
ချင်းပြည်နယ် အလယ်ပိုင်းဒေသ ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ ZZLMS ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အရွယ် အရွယ်ရှိ လူငယ်တွေအနေဖြင့် အရေးပေါ် ခရီးသွားလာခွင့်အတွက် ZZLMS တပ်ဖွဲ့တွေထံ ထောက်ခံစာယူပြီး ထောက်ခံစာနှင့်သာ သွားလာဖို့ ZZLMS ညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ZZLMS ညီနောင်အဖွဲ့ဟာ ချင်းပြည်နယ် အလယ်ပိုင်း ဟားခါး၊ ထန်တလန်၊ မတူပီမြို့နယ်တွေမှာ အခြေစိုက်တဲ့ CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF – Senthang ဆိုတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ ၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်း ZZLMS နယ်မြေ ဧရိယာအတွင်းရှိ လူငယ်လူရွယ် အသက် (၁၈ – ၃၅) နှစ်အကြား ရှိသူမှန်သမျှ နယ်မြေပြင်ပ အရေးပေါ်အကြောင်းကိစ္စရှိလို့ ခရီးသွားလိုလျှင် သက်ဆိုင်ရာ နယ်မြေအသီးသီးရှိ ZZLMS ကာကွယ်ရေး တပ်ဖွဲ့တွေထံ ထောက်ခံစာရယူပြီးမှ ထောက်ခံစာနှင့်အတူ ခရီးသွားလာဖို့ အသိပေးထုတ်ပြန်ထားပါတယ်။
တော်လှန်တိုက်ပွဲဝင်နေတဲ့ ကာလဖြစ်တာနှင့်အညီ အနယ်နယ်အရပ်ရပ်ရှိ ZZLMS လူငယ်လူရွယ် မှန်သမျှ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြဖို့ကိုလည်း ZZLMS အဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
ဒါ့ပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိတဲ့ ချင်းပြည်တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူတွေအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့တွေနှင့်အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်ကြဖို့ကိုလည်း ZZLMS က တိုက်တွန်းတယ်လို့ ဆိုပါတယ်။

