Headlines

ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်၊လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့

နို၀င်ဘာလ ၁၇ ရက်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို ဝေဘူလမြို့ကနေ အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အကြား ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်မှာ အဓိကစစ်ရေးလှုပ်ရှားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့လောက်ကနေ စလို့ ထိုးစစ်ဆင်လာသလို နိုဝင်ဘာလ ၃ ရက်နေ့လောက်က ဝေဘူလမြို့ကို တပ်အင်အား ၄၀၀ ကျော်ဝင်ရောက်ခဲ့ပြီး အဲဒီကနေတဆင့် ဖလမ်းမြို့ဘက်ကို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

“မဏိပူရ ချောင်းတစ်ဖက်ကမ်းမှာ တချို့ရွာမှာ ခြေကုတ်ယူတယ် မနေ့ညကနေလှုပ်ရှားမှုတွေရှိတော့ ဒီမနက် ၈ နာရီခွဲလောက်မှာ မဏိပူရ်ရဲ့ မြစ်ကမ်းတဖက် ရွာတစ်ရွာမှာ ကျနော်တို့ ထိတွေ့မှုတွေဖြစ်တယ် မနက် ၁၀ နာရီခွဲလောက်မှာလည်း တစ်ခေါက်ဖြစ်တယ် တိုက်ပွဲနည်းနည်းပြင်းထန်တော့ညနေပိုင်း ၂ နာရီခွဲကနေ ညနေ ၃ နာရီခွဲကြားလောက်မှာ သူတို့ Y – 12 နဲ့ရော တခြား ထောက်လှမ်းလေယာဉ်တွေနဲ့ ထောက်လှမ်းပြီးတော့ ဂျက်နဲ့ ၃ ခေါက်လောက် ၆ ကြိမ်လာပစ်တယ်” CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကော်မရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲအကြား စစ်ကော်မရှင်ဘက်က ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့သလို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ လက်နက်သိမ်းဆည်းရမိတာတွေလည်း ရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့လည်း CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

“မြေပြင်မှာ တော်လှန်ရေးအဖွဲ့တော်တော်များများရှိပါတယ် ချင်းဖက်မှာဆိုလို့ရှိရင် CB အဖွဲ့တွေရှိသလို CC ဘက်က အဖွဲ့တွေလည်းရှိပါတယ် နောက်ပြီးတော့ ချင်းမဟုတ်တဲ့ တခြားအဖွဲ့တွေလည်း ရှိနေပါတယ်” လို့ CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ကလေးမြို့ကနေ အောက်တိုဘာလ ၁၉ ရက်နေ့လောက်ကစလို့ ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ေဂါလမ်းဖက်ကို စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး အဲဒီကနေ ကလေး – နတ်ချောင်း – ချောင်းခွ – ဟားခါးလေး ဘက်ကနေ ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို ထိုးစစ်ဆင်ဝင်ရောက်ပြီး အဲဒီဘက်ကနေ ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *