

အောက်တိုဘာလ ၁၀ ရက်။
မြန်မာနိုင်ငံရှိ လူငယ် (၇) ယောက်မှာ (၁) ယောက်နှုန်းက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရပြီး ချင်းပြည်နယ်မှာဆိုရင် လူငယ် ၃ ယောက်မှာ ၁ ယောက် နီးပါးကဒီလိုခံစား နေရ ကြောင်း ၊လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်မှုဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဘက်က လူငယ်တွေမှာ ပိုအဖြစ်များတာတွေ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP Myanmar) ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံရှိ လူငယ်များစွာဟာ သူတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဖြစ်လာတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ လူငယ် ၇ ယောက်မှာ ၁ ယောက်နှုန်းက သူတို့ရဲ့ လုံခြုံရေးအတွက် အမြဲတမ်း ဒါမှမဟုတ် မကြာခဏ စိုးရိမ်ပူပန်နေရပြီး ထိုစိုးရိမ်မှုဟာ ပဋိပက္ခဒေသတွေဖြစ်တဲ့ ချင်းမှာဆို (၃၀ %) ၊ ကယား (၂၅ %) ပိုမြင့်မားနေတယ်လို့လည်း ဖော်ပြပါတယ်။
ဒီအခြေအနေတွေဟာ မလုံခြုံမှုတစ်ခုတည်းသာမကဘဲ မျိုးဆက်တစ်ခုလုံး ကြောက်ရွံ့မှု ၊ မယုံကြည်မှုနဲ့ စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ဖြေရှင်းရန် ဖိအားပေးခံနေရခြင်းကဲ့သို့ဖြစ်တယ်လို့လည်း UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အထူးသဖြင့် အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် အမျိုးသားလူငယ်များသည်မိမိတို့၏ လုံခြုံ ေရးအ ပေါ် ပိုမိုစိုးရိမ် ကြောက်ရွံ နေကြရပြီး၊၎င်းစိုးရိမ်မှုသည် အဓိကအားဖြင့် စစ်မှုထမ်းရန်အတင်းအဓမ္မစု ဆောင်းခံရနိုင် ခြေရှိမှုနဲ့သက်ဆိုင် ကြောင်း ၊လူငယ် ၄၀ ရာခိုင်နှုန်းကျော်သည် ညဘက်တွင် တစ်ဦးတည်း လမ်းလျှောက်ပါက “မလုံခြုံဘူး” သို့မဟုတ် “လုံးဝ မလုံခြုံဘူး” ဟု ဖြေဆိုကြပြီး ၎င်းသည် စစ်တပ်မှ အာဏာမသိမ်းမီက နှုန်းထားထက် နှစ်ဆကျော် ပိုများပြားလာ နေသည်။လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေ တိုက်ပွဲပဋိပက္ခတွေ ပိုမိုပြင်းထန်လာသလို စစ်အုပ်စုက လူငယ်တွေကို စစ်သားအတင်းစုဆောင်းတာတွေလုပ်လျက်ရှိတာကြောင့် လူငယ်တွေမှာ နေ့စဉ်မလုံခြုံမှု ခံစားနေကြရပါတယ်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၄၇၈,၈၀၁ ဦး ရှိပါတယ်။
