Headlines

ပလက်ဝမြို့မှာ ခရစ်ယာန်သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ ခရစ်တော်၌ အိပ်ပျော်

ဇန်နဝါရီလ ၁၃ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံချင်းလူမျိုး “ အင်္ဂလီကန် အသင်းတော်၊စစ်တွေသာသနာပိုင်နယ်၊ သာသနာပိုင်ကြီး ဘီးရှော့ဗာနဗထောင်ဝှေ့ အသက်တော် ၈၂ နှစ်၊ သိက္ခာတော် ၅၇ ဝါ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီ ခွဲဝန်းကျင်မှာ ပလက်ဝမြို့မှာ ခရစ်တော်၌ အိပ်ပျော်သွားတယ်လို့ သိရပါတယ်။

အင်္ဂလီကန် အသင်းတော်၊သာသနာပိုင်ကြီး ဗာနဗထောင်ဝှေ့ကို မနေ့က ဇန်နဝါရီ (၁၂) ရက်နေ့ မွန်းလွဲပိုင်းအချိန် ပလက်ဝမြို့မှာ ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့အညီ င်္သဂြိုလ်ခဲ့ပြီး ပလက်ဝမြို့က လူထုပရိတ်သတ်တို့ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝဒေသခံ စစ်တွေသာသနာပိုင်နယ်မှ သာသနာပိုင်ကြီး (အနားယူသာသနာပိုင်ကြီး) ဘီးရှော့ဗာနဗထောင်ဝှေ့ ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပိုခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ခရစ်ယာန် သာသနာရေးရာနဲ့ ယုံကြည်သူတွေ ဝိညာဉ်ခွန်အားအတွက် နှစ်ပေါင်း ၇၅ နှစ်ကြာ ထမ်းရွက်လာမှုနဲ့အတူ ယုံကြည်ခြင်း၊ ငြိမ်းချမ်းခြင်း နဲ့ လူထုအကျိုးအတွက် သာသနာပိုင်ကြီး ဗာနဗထောင်ဝှေ့ ရဲ့ ရွက်ရွက်ချွံချွံ ဆောင်ရွက်ခဲ့တဲ့ အမွေအနှစ်တွေကို လေးစားဂုဏ်ပြုတယ်လို့ လည်း ULA/AA ရဲ့သဝဏ်လွှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဘီးရှော့ကြီး ဗာနဗထောင်ဝှေ့ ဟာ ခရစ်ယာန်သာသနာ့လုပ်ငန်းတွေကို စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တဲ့အပြင် ပလက်ဝမြို့နယ်အတွင်း လူမှု့စီးပွားဖွံ့ဖြိုးရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ပလက်ဝဒေသခံတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *