
နို၀င်ဘာလ ၁၁ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊တာဟန်းရပ်ကွက်က နေအိမ်တစ်အိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က လက်နက်ဖြင့် ခြိမ်းခြောက်ကာ အနုကြမ်းစီးပြီး ကျပ်သိန်း ၃၀၀၀ ထုတ်ပေးဖို့ ဓားပြတိုက်ခဲ့တဲ့ စစ်ကော်မရှင်ခန့် အောင်သစ္စာရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီး အဖွဲ့(ပြည်သူ့စစ်)တွေကို ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းက ကလေးမြို့ ၊ တာဟန်းရပ်ကွက်က နေအိမ်တစ်အိမ်ကို အောင်သစ္စာရပ်ကွက်က စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ပျူစောထီးတွေက တာဟန်းရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ဓားပြတိုက်နေစဉ် အဲဒီညမှာဘဲ သူတို့ကို စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “ ပြည်သူနေအိမ်တစ်အိမ်ကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ငွေသိန်း သုံးထောင် တောင်းပြီး အနုကြမ်းစီး ဓားပြတိုက်ခဲ့ကြတဲ့ ပျူဆေးသမားနဲ့ အုပ်ကြီးအပါ ၁၁ ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ဒီကနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ပြောတာပဲ ထောင်ထဲ ပို့မပို့ကိုတော့ မသိသေးဘူ”လို့ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ ဓားပြတိုက်နေချိန် စစ်ကော်မရှင်ထံ အကြောင်းကြားခဲ့လို့ ဖမ်းဆီးမိတဲ့ချိန် လက်ပူးလက်ကြပ်မိခဲ့တာဖြစ်ပြီးနောက် ကလေးမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ အခုလို အရေးယူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

