
အောက်တိုဘာလ ၂၁ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဇာထာလ်( Zathal) ကျေးရွာကစာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆဲန်ထန်ကောင်စီ(Senthang Council) က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်က ဇာထာလ်( Zathal) ကျေးရွာစာသင်ကျောင်းကို ပစ်မှတ်ထားပြီး ၁၂ နာရီ ၅၅ မိနစ်မှာ တစ်ကြိမ် ၁နာရီမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး အခုလို ကလေးသူငယ်နဲ့ ပြည်သူတွေပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခြင်းလုပ်ရပ်ပေါ် ပြင်းထန်စွာ ကန့်ကွက်တဲ့ကြောင်းကိုလည်း ဆဲန်ထန်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်အနေနဲ့ ၎င်းတို့ လုပ်မယ့် ရွေးကောက်ပွဲ အစီအစဉ် အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုပေါ် အကြမ်းဖက်နည်းလမ်းနဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ပေါ် စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ကြဖို့ နဲ့ စာသင်ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားရန် နဲ့ လူစုလူဝေး နဲ့ပွဲလမ်းသဘင်တွေကို အတက်နိုင်ဆုံး ရှောင်ကြဉ်ဖို့ကြရန်လည်း ဆဲန်ထန်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံး အမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။