
မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ အခြေပြုစစ်ရေးလှုပ်ရှားတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က တပ်သား ၂ ဦး ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ACDF က ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့တွင် ကိုယ်ပိုင်အမှတ် (ACDF – 0178) ဖြင့် တာဝန်ထမ်းဆောင် နေတဲ့ ဆလိုင်းထွန်းမင်းဇင် နဲ့ ကိုယ်ပိုင်အမှတ် (ACDF – 0138) ဖြင့်တာဝန်ထမ်းဆောင်နေတဲ့ ဆလိုင်းမျိုးကျော် တို့ဟာ အောက်တိုဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တုန်းက ရှေ့တန်းတစ်နေရာမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေကို အရှိုအမျိုးသားသူရဲကောင်း အဖြစ် လေးမြတ်စွာ အလေးပြုပြီး မပြီးဆုံးသေးတဲ့ ရည်မှန်းချက်ပန်းတိုင်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့က ဆလိုင်းဘိုဘိုဝင်း ကိုယ်ပိုင်အမှတ် (ACDF – 0173) နဲ့ ဆလိုင်းပြည့်စုံအောင် ကိုယ်ပိုင်အမှတ် (ACDF – 0151) တို့ ဟာလည်း ရှေ့တန်းတစ်နေရာမှာ ကျဆုံးခဲ့ပါတယ်။