
ဇန်နဝါရီလ ၂၃ ရက်။
ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် ၊ Khuhcah khua (ကုချ)ကျေးရွာမှာ မနေ့ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ်ရွယ် သမီးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ ထန်တလန် ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ Pu Ceu Hnin Thang က ဇနီးဖြစ်သူ Pi Ni Cer Hnem အသက် ၃၄ နှစ်နဲ့ သမီးဖြစ်သူ Nu Iang Par အသက် ၁၂ နှစ်အရွယ်ရှိ သမီးဖြစ်သူတွေကို မနေ့ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ အိပ်ယာပေါ်မှာပဲ ဇနီးနဲ့ သမီးကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးရင်ခဲ့ပြီး အခင်းဖြစ်ပွားချိန် ဇနီးဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့ပေမယ့် သမီးကိုတော့ ဒဏ်ရာပြင်းထန်ရပြီး ဆေးရုံပို့ခဲ့ကြပေမယ့် လမ်းပေါ်မှာ ဆုံးသွားခဲ့ကြောင်းလည်း သိရပါတယ်။
သေနတ်နဲ့ ဇနီးမယားနဲ့ သမီးကို ပစ်သတ်ခဲ့တဲ့ Pu Ceu Hnin Thang မှာ သားသမီး ၃ ဦးရှိပြီး သမီးအကြီးက ဟားခါးမှာ ကျောင်းတက်နေပြီး သမီးလတ်ဖြစ်သူက အခင်းဖြစ်ပွားရာမှာ ပစ်ခတ်ခံရပြီး ဆုံးပါးသွားခဲ့ရတာဖြစ်ပြီး သမီးအငယ်ဆုံးလေးတော့ ထိခိုက် ဒဏ်ရာ တစုံတရာ မရခဲ့ဘူးလို့ သိရပါတယ်။
Pu Ceu Hnin Thang ဟာ သူ့ဇနီးနဲ့ သမီးတွေကို အရမ်းချစ်တဲ့သူဖြစ်ပေမဲ့ အရက်အလွန်အကျွံသောက်လို့ သွေးကြောင်နေတာဖြစ်ပြီး အခင်းမဖြစ်ပွားခင်၂ ပတ်ကျော်လောက်စလို့ ၎င်းရဲ့ဦးနှောက် ချို့ယွင်းမှု အခြေအနေဆိုးရွားနေပြီး သူ့ကို တခြားလူတွေက သတ်ဖို့ကြိုးစားနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်တတ်ကြောင်း ဒေသခံတွေကပြောတယ်လို့လည်း သိရပါတယ်။
သေဆုံးသွားတဲ့ Pu Ceu Hnin Thang နဲ့ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူတို့ ၃ ဦးစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီမှာ မြေမြှုပ် သဂြိုလ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

