Headlines

နောက်ဆုံးပွဲမှာ မြန်မာဖိုက်တာ အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်

အောက်တိုဘာလ ၄ ရက်။

မြန်မာ MMAကစားသမား ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲမှာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြီး ကစားသမားဘဝကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲအခုပွဲကို ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMAပွဲစဉ်အဖြစ် အောက်တိုဘာလ ၄ ရက်မနက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။

အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်မှာ ONE Championship ပထမဆုံးပွဲ ထိုးသတ်ခဲ့ပါတယ်။

မြန်မာဖိုက်တာ အောင်လအန်ဆန် ဟာ ONE Championship လက်အောက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ONE Championship မှာ စုစုပေါင်း ပွဲ ၂၀ ထိုးသတ်ခဲ့ပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲရှုံး မှတ်တမ်း ရရှိခဲ့ပါတယ်။

Photo By One Championship

Leave a Reply

Your email address will not be published. Required fields are marked *