေရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေးနှစ်အတွင်းမှာ ချင်းပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တဲ့ ICA ကို ဆက်သွယ်မေးမြန်းထားပါတယ်။

CW- မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းတာ ၄ နှစ်ရှိပြီ၊ ၄ နှစ်အတွင်းချင်းပြည်သူ တွေရဲ့ အ ခြေ အ နေ ဘယ်လိုရှိလဲ

ICA-ချင်းပြည်နယ်အတွင်းနဲ့ အနီးအနားဝန်းကျင်ကို စစ်ဘေးရှောင်တဲ့ ချင်းပြည်သူက လည်း  အရမ်းများလာတယ် ၊မနှစ်ကဆိုရင်  တစ်သိန်းဝန်းကျင်ခန့်ထိရှိခဲ့ပါတယ်၊အခု လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့တွေ အားကောင်း လာတဲ့အတွက်ကြောင့် မြို့သိမ်းနိုင်ဖို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်လာတော့ စစ်ဘေးရှောင်တွေလည်း ပိုပိုများလာပြီးတော့ လုံခြုံတဲ့ ကျေးရွာတွေဘက်နဲ့ ကလေးမြို့တာဟန်းကို စစ်ဘေးရှောင်တဲ့သူက ၁ သိန်း ၃ သောင်းကျော်လောက်ရှိနေပြီ ၊အဲဒီသူတွေကလည်း  မြို့သိမ်းတိုက်ပွဲအတွင်း ကိုယ့်အိမ်၊ ကိုယ့်ဒေသမှာ နေလို့မရတော့ ကိုယ့်ရဲ့လုံခြုံမယ့် နေရာတွေဆီကကို အားလုံးက ထွက်ပြေးကြတာဆိုတော့  မြို့သိမ်းနိုင်တဲ့အချိန်ဆိုရင်လည်း စစ်ကောင်စီက နေရာတိုင်းကို ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေက အရမ်းကြောက်စရာကောင်းတော့  မြေမြုပ်ဗုံးတွေအားလုံးကို ရှင်းနိုင်မှ မဟုတ်ရင် ကိုယ့်အိမ်၊ ကိုယ့်ဒေသပြန်လာနေထိုင်ဖို့က  အရမ်းခက်ခဲသေးတယ် အဲဒါကြောင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးခဲ့ရင်တောင် ဘယ်လောက်ကြာကြာ လုံခြုံတဲ့ဒေသမှာ နေထိုင်ဖို့လိုအပ်အုန်းမယ့် အခြေအနေဖြစ်တယ်

CW-ချင်းစစ် ဘေးရှောင် တွေ အဓိကခိုလှုံ နေတဲ့မီဇိုရမ်ပြည်နယ်မှာ ချင်းစစ် ဘေးရှောင် တွေ အ ခြေ အ နေဘယ်လိုရှိလဲ ပြောပြ ပေးပါ။

ICA- မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ချင်းစစ်ဘေးရှောင်က စစ်ဘေးရှောင်စခန်းမှာနေတဲ့သူက ၄ သောင်း ၂ ထောင်ဝန်းကျင်ရှိပြီးတော့ စခန်းပြင်ပမှာ ကိုယ်တိုင်အိမ်ဌားပြီး မဟုတ်ရင်လည်း ကိုယ်အဆင်ပြေတဲ့နေရာမှာ နေထိုင်တဲ့သူတွေနဲ့ အားလုံးပေါင်းမယ်ဆိုရင် လူဦးရေ  ၅ သောင်း ၅ ထောင် နီးပါးရှိတယ်  အဲဒီထဲကနေ ပံ့ပိုးကူညီမှုပိုင်းက မီဇီုရမ်ကို စစ်ဘေးရှောင်တဲ့သူတွေကတော့ အားလုံးသိတဲ့အတိုင်းဘဲ အိန္ဒိယက တရားဝင် လက်ခံထားတဲ့သူတွေ မဟုတ်တဲ့အခါကြတော့ အကူအညီကတော့ အရင်ကတည်းက ကောင်းကောင်းရတဲ့ အခြေအနေမှာမရှိတဲ့ အနေအထားဆိုတော့ ဒေသတွင်း NGO တွေနဲ့ တတိယနိုင်ငံရောက်တဲ့  ချင်းညီအကိုတွေက ငွေကြေးစုပေါင်းကူညီတဲ့ဟာတစ်ခုတည်းကို အားကိုးပြီးနေထိုင်နေတဲ့သူတွေဖြစ်တော့  အခု ဘယ်လိုဆက်ပြီးပံ့ပိုးကူညီနိုင်ဖို့ဆိုတာစဉ်းစားရခက်တဲ့ဟာ တစ်ခုတော့ဖြစ်တယ်

CW-ချင်းပြည်နယ်နဲ့ချင်း တွေ နေထိုင်တဲ့ က လေး က ဘော် ဒေသမှာ ဖျက်ဆီးခံရတဲ့ အိမ် ခြေစုစု ပေါင်း ဘယ်နှစ်အိမ်ရှိလဲ ?

ICA-ဒီ ၄ နှစ်အတွင်း အိမ် ၄ ထောင်နီးပါး ၊၃၇၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်ပါတယ်၊ အဲဒီမယ် ၂၀၂၄ ခုနှစ်အတွင်း  မြို့သိမ်းနိုင်တဲ့ အရေတွက် များလာတာနဲ့အမျှ  စစ်ကောင်စီတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်တွေကလည်း အရမ်းများလာတယ်  ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နေအိမ် ၁၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်  အဲဒီမီးရှို့ခံရတဲ့အထဲ လေ ကြောင်းက နေ တိုက်ခိုက်လို့ မီးလောင်ပျက်ဆီးတဲ့ နေအိမ်စာရင်းမပါသေးဘူး နောက်ပြီး ကျနော်တို့ စာရင်းလုပ်ထားတာက  စစ်ကောင်စီတပ်ကသွားပြီး မီးရှို့ဖျက်ဆီးတဲ့ဟာ နောက်ပြီး သူတို့နေတဲ့နေရာကနေ  လက်နက်ကြီးနဲ့ ဖျက်ဆီးတဲ့ဟာတွေကိုပဲ  စာရင်းထဲထည့်တာဖြစ်ပါတယ်။

လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်ပျက်စီးခံရတဲ့ စာရင်းက အိမ် ခြေ ၁၂၀၀ ကျော် ဖြစ်ပါတယ်။  ကျနော်တို့ ချင်းပြည်နယ်နဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတဲ့စုစုပေါင်းအ ရေအတွက်ဟာ ၅ ထောင်နီးပါးဖြစ်ပါတယ်။

CW- စစ် ကောင်စီက လေ ကြောင်းက နေဗုံးကြဲတိုက်ခိုက်လို့ သေဆုံးတဲ့ ပြည်သူအ ရေအတွက် သိချင်ပါတယ်။

ICA-လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်းလူမျိုးထဲက လူဦးရေ ၂၀၀ ခန့်သေဆုံးပြီဖြစ်ပြီး သေတဲ့စာရင်းကိုကြည့်တဲ့အခါမှာ   အများစုက အရပ်သားပြည်သူတွေဖြစ်ကြပြီးတော့  အနည်းစုက  လက်နက်ကိုင်တော်လှန်ရေးသမားတွေဖြစ်တယ် အဲဒါကိုကြည့်ခြင်းအားဖြင့် စစ် ကောင်စီက လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်တဲ့အခါ  အရပ်သားပြည်သူနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီးတော့ ကြဲတာကို သေချာသိရတယ်

CW- ၄ နှစ်အတွင်း စစ်ကောင်စီရဲ့ မြေမြုပ်မိုင်း ကြောင့် သေတဲ့ပြည်သူ အရေအတွက် သိချင်ပါတယ်။

ICA-မြေမြုပ်မိုင်းကြောင့် သေဆုံးတဲ့စာရင်းကိုကြည့်ကြည့်တဲ့ခါ  ၇၇ ဦးခန့်ဟာ မြေမြုပ်မိုင်းကြောင့် သေဆုံးခဲ့ရပြီဖြစ်ပြီး  အဲဒီထဲကနေ ကာကွယ်ရေးတပ်ဖွဲ့က  လူဦးရေ ၂၈ ဦးခန့် ရှိပြီးတော့  အရပ်သားပြည်သူက  ၄၀ ဝန်းကျင်ရှိပြီးတော့  အဲဒါကို ပြန်ကြည့်တော့  မြေမြုပ်မိုင်းက အရမ်းကြောက်ဖို့ကောင်းပြီးတော့  ချင်းလူမျိုးတွေက တောင်ယာလုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့သူတွေဖြစ်တဲ့ခါကြတော့  စကစ တွေက သူတို့သွားလာခဲ့တဲ့ နေရာတွေမှာ မဟုတ်ရင်လည်း  စခန်းအနီးအနားတွေ နောက်ပြီး သူတို့ ရောက်တဲ့ နေရာတွေမှာ မြေမြုပ်မိုင်းကိုထောင်ထားကြပြီးတော့ ပြန်မဖြုတ်ထားတဲ့ခါကြတော့ ပစ်ခတ်တိုက်ပွဲတွေ မရှိတော့ဘူးဆိုပြီး  ကိုယ်စီအိမ်ပြန်ပြီး  ကိုယ့်ရဲ့ နဂိုအလုပ်လေးကို တောင်ယာအလုပ်လုပ်တဲ့ခါ တောင်ယာသွားတဲ့လမ်းမှာ မြေမြုပ်မိုင်းနှင်းမိလို့ သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေက အများစုဖြစ်တယ်  အဲဒါကြောင့်  ဒီ မိုင်းက အရမ်းကြောက်ဖို့ကောင်းတဲ့ဟာဖြစ်တော့ မြို့သိမ်းနိုင်ခဲ့ပြီးရင်တောင်မှ  လမ်းမိုင်းမရှင်းလင်းနိုင်ဘူးဆိုရင်  ပြည်သူတွေလူထုရဲ့ပြန်လည်နေထိုင်နိုင်ဖို့က တော်တော်ခက်အုန်းမယ်

CW-၄ နှစ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့က ဘယ်နှစ်ဦး သေဆုံးခဲ့ပြီလဲ ?

ICA-၄ နှစ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့က  ၄၇၄ ဦးက အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပြီးတော့  အဲဒီမှာ အများစုက  ပစ်ခတ်မှုတွေကြောင့် သေဆုံးရတာဖြစ်ပြီး တစ်ချို့က လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးတာလည်းရှိပြီးတော့ တစ်ချို့က အဖမ်းအဆီးခံရလို့ သေဆုံးတာလည်းရှိပြီး အလွယ်ပြောရရင် ပစ်ခတ်တိုက်ပွဲအတွင်း သေဆုံးတာက အများဆုံးဖြစ်တယ် 

ချင်းပြည်နယ်မှာ မြို့ပေါင်း ၂၀ ရှိပြီး၊ အဲ့ဒီအနက် ၁၅ မြို့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ၊ ဆမီး၊ ကျင်ဒွေး၊ မကွီအိမ်နူး၊ ရေဇွာ၊ နှာရိန်၊ ဆူရ်ခွာ၊ ရိခေါဒါရ်၊ ဝေဘူလ၊ ကျီခါးနဲ့ လိုင်လင်းပီ တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *