

Salai khup Khup
ပလက်ဝမြို့နယ်တွင် မတ်လ ၁၄-၁၅ ရက်နေ့က မြန်မာ့တပ်မတော် လေကြောင်း တိုက်ခိုက်မှုကြောင့် မိတ်စာဝရွာ ၃ တွင် အရပ်သား ၂၃ ဦးသေဆုံးပြီး အလောင်း(၃)လောင်းကိုသာ အသုဘစီစဉ်ပေးမှု လုပ်ပေးနိုင်ပြီး အခြားအလောင်းများကို ပစ်ထားခဲ့ရကြောင်း စစ်ဘေးရှောင်လာသူဒေသခံများ၏ ပြောပြချက်အရသိရသည်။
ပလက်ဝ ဒေသခံ ရွာသားတစ်ဦးက “မိတ်စာဝရွာ(၃) ကိုပစ်ပြီးတော့ ကျတော်တို့ရွာကိုပစ်တယ်။ အဲဒီမှာအသက် ၇၀ ရှိပြီဖြစ်တဲ့ ကျွန်တော့်အဖေလည်းသေဆုံးသွားတယ်။ သူ့အလောင်းကိုလည်း မယူလိုက်ရဘူး” ဟုပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ၂၃ ဦးထဲတွင် ၃ဦး၏ အလောင်းကိုသာ ကောင်းမွန်စွာ သင်္ဂြုလ်လိုက်ရပြီး ကျန် ၂၀ ယောက်၏ အလောင်းကို ပစ်ထားခဲ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။
မတ်လ ၁၄ရက်-၁၅ရက်အကြား မြန်မာ့တပ်မတော် လေကြောင်းဖြင့် ပလက်ဝမြို့နယ် ကျေးရွာ အချို့တွင် ရက္ခိုင့်တပ်မတော်AAအဖွဲ့ ရှိသည်ဟု ဗုံးကြဲရာ ဒေသခံ အရပ်သား အမြောက်များ သေဆုံးပြီး ဒဏ်ရာရရှိသူ အမြောက်များ ရှိခဲ့ကြောင်းလည်း သိရသည်။
မတ်လ ၁၄-၁၅ ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ် ကျေးရွာနေ ဒေသခံ အမြောက်အများမှာ မိမိဒေသတွင် နေထိုင်ရမည် စိုးရိမ်ခြင်းကြောင့် ဆမီးဖက်သို့ ပြောင်းရွှေ့ကြကြောင်းသိရသည်။
Zawgyi
ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူမ်ား၏ အေလာင္း အမ်ားစု ျဖစ္သလိုထားခဲ့ရ
ပလက္ဝၿမိဳ႕နယ္တြင္ မတ္လ ၁၄-၁၅ ရက္ေန႔က ျမန္မာ့တပ္မေတာ္ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ မိတ္စာဝရြာ ၃ တြင္ အရပ္သား ၂၃ ဦးေသဆုံးၿပီး အေလာင္း(၃)ေလာင္းကိုသာ အသုဘစီစဥ္ေပးမႈ လုပ္ေပးနိုင္ၿပီး အျခားအေလာင္းမ်ားကို ပစ္ထားခဲ့ရေၾကာင္း စစ္ေဘးေရွာင္လာသူေဒသခံမ်ား၏ ေျပာျပခ်က္အရသိရသည္။
ပလက္ဝ ေဒသခံ ရြာသားတစ္ဦးက “မိတ္စာဝရြာ(၃) ကိုပစ္ၿပီးေတာ့ က်ေတာ္တို႔ရြာကိုပစ္တယ္။ အဲဒီမွာအသက္ ၇၀ ရွိၿပီျဖစ္တဲ့ ကၽြန္ေတာ့္အေဖလည္းေသဆုံးသြားတယ္။ သူ႔အေလာင္းကိုလည္း မယူလိုက္ရဘူး” ဟုေျပာသည္။
ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားသည့္ ၂၃ ဦးထဲတြင္ ၃ဦး၏ အေလာင္းကိုသာ ေကာင္းမြန္စြာ သျဂၤဳလ္လိုက္ရၿပီး က်န္ ၂၀ ေယာက္၏ အေလာင္းကို ပစ္ထားခဲ့ရေၾကာင္း ေဒသခံတစ္ဦးကေျပာသည္။
မတ္လ ၁၄ရက္-၁၅ရက္အၾကား ျမန္မာ့တပ္မေတာ္ ေလေၾကာင္းျဖင့္ ပလက္ဝၿမိဳ႕နယ္ ေက်းရြာ အခ်ိဳ႕တြင္ ရကၡိဳင့္တပ္မေတာ္AAအဖြဲ႕ ရွိသည္ဟု ဗုံးၾကဲရာ ေဒသခံ အရပ္သား အေျမာက္မ်ား ေသဆုံးၿပီး ဒဏ္ရာရရွိသူ အေျမာက္မ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။
မတ္လ ၁၄-၁၅ ရက္ေန႔တြင္ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ပလက္ဝၿမိဳ႕နယ္ ေက်းရြာေန ေဒသခံ အေျမာက္အမ်ားမွာ မိမိေဒသတြင္ ေနထိုင္ရမည္ စိုးရိမ္ျခင္းေၾကာင့္ ဆမီးဖက္သို႔ ေျပာင္းေရႊ႕ၾကေၾကာင္းသိရသည္။