
အောက်တိုဘာလ ၁၀ ရက်။
မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh မှာ အသက် (၁၇)နှစ်အရွယ် ချင်းလူငယ်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီလောက်မှာ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ပြီး သေဆုံးလျက်သူ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
နီးစပ်တဲ့သူတစ်ဦးက “ဒီမနက် ၅ နာရီလောက်မှာ စက်ရုံမှာရှိတဲ့ သူ့သူငယ်ချင်းတွေက အိပ်ယာကထတော့ သူ့ကိုမတွေ့လို့လိုက်ရှာတာ စက်ရုံနားမှာဘဲ သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးတဲ့ အလောင်းကိုတွေ့ကြတယ် သူက မလေးရှားရောက်လာတာလည်း မကြာသေးဘူးလို့ပြောတယ်” လို့ပြောပါတယ်။
မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ချင်းလူငယ်ဟာ အသက် (၁၇) နှစ်အရွယ်ခန့်သာရှိသေးတဲ့ Chhietu Paw ဖြစ်ပြီး ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒါရ်လင်းကျေးရွာက မရာ(ချင်း) လူမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိသေဆုံးသွားသူရဲ့ အလောင်းကို Sungai Buloh ဆေးရုံမှာ ထားရှိပြီး မနက်ဖြန်မှာ သူ့အလောင်းကို မြေမြှုပ်သဂြိုလ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။