
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားကွင်းမှာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ONE Championship Friday Fight 136 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ထိုင်းဖိုက်တာတို့ ထိုးသတ်သွားမှာဖြစ်လို့ သိရပါတယ်။
ONE Friday Fight 136 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး က ထိုင်းဖိုက်တာ CHATPICHIT နဲ့ မွေထိုင်း Atomweight တွင် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမှာလည်းဖြစ်ပါတယ်။
ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ယှဉ်ပြိုင်ထိုးမယ့် ထိုင်းဖိုက်တာ ချတ်ပစ်ချစ်ဟာ ONE Firday Fight မှာ ၇ ပွဲထိုးသတ်ထားပြီး ၅ ပွဲနိုင်၊ ၂ ပွဲရှုံးနိမ့်ထားပြီး ချင်းဖိုက်တာ ဟာလိန်းအွမ်က ONE Firday မှာ ၂ ပွဲထိုးသတ်ထားပြီး ၁ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။
ချင်းဖိုက်တာ ဟာလိန်းအွမ်က ONE Firday ပြိုင်ပွဲ ၂ ပွဲစလုံးကို ဂျပန်ဖိုက်တာတွေနဲ့ ထိုးသတ်ထားပြီး ၁ ပွဲရှုံး ၁ ပွဲအနိုင်ရခဲ့ကာ အခုမှသာ အိမ်ရှင်ထိုင်းဖိုက်တာနဲ့ ထိုးသတ်ရမှာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ မင်းတပ်သား ချင်းဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြည်နယ်နဲ့ တိုင်းလက်ဝှေ့ချန်ပီယံဖြစ်ခဲ့ဖူးပြီး လက်ဝှေ့၊ ဂျူဒို၊ ဝူရှုးဆန်း တွေမှာလည်း စွယ်စုံရအရည်အသွေးရှိ ကစားသမားဖြစ်ကာ လက်ရှိ One Championship ပြိုင်ပွဲမှာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားအဖြစ် ရောက်ရှိလာသူလည်း ဖြစ်ပါတယ်။

