Headlines

ကလေးမြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ စစ်ကော်မရှင်ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်ဘက်ပိုင်း ချင်းလူမျိုးအများစုနေထိုင်တဲ့ ရပ်ကွက် (၇) ရပ်ကွက်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၅ ရက်နေ့ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ ကလေးမြို့မှာ တာဟန်းရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက် နဲ့ မြို့လှရပ်ကွက်တွေမှာ ရွးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့်လို့ စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်ဘက်က အကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ အပိုင်း (၁) နီးကပ်လာချိန်အခုလို ထုတ်ပြန်လာတာဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၂)ကိုလည်း ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပဖို့ စစ်ကော်မရှင်က ပြင်ဆင်ထားပါတယ်။

ကလေးမြို့က လူထုတိုက်ပွဲဦးဆောင်ကော်မတီကတော့ စစ်ကော်မရှင်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းတာတွေ တောက်လျှာက်လုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *