
ဖေဖော်ဝါရီ ၁၁ ရက်။
ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ချင်းပြည် (Chinland) လွှတ်တော်၊ ချင်းပြည် (Chinland) အစိုးရအဖွဲ့၊ ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ်၊ ချင်းပြည် (Chinland) စာရင်းစစ်ချုပ် များကို ခန့်အပ်ခြင်း၊ ဖွဲ့စည်းကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ဦးဆောင်တဲ့ Chinland Council က ဒီကနေ့ဖေဖော်ဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ကြေငြာပါတယ်။
၂၀၂၃ ခုနှစ်နှစ်ကုန်မှာစတင်ခဲ့တဲ့ ချင်းပြည် (Chinland) ကောင်စီဟာ သက်တမ်းတစ်ခုကို ၂ နှစ်စီသတ်မှတ်ထားပါတယ်။
Chinland Council ကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရအဖွဲ့ရဲ့ဒုတိယသက်တမ်းဝန်ကြီးချုပ်အဖြစ် ပလက်ဝမြိုနယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆလိုင်းမျိုးထိုက် ရွေးချယ်ခံရပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်မှ ၇ ရက်အထိ ချင်းလုံမြို့မှာ ဒုတိယသက်တမ်း ချင်းပြည်ကောင်စီ၊ချင်းပြည်အစိုးရအဖွဲ့ရဲ့ပထမအကြိမ် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီးစစ်ရေးစီမံချက်များ အပါအဝင် ကဏ္ဍ ၇ ခုကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

