Headlines

ကန်ပက်လက်မြို့နယ် အမ်ပုံရွာ နဲ့ စံအိမ်နူးရွာကြား လမ်းပျက်စီးခဲ့လို့ ဒေသခံတွေအခက်အခဲ ကြုံနေကြရ

အောက်တိုဘာလ ၂ ရက်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အမှတ် (၅) ဒေသ အမ်ပုံရွာနဲ့ စံအိမ်နူးကျေးရွာအကြား လမ်းပိုင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြေပြိုပြီး လမ်းပိုင်းပျက်စီးနေတယ်လို့ အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြေပြိုပြီး လမ်းပိုင်းပျက်စီးနေတဲ့ လမ်းဟာ စံအိမ်နူး၊ ခိတော်ရွာ၊ မဆွီးတွီရွာ၊ တုံငယ်ရွာ၊ လှလောင်းပန်းကျေးရွာက ဒေသခံပြည်သူတွေ စားနပ်ရိက္ခာသယ်ယူရာမှာ အဓိကအသုံးပြုတဲ့ လမ်းပိုင်းတွေဖြစ်ပြီး အခုလို လမ်းပိုင်းပျက်စီးမှုကြောင့် ဒေသခံမိဘပြည်သူတွေ အခက်ခဲဖြစ်နေကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ လမ်းပိုင်းပျက်စီးနေမှုတွေကို အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ပြုပြင်ရန် ကြိုးစားနေပြီဖြစ်ပြီး ရပ်နီးရပ်ဝေးရှိ မိဘပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ကိုလည်း အမှတ် – ၅ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။

ကျေးရွာ ၅ ရွာလောက် အသုံးပြုနေတဲ့ ကားလမ်း အခုလိုပြိုကျ ပျက်စီးသွားတာကြောင့် လမ်းကို အသုံးပြုနေတဲ့ ဒေသခံတွေအတွက် အခက်အခဲ ကြုံနေကြရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လမ်းကို အမြန်ဆုံး ပြန်လည်ပြုပြင်စေချင်နေကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *