Headlines

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာတို့ ဇန်နဝါရီ ၂၃ မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

ဇန်နဝါရီလ ၂၀ ရက်။

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ လာမယ့်သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ONE Championship Firday Flight 139 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိပါတယ်။

အသက် ၁၉ နှစ်အရွယ်၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးပွဲဦးထွက် ပထမဆုံးကစားခဲ့ပြီး ပြိုင်ဘက်ကို ဒိုင်အမှတ်နဲ့ ရှုံးနိမ့်ထားပါတယ်။

One Championship ပြိုင်ပွဲမှာ ကစားတဲ့ပွဲအရေတွက်နည်းသေးတဲ့ ဆလိုင်းထန်းခွီရှိန်းအနေနဲ့ လာမယ့်သောကြာညမှာ ကစားမဲ့ One Championship ပြိုင်ပွဲမှာ ပြိုင်ဘက်အိမ်ရှင် ထိုင်းဖိုက်တာကို အနိုင်ယူသွားနိုင်မလားဆိုတာလည်း စောင့်ကြည့်သွားရဖို့ ရှိပါတယ်။

လာမယ့်သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် ONE Championship Firday Flight 139 ပြိုင်ပွဲမှာ မြန်မာ ဖိုက်တာ ၄ ဦး အထိပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *