
ဒီဇင်ဘာလ ၂၁ ရက်။
ကလေး-တီးတိန်-ရိဒ် (မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း) တလျောက်မှာ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့” စာတမ်းပါတဲ့ စစ်ကော်မရှင်ကျင်းပတော့မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ စိုက်ထူခဲ့ကြောင်းကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
မြို့ပြနှင့် စစ်တပ်ထိန်းချုပ်ထားသည့် ဒေသများမှ ပြည်သူများကို သေနတ်မိုး၍ အတင်းအကြပ်မဲထည့် ခိုင်းမည်မှာသေချာနေပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုသော လွတ်မြောက်ဒေသရှိ ပြည်သူများအနေဖြင့် လည်း အတုအယောင်ရွေးကောက်ပွဲကို အလုံခြုံဆုံးနည်းလမ်းများဖြင့် ဆန့်ကျင်ပေးရန်၊စစ်ကော်မရှင်ဟာ လွတ်မြောက်ဒေသများမှာလည်း ရွေးကောက်ပွဲများကျင်းပပြုလုပ်နိုင်ရန် အပြင်းအထန် စစ်ကြောင်းထိုးနေကြောင်းကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။
ကလေး-တီးတိန်-ရိဒ် (မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း) တလျောက်တွင် ရွေးကောက်ပွဲဆန့် ကျင်ရေး ပိုစတာများစိုက်ထူရာမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)နှင့် ပူးပေါင်းခဲ့ပြီးဖြစ်ပြီး အကူအညီပေးခဲ့သောအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ကြောင်း ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဟားခါးနှင့် တီးတိန်မြို့မှာ ရွေးကောက်ပွဲအပိုင်း ၁ ပြုလုပ်မှာဖြစ်ပြီး အပိုင်း(၂) ရွေးကောက်ပွဲကို ထန်တလန်၊ တွန်းဇံနှင့် ဖလမ်းမြို့များမှာ ပြုလုပ်ရန်ရည်ရွယ် ထား ပြီး စစ်ကော်မရှင်က ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကြောင်း ၂ ကြောင်းဖြင့် တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရပါတယ်။

