Headlines

ဟားခါးမြို့မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်အထိ ညမထွက်ရအမိန့် CDF-Hakha ထုတ်ပြန်

အောက်တိုဘာလ ၂၈ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့ကို မနက်ဖြန် အောက်တိုဘာလ ၂၉ ရက်နေ့ကနေ ဇန်နဝါရီလ (၃၁)ရက်အထိ ည ၇ နာရီကနေ မနက် ၅ နာရီအကြား မည်သူမှ ညမထွက်ရ အမိန့်ကို ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha Central Council က ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့က ရွေးကောက်ပွဲကို အကြောင်းပြကာ အချိန်မရွေး ညသန်းကောင်အချိန်များ တွင်ပါ လူနေအိမ်များဝင်စစ်ဖမ်းဆီးခြင်း၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေတာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ရတာဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စိတ်ရှည် သတိကြီးရှိစွာ ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ဤအမိန့်လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခံရပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ဘူးလို့လည်း CDF-Hakha Central Council ကဆိုပါတယ်။

ဒါ့ပြင် စစ်ကော်မရှင်စစ်တပ်ဖွဲ့က နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်၊ တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်များဆုံးရှုံးနေရပြီး ငြိမ်ဝပ်ပိပြားအောင် အကြောက်တရား ဖန်းတီးကာ အတင်းအမ္ဓ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းလျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့နယ်ဒေသတွေကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *