Headlines

မလေးရှားနိုင်ငံမှာ ချင်းအချင်းချင်း ဓားထိုးသတ်မှုဖြစ်ခဲ့ပြီး အသက် ၅၀ အရွယ် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၅ ရက်။

မလေးရှားနိုင်ငံ၊ ကင်မရွန်ဟိုက်လန်းရှိ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ချင်းအမျိုးသား အချင်းချင်း အောက်တိုဘာလ ၁၃ ရက်နေ့ညက ဓားထိုးသတ်မှုဖြစ်ခဲ့ပြီး မင်းတပ်မြို့နယ်က အသက် (၅၀ ) နှစ်အရွယ် ချင်းအမျိုးသား တစ်ဦး လည်ပင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေ ပြောပြချက်အရ သိရပါတယ်။

ဓားထိုးသတ်ခံရတဲ့ အသက် (၅၀) အရွယ် ချင်းအမျိုးသားဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မလိုင်ကျေးရွာသားလို့ သိရပြီး သူ့ကိုသတ်သွားသူ ေတွဟာ သူအလုပ်သွင်းပေးတဲ့၂ယောက်ဖြစ်ပြီး အလုပ်အဆင်မပြေဘူးပြောလို့ပြန်သွားခေါ်ပြီး သူအိမ်မှာထားကာ သူအိပ်ချိန် ဓားနဲ့ ထိုးသတ်ခံရတာလို့ သိရပါတယ်။

အခြေအနေသိရှိသူတစ်ဦးပြောတာက “ သတ်တဲ့သူတွေက မကွေးတိုင်းဘက်က ချင်းတွေပေါ့ သူတို့က မလေးရှားရောက်တာလည်း မကြာသေးဘူးလို့ သိရတယ် ဒီဓားထိုးခံရတဲ့ အစ်ကိုက စိတ်ရင်းကောင်းတဲ့သူလို့ ပြောတယ် နောက်ပြီး လူကြီးဆိုတော့ သူတို့ ၂ ယောက်ကို ဟိုလိုမနေနဲ့ ဒီလိုမနေနဲ့ ပြောရာကနေ စကားများတာလို့ ပြောတယ် အဲဒီနောက် ညမှာ သူဖုန်းကြည့်နေတဲ့ချိန် ဓားနဲ့ ထိုးသတ်သွားကြတာဖြစ်တယ်” လို့ပြောပါတယ်။

ဓားထိုးသတ်မှုကျူးလွန်သူ၂ ဦးဟာ ထွက်ပြေးခဲ့ကြပေမယ့် အဲဒီအောက်တိုဘာလ ၁၃ ရက်နေ့ညမှာဘဲ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အောက်တိုဘာလ ၁၈ ရက်နေ့အထိ ချုပ်နှောင်ထားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

သေဆုံးသွားသူကတော့ တာနာရာတာရှိ စူလ်တန်နာ ဟာဂျာကလ်ဆုမ်ဆေးရုံမှာ သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ရုပ်အလောင်းခွဲစိတ်စစ်ဆေးတာတွေကို ကွာတန်ရှိ တန်ကူ အမ်ပူအန် အာဖဇန်ဆေးရုံမှာ စစ်ဆေးခဲ့ရာ ခွဲစိတ်စစ်ဆေးမှုအရ လည်ပင်း သွေးကြောမကြီး ပြတ်တောက်သွားခြင်းကြောင့် လည်ပင်းဒဏ်ရာနဲ့ သေဆုံးကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *