
ချင်းနိုင်ငံရေးသမားပူးဇိုဇမ်နဲ့ချင်းလူမျိုး ၃ ဦး ဟာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊အင်းစိန်မဲဆန္ဒနယ်မှာ ချင်းလူမျိုးကိုယ်စားလှယ် လောင်း ၂ ဦးထိပ်တိုက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ကိုယ်စားလှယ်လောင်းစာရင်းအရသိရပါတယ်။
ချင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်နှဲမ်အဲမ်ပါရ်က မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး အင်းစိန်မဲဆန္ဒနယ်ကနေ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊အင်းစိန်မဲဆန္ဒနယ်ကနေပဲ FPTP စနစ်ပြည်သူ့လွှတ်တော်နေရာမှာပဲ ချင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဦး ပေါင်ရှမ်း ဟောက်(ခ) ပေါ်လ် ပေါင်ရှန်ဟောက်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ချင်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဦးတော်နီလျန်က မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီကိုယ်စားပြုပြီး PR စနစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁ မှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ ဝါရင့်ချင်းနိုင်ငံ ရေးသမား၊CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်က ကျားဖြူပါတီ/ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( SNDP) ကိုယ်စားပြုပြီး ရန်ကုန်တိုင်း ဒေသကြီးမှာ PR စနစ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)မှာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ကိုယ်စားလှယ်လောင်းစာရင်းအရသိရပါတယ်။
ရန်ကုန်တိုင်းမှာဝင် ရောက်ယှဉ်ပြိုင်မယ့် ချင်းလူမျိုး ၄ ဦးထဲမှာ ဝါရင့်ချင်းနိုင်ငံရေးသမားဖြစ်သူ CNLD ပါတီဥက္ကဋ္ဌ ဟောင်း ပူးဇိုဇမ်ကလွဲရင် ကျန်တဲ့ ဒေါ်နှဲမ်အဲမ်ပါရ်၊ဦး ပေါင်ရှမ်း ဟောက်(ခ) ပေါ်လ် ပေါင်ရှန်ဟောက်၊ဦး တော်နီလျန် တို့အကြောင်းကို အသေးစိတ်မသိရသေးပဲ စုံစမ်း မေးမြန်းနေဆဲဖြစ်ပါတယ်၊
အာဏာသိမ်းစစ်ကော်မရှင်ကဦးဆောင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ထောင် ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီ အလိုက် အမည်စာရင်း တင်သွင်းမှုအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ ကိုယ်စားလှယ်လောင်း (၁,၀၁၈)ဦးဖြင့် အများဆုံး ဖြစ်ကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ (၆၉၄)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ (၆၇၂)ဦး၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ (၄၂၈)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)မှ (၅၈၄)ဦး၊ ပြည်သူ့ပါတီမှ (၅၁၂)ဦး၊ တိုင်း/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ (၉၆၀)ဦးနှင့် တစ်သီးပုဂ္ဂလအဖြစ် (၉၅)ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

