Headlines

မြန်မာနိုင်ငံအတွင်း မီဇိုယာဉ်မောင်း သေဆုံးခဲ့မှုကြောင့် အိန္ဒိယ – မြန်မာ ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ပိတ်လိုက်တယ်လို့ သိရ

created by Polish

ဖေဖော်ဝါရီလ ၁၆ ရက်။

မြန်မာနိုင်ငံ ဘက်ကို ကုန်ပစ္စည်းပို့ဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က မီဇိုးယာဉ်မောင်းအမျိုးသားသေဆုံးတဲ့အမှုကြောင့် မီဇိုရမ်ပြည်နယ်က ဗဟိုလိုင်လူငယ်အသင်း Central Young Lai Association ( CYLA) က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်လိုက်တယ်လို့ မီဇိုရမ်အခြေစိုက် သတင်းဌာနတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မီဇိုးယာဉ်မောင်းအမျိုးသားသေဆုံးသွားသည့် နေရာဟာ လက်ရှိ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် အာရက္ခတပ်တော် ( ULA / AA) ကို လည်း ဖုန်းဖြင့် ဆက်သွယ်ကာ အမှုကို သေချာစွာ စုံစမ်းဆောင်ရွက်ပေးဖို့ CYLA ဘက်က အသိပေးအကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မီဇိုးယာဉ်မောင်းတစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် Pu Lalremsanga သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Pickup ကားတစ်စီးနဲ့ မြန်မာဘက်ခြမ်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝ ( Salachhuah) ကျေးရွာကို ကုန်ပစ္စည်းတွေ ပို့ဆောင်ခဲ့ပြီး ရှင်းလက်ဝကျေးရွာကို ညနေပိုင်းတွင်ရောက်ရှိပြီး ည ၉ နာရီလောက်ကစလို့ သတင်းအစအနမသိရဘဲ ပျောက်ဆုံးသွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရှင်းလက်ဝရွာက ဆိုင်ရှင်တဦးက ပျောက်ဆုံးသွားသူရဲ့ ယာဉ်မောင်းလိုင်စင်နဲ့ ကားသော့တွေကို ၎င်းညီဖြစ်သူထံ လာရောက်ပေးအပ်ခဲ့ပြီး ပျောက်ဆုံသူနှင့် ပက်သက်ပြီး တစုံတရာမသိရတဲ့အကြောင်းကိုလည်း ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပျောက်ဆုံးသွားသူ မီဇိုးယဉ်မောင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ၎င်းရုပ်အလောင်းကို Salaချောင်း နဲ့ ကုလားတန်မြစ် ပေါင်းစုံရာမှာ တွေ့ရှိရပြီး သေဆုံးသူ၏ ရုပ်အလောင်းကိုလည်း လက်ရှိ ဆေးရုံမှာ စစ်ဆေးနေသလို ဘာကြောင့် သေဆုံးရသည်ကို တော့ မသိရသေးဘူးလို့လည်း သိရပါတယ်။

အခုလို မီဇိုးယာဉ်မောင်းတစ်ဦး သေဆုံးမှု အမှုမှန် မသိရတာတွေကြောင့် လောင်တလိုင်မြို့နဲ့ ရှာဟာမြို့ကနေ မြန်မာနိုင်ငံဘက်က်ခြမ်းကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းအားလုံးကို CYLA နဲ့ လောင်တလိုင်ခရိုင် Pickup Association – ကုန်တင်ယာဉ်များ အသင်းက ယာယီပိတ်ဆို့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်နဲ့ ရှာဟာမြို့ဟာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန် စက်သုံးဆီနဲ့ ဆေးဝါးတွေ တင်ပို့ တဲ့ အဓိကလမ်းကြောင်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *