Headlines

ပလက်ဝချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့ မီဇိုရမ်ပြည်က ရွာ ၂ ရွာမှာ ဝမ်းရောဂါဖြစ်ပွါးကာ သေဆုံးသူ ၆ ဦး အထိ ရှိလာ

နိုဝင်ဘာလ ၁၂ ရက်။

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ကနေ စစ်ဘေးရှောင်ကြတဲ့ ချင်းစစ်ဘေးရှောင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကာကီနဲ့ တွီဒန်းရွာမှာ နိုဝင်ဘာလဆန်းကနေ ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါဖြစ်ပွါးနေတာကြောင့် ၄ ဦးသေဆုံးခဲ့ကာ ဒီကနေ့နိုဝင်ဘာလ ၁၂ ရက် မနက်မနက်ပိုင်းမှာလည်း ၂ ဦး ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ ၆ ဦးအထိရှိလာပြီ လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ ဒီကနေ့မနက်ပိုင်းမှာလည်း ကာကီမှာ ၂ ယောက်ထင်တယ် စစ်ဘေးရှောင်လား ဒေသခံလားဆိုတာတော့ သေချာမသိရသေးဘူး ဝမ်းပျက်ဝမ်းလျှောကြောင့် သေတယ်။ ကာကီနဲ့ တွီဒန်းက နယ်စပ်ဒေသက ကျေးရွာဖြစ်တော့ အဓိက ဆေးဝါး မရှိလို့ သေဆုံးကြတာဖြစ်တယ် မူးဝေ၊ အော့အန် ၊ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ကြတယ် နိုဝင်ဘာလဆန်းကနေ အခုလို ပြန်အဖြစ်များလာတာဖြစ်တယ် လက်ရှိ ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးလူနာက ဒီမနက်ကဟာနဲ့ပေါင်းရင် ၆ ယောက်လောက်ရှိပြီပေါ့” လို့ပြောပါတယ်။

ကာကီနဲ့ တွီဒန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သောက်သုံးရေ မသန့်ရှင်းလို့ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ခဲ့ကြပေမယ့် သေဆုံးသည်ထိ ပြင်းထန်ခဲ့ခြင်းမရှိပေမယ့် လက်ရှိဖြစ်နေတဲ့ ဝမ်းပျက်၊ ဝမ်းလျှောကူးစက်ရောဂါကတော့ ပြင်းထန်ပြီး သေဆုံးလူနာတွေထိ ဖြစ်နေတဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

“ မနေ့ကတော့ ကာကီကို လောင်တလိုင်က NGO တွေထင်တယ် လာပြီးတော့ ကာကီမှာ ဆေးဆရာမထိုင်တယ် ဆေးကုပေးတယ်၊ သေဆုံးလူနာဖြစ်တာကလည်း ကာကီမှာဘဲဖြစ်တာ ဆေးဝါးမရှိတာ ကုသမှုပိုင်းပိုလိုအပ်လို့ထင်တယ် တွီဒန်းကိုတော့ ဆေးဝါးတွေဘဲ ပို့တယ် တွီဒန်းမှာက ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ကြပေမယ့် သေဆုံးလူနာတော့ မရှိဘူး” ဒေသခံတွေကပြောပါတယ်။

ကာကီကျေးရွာမှာ ဒေသခံနဲ့ ချင်းစစ်ဘေးရှောင်တွေအပါအဝင် လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး လက်ရှိဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြတာက လူဦးရေ ၂၀ ဝန်းကျင်လောက်ရှိပြီး တွီဒန်းရွာမှာ ဒေသခံနဲ့ ချင်းစစ်ဘေးရှောင် ၆၀၀ ဝန်းကျင်ရှိပြီး လူဦးရေက ၁၈ ယောက်ဝန်းကျင် လောက်က ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေတဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *