Headlines

ချင်းပြည်နယ် ၂ မြို့နယ် က စစ်ဘေးရှောင်တွေနဲ့ မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ NCCD ထုတ်ပြန်

ဇန်န၀ါရီလ ၂၀ ရက်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ချင်းပြည်နယ်က တီးတိန်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျမ်းဖိုင်မြို့နယ် ရောက်နေ့တဲ့ ချင်းစစ်ဘေးရှောင်ပြည်သူတွေကို အခြေခံစားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ခဲ့တယ်လို့ Network for Chin Community Development ( NCCD) က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်း( NCCD) အနေဖြင့် ဇန်နဝါရီလ(၁၂)ရက်နေ့ကနေ (၂၀)နေ့အထိ (၉)ရက်အတွင်း စစ်ဘေးရှောင်ပြည်သူများရောက်ရှိနေကြသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် (၁)နေရာ၊ ကန်ပက်လက်မြို့နယ်တွင်(၃)နေရာနှင့် ချင်းဒုက္ခသည်များရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ်၊ ကျမ်းဖိုင်မြို့နယ်တွင် (၁)၊ လုံလေမြို့နယ်တွင် (၁)နေရာစုစုပေါင်း ကျေးရွာ(၆)နေရာတွင် အခြေခံလိုအပ်သည့် ဆန်၊ ဆီ၊ ဆားများကူညီထောက်ပံ့မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

NCCD ကို ၁၉၉၅ ခုနှစ်ကစလို့ ချင်းပြည်နယ်အတွင်း လူထုဖွံ့ဖြိုးရေးအတွက် အဓိက လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်သလို ၂၀၂၁ ခုနှစ် နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ ထောက်ပံ့တာတွေကိုလည်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *