ကိုဇံ (ချင်းတောင်)
၂၀၂၄ ခုနှစ် ဘိန်းစိုက် ရာသီအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC)၏ စစ်တမ်းရလဒ် ထုတ်ပြန်ချက် အရ ချင်းပြည်နယ်မှာဘိန်း စိုက်ပျိုးမှု ၁၈% မြင့်တက် သွားကြောင်း အားလုံး သိရှိပြီး ဖြစ်မည်ထင်ပါသည်။
UNDOC ၏ စစ်တမ်းကောက်ယူခဲ့သည့် ဒေသများကို ကြည့်လိုက်မည် ဆိုပါက ချင်းပြည်နယ်တွင် တွန်းဇံမြို့နယ်ကို အဓိကထားလေ့လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ စာတမ်း ထဲတွင်လည်း “ချင်းပြည်နယ် တွင် တွန်းဇံမြို့ မြောက်ဘက်
ရှိ တောင်ကုန်းများတွင် စိုက်ပျိုးမှု သိပ်သည်းဆ မြင့်မား နေကြောင်း တွေ့ရှိခဲ့သည်” ဟု ဖော်ပြခဲ့သည်။တီးတိန်မြို့နယ်၊ လေသာတောင်တန်း အရှေ့ဘက် ခြမ်း နှင့် ပတ်သက်ပြီး လေ့လာထားတာမျိုးမရှိသေးသည်ကို တွေ့ရှိခဲ့ရသည်။
ဘိန်းစိုက်ရာသီ
မြန်မာ နိုင်ငံတွင် ဘိန်းစိုက်ရာသီကို သုံးမျိုး ခွဲထားတာ တွေ့ခဲ့ရ ပါသည်။ မိုးသီး (Monsoon)၊ ပုံမှန်(Normal) နှင့် ဆောင်းသီး (Late) ဆိုပြီး ခွဲထားခဲ့သည်။ ချင်းပြည်နယ်တွင် မိုးတွင်း စိုက်ပျိုးမှုများလည်းရှိလာသည်ဟု တချို့ သတင်း အရင်းအမြစ်များက ပြောကြား ခဲ့ကြသော်လည်း UNODC ၏စစ်တမ်းတွင်မူ ပုံမှန် စိုက်ပျိုးမှု (Normal Cultivation) အဖြစ်သာ သတ်မှတ်ထားပြီး စိုက်ပျိုး ရာသီကိုစက်တင်ဘာလ နှင့် ဇန်နဝါရီလ ကြား အဖြစ် ဖော်ပြ ထား ပါသည်။
တနိုင်ငံလုံး စိုက်ပျိုးမှု အခြေအနေ
၂၀၂၀-၂၁ ဘိန်းစိုက် ရာသီ ကနေ စတင်ပြီး ပြုလုပ်ခဲ့သည့် UNODC ၏ စစ်တမ်း အရ ၂၀၂၂-၂၃ အထိ ၃ နှစ် အတွင်း ဘိန်း စိုက်ပျိုးမှုရော၊ ထုတ်လုပ်မှုပါ အတက်ဘက်သို့ ဆက်တိုက် ရောက်ရှိခဲ့ ပါသည်။၂၀၂၃ ခုနှစ် မှာ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ဘိန်းခင်း ဧက ၁၁၆,၃၈၆ (၄၇,၁၀၀ ဟတ်တာ) ရှိခဲ့ပြီးအရင် နှစ် ထက် ၁၈ % မြင့်တက်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၄ %ကျဆင်း လာခဲ့ပြီး ဘိန်းခင်း ဧက ပေါင်း ၁၁၁,၆၉၁ (၄၅၂၀၀ ဟတ်တာ) ရှိသည်ဟု ခန့်မှန်းခဲ့သည်။
၂၀၂၄ ခုနှစ်တွင် လည်း ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဘိန်း စိုက်ပျိုးမှု အများဆုံး ပြည်နယ် အဖြစ်ဆက်လက် ရှိနေခဲ့ပြီး တစ်နိုင်ငံလုံး စိုက်ပျိုးမှု၏ ၈၈% ရှိခဲ့ ပါသည်။ ၂၀၂၃ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ခုနှစ်တွင် ရှမ်းပြည်နယ် ၌ ဘိန်းစိုက်ပျိုးမှု ၄% ၊ ကချင် ပြည်နယ်တွင် ၁၀% လျော့ကျ လာခဲ့ပြီးချင်းပြည်နယ်တွင် ၁၈ % နှင့် ကယားပြည်နယ်တွင် ၈ % အသီးသီး မြင့်တက်လာ ခဲ့ ပါသည်။
၂၀၂၃ ခုနှစ် က စပြီး စစ်ကိုင်းတိုင်း မြောက်ပိုင်း ရှိ နန်းယွန်းမြို့နယ် တွင် ဘိန်းစိုက်ပျိုးမှု ရှိလာသည်ဟူသော သတင်းကြောင့် UNODC မှ စတင် စစ်တမ်း ကောက်ခဲ့ကြပြီး ၂၅၀ ကနေ ၃၀၀ ဟတ်တာ ကြားရှိနိုင်သည် ဟု ခန့်မှန်းခဲ့ကြရာ မှ ၂၀၂၄ ခုနှစ်တွင် ဟတ်တာ ၂၀၀ ခန့်သို့ ပြန်လည် ကျဆင်း သွားခဲ့ဟုလည်း စစ်တမ်းတွင် ဖော်ပြထား ခဲ့သည်။ ပိုမို တိကျသော အတည်ပြုချက် နှင့် တွက်ချက်မှုများရရှိနိုင်ရန် ဆောင်ရွက် နေဆဲ ဖြစ်သည် ဟုလည်း သီးသန့် ဖော်ပြခဲ့သည်။
ဘိန်းစိမ်း ထွက်နှုန်း သည် အရင် နှစ်ထက် ၄ % ခန့် ကျဆင်း လာခဲ့ပြီး ဟတ်တာ တစ်ခု (၂.၄၇ ဧက)ကနေ ၂၂ ကီလိုဂရမ် (၁၃ ပိဿာ) ခန့် ထွက်ရှိမည်ဟု ခန့်မှန်း ရသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်ဘိန်းစိမ်း ၉၉၅ မက်ထရစ်တန် (၇၀၀ နှင့် ၁၅၈၀ ကြား) (ပိဿာ အားဖြင့် 592,261 ကျော်)ထွက်ရှိမည်ဟု ခန့်မှန်းကာ အရင်နှစ် ထက် ၈% လျော့နည်း လာခဲ့သည်။၂၀၂၃ ခုနှစ်တွင် ဘိန်းစိမ်း တစ် ကီလိုဂရမ်ကို ဒေါ်လာ ၃၁၇ ခန့် ထိ ဈေးတက် ခဲ့သော်လည်း ၂၀၂၄ခုနှစ်တွင် ဒေါ်လာ ၃၀၀ ခန့်သာ (တစ်ပိဿာ လျှင် ဒေါ်လာ ၅၀၄ ) ရရှိခဲ့ ကြသည်။ ၂၀၂၄-၂၅ ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက် တောင်သူများ အနေ ဖြင့် ဒေါ်လာ သန်းပေါင်း ၂၃၀ ကနေ ၅၁၅ ကြား ရရှိနိုင်တယ်
လို့လည်း ခန့်မှန်း ထားပါသည်။ ၂၀၂၄ ခုနှစ် အတွင် မြန်မာနိုင်ငံ၏ ဘိန်းဖြူ ထုတ်လုပ်မှု တန်ဖိုးသည်ဒေါ်လာ ၅၈၉ သန်း ကနေ ၁၅၉၀ သန်း (1.59 billion) ကြား ရှိပြီး မြန်မာနိုင်ငံ၏ ၂၀၂၃ ခုနှစ် GDP ၏၀.၉ % ကနေ ၂.၄ % ကြား ရှိ သည်ဟု လည်း ဖော်ပြခဲ့သည်။
ချင်းပြည်နယ် အတွင်း စိုက်ပျိုးမှု
ချင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ် ၌ ဘိန်းစိုက်ခင်း ဟတ်တာ ပေါင်း ၇၀၀ (၅၉၀-၈၂၀ ကြား) ရှိသည်ဟုတွက်ချက် ထားပါသည်။ ဧက အားဖြင့် ၁,၇၂၉ ဧက ရှိပါသည်။ ၂၀၂၄ ခုနှစ် တွင် ဘိန်းစိုက်ခင်း ၁၈ %ထိ မြင့်တက်လာခဲ့ ပြီး ဟတ်တာ ပေါင်း ၈၃၂ (၈၀၆-၈၅၈) ရှိသည်ဟု တွက်ချက် ခဲ့သည်။ ဧက အားဖြင့်၂,၀၅၅ ဧက ကျော် ရှိပါသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ ဘိန်းစိုက်ခင်းများ၏ ၁.၈% ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။
ဘိန်းစိမ်း ထွက် ရှိမှုတွင် လည်း ၂၀၂၃ ခုနှစ်တွင် ၁၆.၂ မက်ထရစ်တန် (13.4 -19.0 ကြား) ရှိသည်ဟုဖော်ပြခဲ့သည်။ ယင်း ပမာဏ သည် ပိဿာ အားဖြင့် ၁၀,၀၀၀ ပိဿာ (တစ်သောင်း) ခန့် ရှိသည်။၂၀၂၄ ခုနှစ်တွင်မူ ဘိန်းစိမ်း ထုတ်လုပ် နိုင်မှု ၁၃ % မြင့်တက်ခဲ့ပြီး ၁၈ မက်ထရစ်တန် (၁၇.၁- ၁၉.၅)ထုတ်လုပ် နိုင်သည်ဟု တွက်ချက် ထား ပါသည်။ ယင်း ပမာဏ သည် ပိဿာ အားဖြင့် ၁၁,၁၁၁ ပိဿာခန့် ရှိသည်။
ဒေသတွင်း သတင်းအရင်းအမြစ်များ နှင့် နှိုင်းယှဉ်ခြင်း
တီးတိန်မြို့နယ် အရှေ့ဘက် ရှိ လေသာတောင်တန်း ပေါ်တွင် ဘိန်း စိုက်ပျိုးမှုများ ရှိသည်ဟု ဒေသခံများမှ ပြောကြား ခဲ့သော်လည်း UNODC ၏ စစ်တမ်း အစီရင်ခံစာတွင် ယင်း ဒေသများ ပါဝင်ခြင်းမရှိခဲ့သည် ကို တွေ့ခဲ့ ရသည်။ ယင်း အပြင် ချင်းပြည်နယ်တွင် မိုးတွင်းသီး ခေါ် Monsoon Cultivationရှိလာသည်ဟု ဒေသခံ သတင်း အရင်းအမြစ်များ မှ ပြောကြား ခဲ့သော်လည်း ယခု အစီရင်ခံစာ တွင်မူပုံမှန်ရာသီ စိုက်ပျိုးမှု (Normal Cultivation) သာ ရှိသည့် ဒေသ အဖြစ် ဖော်ပြခဲ့သည်။
ဘိန်းစိမ်း ထွက်နှုန်း နှင့် ပတ်သက်၍ 2024 ခုနှစ်တွင် မိုးများသည့် အတွက် ချင်းပြည်နယ် ရှိဘိန်းစိုက်ခင်းများ အနေဖြင့် ဘိန်းစိမ်း ထွက်နှုန်း အတော် ထိခိုက်ခဲ့ပြီး အရင် နှစ်များ လောက် မကောင်းနိုင်ကြောင်း ဒေသခံများမှ လည်း ပြောကြားခဲ့သည်။ဘိန်းစိမ်း ဈေးကွက် နှင့် ပတ်သက်ပြီး မြန်မာ နိုင်ငံ၏ ပျဉ်းမျှ ဈေးနှုန်း ဖြစ်သည့် တစ်ကီလိုဂရမ် လျှင်ဒေါ်လာ ၃၀၀ (၁ ပိဿာ ဒေါ်လာ ၅၀၀ ခန့်) အဖြစ် ယခု စစ်တမ်း အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း ချင်းပြည်နယ်တွင် မူ ဘိန်းစိမ်း တစ်ပိဿာ သည် ကျပ် သိန်း ၇၀ အထက်တွင် ရှိသည်ဟုဒေသခံ သတင်း အရင်းအမြစ်များ မှ ပြောကြား ခဲ့ရာ တနိုင်ငံလုံး ပျဉ်းမျှ ဈေးနှုန်း နှင့် ဒေသ ဈေးနှုန်းအတော် ကွာဟ ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ခိုင်မာတဲ့ Chin World Media ၏ သတင်း အရင်းအမြစ်များ အရ ၂၀၂၃ ဘိန်းစိုက် ရာသီတွင် ဘိန်းစိမ်းတစ်ပိဿာ သည် ကျပ် သိန်းပေါင်း ၁၂၀ ဖြစ့် ဈေးသိမ်း သွားခဲ့ကြောင်း၊ ၂၀၂၄ ဘိန်းစိုက် ရာသီတွင်မူတစ်ပိဿာ ကျပ် သိန်း ၇၀ (၁ ကီလိုဂရမ် ကို ရူပီး ၁ သိန်း) ဖြင့် ဈေး စဖွင့် နေကြောင်း၊ တောင်သူအများစုသည် ဘိန်းဆီများကို ရောင်းချခြင်း မပြုသေးဘဲ ဈေးတက်မည့် အချိန်အတွက် သိုလှောင်ထားကြကြောင်း၊ လက်ရှိ (၂၀၂၅ ဇန်နဝါရီလ ကုန်)တွင် ဆောင်းလယ် သီးများ သိမ်း ခဲ့ပြီ ဖြစ်ပြီးဆောင်းနှောင်းသီး (နောက်ကျသော အသီးများ) စတင် ရိတ်သိမ်း တော့မည် ဖြစ်ကြောင်း၊ရာသီဉတုကြောင့် ယခု နှစ်တွင် အရင်နှစ်လောက် အထွက် မကောင်းကြောင်း စုံစမ်း မေးမြန်း သိရှိရ
ပါသည်။