
ဒီဇင်ဘာလ ၂၂ ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ(NUG )ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အာဏာသိမ်းစစ် ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ဒေါက်တာမှုထန်၊ ပူဂင့်ကမ်းလျန်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦး ကို အကြမ်းဖက်သမားတွေ အဖြစ်သတ်မှတ်ပြီး မနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
NUG က အကြမ်းဖက်သမားတွေ အဖြစ်သတ်မှတ်ကြေညာထားသူတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့ကာ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်မှာ မကြာသေးခင်က ဖျက်သိမ်းလိုက်တဲ့ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်တွေ အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်အဖြင့် ခန့်အပ်ခြင်းခံရတဲ့ ဒေါက်တာမှုန်ထန်၊ ပူဂင့်ကမ်းလျန် တို့လို ချင်းတိုင်းရင်းသားတွေ လည်း NUG ကြေညာတဲ့ အကြမ်းဖက်သမားစာရင်းမှာ ပါရှိတာတွေ့ရပြီး ၎င်းတို့ကို ဖမ်းဆီးရမိနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)ပါတီရဲ့အထွေထွေအတွင်း ရေးမှုးဖြစ်သူ တီးတိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဟောင်း ပူးဂင့်ကမ်းလျန်ဟာ ၂၀၂၃ ခုနှစ်နှစ်စမှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခြင်းခံရပေမယ့် ပူးဂင့်ကမ်းလျန်က လက်မခံခဲ့တဲ့အတွက် သူ့အစားချင်းပြည်နယ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ( USDP)ရဲ့ ဥက္ကဖြစ်သူ ဒေါက်တာမှုထန်ကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်မှာ ခန့်အပ်လိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေအဖြစ် ကြေညာခံထားရသူတွေကို ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို တော်လှန်ရေးအင်အားစုတွေနှင့် ပြည်သူတွေအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

