Headlines

ဟားခါးမြို့မှာ လာပြီး စစ်ဘေးရှောင်နေတဲ့ ချင်းပြည်သူထောင်ကျော် အတွက် ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းတို့ ပြုလုပ်ပေးခဲ့တယ်လို့ HBA ထုတ်ပြန်

ဒီဇင်ဘာလ ၁ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင် လာရောက်ခိုလှုံကြတဲ့ တခြားမြို့နယ်တွေက ချင်းစစ်ရှောင်လူထောင်ကျော်အတွက် ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော်များအစည်းအရုံး ( Hakha Baptist Association – HBA) က ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းအခမ်းအနားကို မနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ဟားခါးမြို့ကဘုရားကျောင်းတချို့မှာ ပြုလုပ်ခဲ့တယ်လို့ HBA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆုတောင်းပေးခြင်းနဲ့ ညစာပြင်ဆင်ပေးခြင်း အခမ်းအနားကို ချင်းပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်ခန့်က ဟားခါးမြို့ကို စစ်ဘေးရှောင်နေကြသူတွေ ပါဝင်နိုင်ခဲ့တယ်လို့လည်း HBA ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြတဲ့အထဲ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်က ပြည်သူတွေအများဆုံးလို့ သိရပြီး ထန်တလန်မြို့နယ်ကနေလာရောက်ခိုလှုံသူ အိမ်ထောင်စု ၂၆၀ နဲ့ လူဦးရေ ၈၆၀ ဝန်းကျင်ရှိပြီး ဖလမ်းမြို့နယ်ကနေ အိမ်ထောင်စု ၇၀၃ အိမ်ထောင်စုနဲ့ လူဦးရေ ၂၆၅၈ ဦး ရှိတယ်လို့ သိရပြီး ပလက်ဝမြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းက ဒေသခံတချို့တွေအပါအဝင် ဟားခါးမြို့ပေါ်မှာ လက်ရှိမှာ ချင်း စစ်ဘေးရှောင်ဦးရေဟာ စုစုပေါင်း ၅ ထောင်ကျော် ရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။

စစ်ရှောင်တွေ အစားအသောက်အတွက် ပြင်ဆင်ဆောင်ရွက်ပေးကြတဲ့ HBC, IBC, Zion ဘုရားကျောင်းတို့က ခရစ်ယာန် အသင်းသူအသင်းသားတွေအပေါ်မှာလည်း ဝမ်းသာဝမ်းမြောက်ဖြစ်ရတဲ့ကြောင်းကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *