Headlines

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တို့ရဲ့ထိုးသတ်ပွဲ ဒီဇင်ဘာလ ၇ ရက်မှာ ကျင်းပမယ်

အောက်တိုဘာလ ၁၄ ရက်။

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Alexandre Pantoja တို့ရဲ့ Flyweight (ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်လုပွဲကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ UFC က ဒီကနေ့မှာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။

ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် ၁ နေရာက အမေရိကန်ဖိုက်တာ Brandon Royval ကို အနိုင်ရခဲ့ပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ Joshua Van က အဆင့် ၁ နေရာ ရခဲ့ပြီးနောက် UFC ရဲ့ ဖလိုင်းဝိုတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Alexandre Pantoja ဟာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ UFC ပြိုင်ပွဲမှာ သူ့ရဲ့ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်ထားနိုင်သူဖြစ်ပြီး ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ယဉ်ပြိုင်ထိုးသတ်ဖို့ကိုလည်း လက်ခံထားသူဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Alexandre Pantoja ဟာ ချန်ပီယံခါးပတ်ကာကွယ်တာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ၅ ကြိမ်မြောက်အနေနဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ တွေ့မှာဖြစ်ပြီး သူရဲ့ခါးပတ်ကို ဆက်ပြီးကာကွယ်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘရာဇီးလ်ဖိုက်တာ ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အရပ်မောင်းက ၅ ပေ ၅ ရှိသူဖြစ်ပြီး ဝါရင့် ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိ UFC မှာ ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားပြီး ၈ ပွဲနိုင်၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း ရရှိထားသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *