Headlines

တရားမဝင်နေထိုင်မှုနဲ့ ဖမ်းခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးရဲ့ အမူကိုမနက်ဖြန် တရားရုံးတင်မယ်လို့ သိရ

အောက်တိုဘာလ ၇ ရက်။

စက်တင်ဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Raub မြို့နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ချင်းလူမျိုးအမျိုးသား ၁၁ ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ မှာ တရားရုံးတင်မှာဖြစ်တယ်လို့ မလေးရှား မြန်မာ လူမူရေးအသင်း (MMA) ရဲ့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးတို့ဟာ မင်းတပ်မြို့နယ်က ၆ ဦး၊ ကန်ပက်လက်မြို့နယ်က ၃ ဦး၊ ပလက်ဝမြို့နယ်က ၂ ဦးတို့ဖြစ်ပြီး အဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားရှိသူ ကုလ UN ကဒ်ကိုင်ဆောင်ထားသူ ၃ ဦးသာရှိပြီး ကျန် ၈ ဦးမှာ UN ကဒ်လျှောက်ထားဆဲ အသိမှတ်ပြုစာရွက်ကိုသာ ကိုင်ဆောင်ထားတဲ့ကြောင်းလည်း သိရပါတယ်။

မလေးရှားရှိ ချင်းအရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက “ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတာဖြစ်တယ် တခြားအမူနဲ့ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး တရားမဝင်နေထိုင်မှုနဲ့ပတ်သက်ပြီးလည်း တရားရုံးတင်လေ့ရှိတယ် တခြားလူတွေလည်း ဒီလိုဘဲ တရားရုံးတင်တာက အများကြီး” လို့ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုး ၁၁ ဦးကိုလည်း မလေးရှား မြန်မာ လူမူရေးအသင်း (MMA) က အောက်တိုဘာလ ၃ ရက်နေ့ကသွားရောက်တွေ့ဆုံခဲ့ပြီး မနက်ဖြန် တရားရုံးတင်တဲ့ချိန် မိသားစုတွေအနေနဲ့ Raub တရားရုံးတွင် သွားရောက်တွေ့ဆုံနိုင်တယ်လို့လည်း မလေးရှား မြန်မာ လူမူရေးအသင်း( MMA )ကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *