
မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် မလေးရှားရောက်ချင်းစုပေါင်းအဖွဲ့ (ACR, CRC, DAI နှင့် FRO) မှ ၄ ဖွဲ့ပူးပေါင်း ဦးဆောင်ပြီး နိုင်ငံတကာချင်းအဖွဲ့စည်းခေါင်းဆောင်များ၊မလေးရှားနိုင်ငံအတွင်း အသင်းတော်နှင့်ချင်းအဖွဲ့စည်းခေါင်းဆောင်များအားလုံးတွေ့ဆုံတဲ့ ၂ ရက်ကြာ အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နဲ့၂ ရက်နေ့မှာ ကွာလာလမ်ပူ မြို့မှာ ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က လတ်တလော ဖြစ်ပေါ်နေတဲ့ အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏အခြေနေများနှင့် ချင်းဒုက္ခသည်များအရေးအဖြေရှာပြင်ဆင်မှုများအတွက်အဓိကထားဆွေးနွေးခဲ့ကြသည့်အပြင်သ ဘောတူဆွေးနွေးချက်များပတ်သက်ပြီးလည်း UNHCR ကိုဆက်လက်သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းဝေးကြီးကို UK မှ ဆရာ Jeremy Hoipangs နှင့် USA နိုင်ငံမှ Dr Ro Dinga တို့ ကိုယ်တိုင်ပါဝင်ပေးသည့် အပြင် USA နိုင်ငံမှ BACI CEO ဆရာ Elaisa Vahnie၊ BAG မှ ဆရာ Van Kio နှင့် Canada နိုင်ငံမှ ဆရာ Plato Van Rung Mang တို့မှ အွန်လိုင်းဖြင့်တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

