
အောက်တိုဘာလ ၁၅ ရက်မှာ စစ်အုပ်စု ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းပြသရန် ကုလသမဂ္ဂ(UN),ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စတဲ့တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၅ ရက်မှာ စစ်အုပ်စု ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းပြသရန် ကုလသမဂ္ဂ(UN),ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး(CNF),ABSDF, PNLO, NMSP နဲ့ LDU စတဲ့တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။
မြန်မာ့နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်နဲ့ CNF, KNU,ABSDF, PNLO အဖွဲ့တွေဟာ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့နဲ့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA) ကို ၂၀၁၅ ခုနှစ် ၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး NMSP နဲ့ LDU တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ ၊ အခြေခံမှုတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း၊ ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေလည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိသွားစေတယ်လို့KNU၊CNF အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့ကထုတ်ပြန်ပါတယ်။
NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်အုပ်စုက ပြည်သူလူထုကို အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည်သာမက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပြည်သူလူထုကို အကြမ်းဖတ်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်လျက် ရှိစဉ်တွင်ပင် NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ရန် ပြင်ဆင်နေတယ်လို့ KNU၊CNF ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့က ဆိုပါတယ်။
လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆယ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပဖို့ စစ်အုပ်စုက ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ NCA အမည်ခံ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ ၎င်းတို့ကိုယ်တိုင်ချိုးဖော်ခဲ့လို့ ပျက်ပြယ်သွားပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကနေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲတို့ဟာ စစ်အာဏာရှင်တွေက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိစေရန် ကြိုးပမ်းခြင်းဖြစ်ပြီး ပဋိပက္ခိတွေကိုသာ ပိုရှည်လျားစေမှာဖြစ်တယ်လို့လည်း ပူးတွဲထုတ်ပြန်ထားပါတယ်။
ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေခိုင်းခြင်းပြုလုပ်နေတဲ့ စစ်အုပ်စုရဲ့ ဟန်ပြလုပ်ငန်းစဉ်တွေမှာ ပါဝင်ခြင်းဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေတဲ့ စစ်အုပ်စုကို ထောက်ခံရာကျတဲ့အတွက် ( NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ်ပြည့်မြောက် အခမ်းအနားသို့ မတက်ရောက်ခြင်းဖြင့် မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းပြသရန် UN,ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့ကြတဲ့ အဖွဲ့အစည်းတွေအနေဖြင့် လေးစားစွာဖြင့် တိုက်တွန်းအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မှုမရှိစေရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ရန်အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူတကွ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ထူထောင်နိုင်သည်အထိ သံန္ဓိဌာန်ချ တစိုက်မတ်မတ်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့လည်း KNU၊CNF အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။