
နို၀င်ဘာလ ၂၄ ရက်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် တစ်နေရာမှာ ဒေသခံတွေကို မိုင်းအန္တရယ်ကြိုတင်ကာကွယ်ရေးအပါအဝင် အခြေခံလူထု ဖွံ့ဖြိုးရေးသင်တန်းကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ Network for Chin Commnunity Development(NCCD) ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းတွင် အခြေခံဖွံ့ဖြိုးရေးအကြောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်း၊ မြေယာဥပဒေအကြောင်း၊ မြေလွတ်မြေလပ်မြေရိုင်းဥပဒေအကြောင်း၊ NCCD၏ရည်ရွယ်ချက်များအကြောင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားများအကြောင်း၊ မီဒီယာလုံခြုံရေးအကြောင်း၊ မိုင်းအန္တာရာယ်မှကြိုတင်ကာကွယ်ရေးအကြောင်း၊ FPICအကြောင်း၊ UNDRIPအကြောင်း စသည်များကိုသင်ကြားပို့ချဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထန်တလန်မြို့နယ်၊ Tlangte ကျေးရွာ၊ Tlangkhua ကျေးရွာများတွင် Community Develooment(CD)စီမံကိန်းများကိုသော်လည်းကောင်း၊ မင်းတပ်မြို့နယ်တွင် ကွန်ယက်စီမံကိန်းကိုသော်လည်းကောင်းစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
NCCD ဟာ ၁၉၉၅ ခုနှစ်ကစလို့ ချင်းပြည်နယ်အတွင်း လူထုဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်သလို ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပွား တိုက်ပွဲပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ ထောက်ပံ့တာတွေကိုလည်း လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

